အများက ယုံကြည်လက်ခံထားကြတဲ့ ဖုန်းရွှေပညာကို အခြေခံလို့ အိမ်ဆောက်တဲ့အခါ သတိပြုရွေးချယ်ရမယ့် အချက်တွေကို မှတ်သားဖွယ်ရာ အခုလိုဖော်ပြပေးလိုက်ရပါတယ်။


(၁) မြေကွက်၏အရှေ့ဘက်ခြမ်းမြေသည် ကျယ်ပြန့်နေရမည်ဖြစ်ခြင်း။


(၂) မြေကွက်၏ အနောက်ဘက်ခြမ်းမြေသည် မြင့်နေရမည်ဖြစ်ခြင်း။


(၃) ‘နဂါး’ဘက်ခြမ်း ဟုခေါ်သော (လမ်းပေါ်မှကြည့်လိုက်လျှင် မြေကွက်၏လက်ဝဲဘက်ခြမ်း)တွင် ရေမြောင်းရှိရမည်ဖြစ်ခြင်း။


(၄) ‘ကျား’ဘက်ခြမ်း ဟုခေါ်သော (လမ်းပေါ်မှကြည့်လိုက်လျှင် မြေကွက်၏လက်ယာဘက်ခြမ်း)တွင် လမ်းရှိရမည်ဖြစ်ခြင်း စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။




ဖော်ပြပါ အချက်များမှ အနည်းဆုံး (၂)ချက်လုံးပေါင်းပြီး ရရှိနိုင်သောမြေဖြစ်ပါက ထိုမြေနေရာတွင် နေထိုင်သူများအနေဖြင့် ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ စီးပွားလာဘ်လာဘတိုးလို့ အောင်မြင်ခြင်းနဲ့ အနာဂတ်တွင် သားစဉ်မြေးဆက် ကောင်းကျိုးချမ်းသာများ ခံစားရခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာပဲ ဖြစ်ပါတယ်။


အိမ်တစ်အိမ်၏ အဓိကကျသောအိမ်ခန်းများအား ဖုန်းရွှေအခြေခံဆင်ယင်ခြင်း...


သင့်အခန်းတွေကို ဘယ်လိုဖွဲ့စည်းထားတာလဲနဲ့ သင့်အိမ်ကို ဘယ်လို ထိန်းသိမ်းထားတာလဲ ဆိုတာတွေကို သေချာစဉ်းစားရမှာပါ။ အရာရာတိုင်းမှာ စွမ်းအင်ရှိပါတယ်။


ဖုန်းရွှေ ဆိုတာက ဘာလဲ....


ဖုန်းရွှေဆိုတာ သင်တို့နေထိုင်တဲ့ အိမ်တွေဟာ သင်တို့စိတ်ထဲ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို မြင်တွေ့ရမယ့် မှန်တစ်ချပ်ပါ'ဆိုတဲ့ အယူအဆကို အခြေခံထားတဲ့ အလေ့အထတစ်ခုပါပဲ။


ဧည့်ခန်း


ဆိုဖာခုံကို နံရံကပ်ပြီးထားမယ်ဆိုရင် နံရံနဲ့ လက်မ အနည်းငယ်ခွာထားပါ။ အခန်းရဲ့ အလယ်လိုနေရာမျိုး (နံရံနဲ့ ခပ်လှမ်းလှမ်း) မှာထားမယ်ဆိုလည်း သင်ခုံမှာထိုင်တဲ့အခါ သင့်နောက်မှာ ဘယ်သူဆိုတာ သိနိုင်ဖို့ ထိုင်ခုံနဲ့မျက်နှာချင်း ဆိုင်မှာမှန်တစ်ချပ်ထားပါ။ 




ထမင်းစားခန်း


အခန်းကျယ်ထဲမှာ ထမင်းစား စားပွဲသေးသေးလေး လား။ ဒါမှမဟုတ် အခန်းကျဉ်းထဲမှာ ထမင်းစား စားပွဲအကြီးကြီးလား။ သေချာတာကတော့ အဲဒီလိုထမင်းစားခန်းနဲ့ ထမင်း စားပွဲတွေမှာ ထိုင်ရရင် ပိတ်မိနေတယ်လို့ ခံစားရမှာပါပဲ။


အိပ်ခန်း


အိပ်ခန်းကျတော့ သင့်နားမှာ တက်ကြွစွမ်းအင်တွေ အရမ်းများလွန်းရင် သင်အနားယူ အိပ်ပျော်နိုင်ဖို့ ခက်မှာပါ။ အိပ်တော့မယ်ဆို မီးအိမ်၊ မီးလုံး၊ မီးချောင်းတွေ ဖွင့်ထားတာမျိုးမဖြစ်အောင် သတိထားပါ။


လေ့လာမှတ်သားစရာ အိမ်ခြံမြေဗဟုသုတများ


အိမ် ကျောင်း ဆောက်ရာ ရက်လရွေးနည်းများ နှင့် မသုံးအပ်သောသစ်(၈)မျိုး အကြောင်း


နေအိမ်သာယာပြီး လာဘ်လာဘတိုးပွားစေရန်


လက်ရှိနေအိမ်က စီးပွားတက်မည့်အိမ်လား


လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်


Posted By : Sint Sint (ShweProperty.com)