မြေချပါမစ်တွေ ကို ၂ဝ၁၂ နောက်ပိုင်းကစပြီး အတုအစစ်တွေကို ခွဲခြားဖို့လိုအပ်လာပြီး မြေချပါမစ်ထုတ်ပေးပုံအဆင့်ဆင့်ကို လေ့လာသိရှိထားဖို့ လိုပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနဲ့ အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက ရှင်းလင်းချက်အရ မြေချပါမစ်ဆိုတာ စည်ပင်သာယာရဲ့ အုပ်ချုပ်မှုမရှိသေးတဲ့ မြို့သစ်တွေမှာ အိမ်ရာဆောက်လုပ်ဖို့ စည်းကမ်းချက်တွေ သတ်မှတ်ပြီး ချထားတာဖြစ်ပါတယ်။


 လွှဲပြောင်းရောင်းဝယ်ခွင့်ရှိမရှိ


မြေချပါမစ်တွေကို သတ်မှတ်စည်းကမ်းချက်တွေရှိလို့ တစ်ဆင့်ရောင်းဝယ်တာတွေ ၊ လက်လွှဲခြင်းမပြုနိုင်ဘဲ အိမ်ရာအဆောက်အအုံဆောက်လုပ်ပြီးစီးရင် မြေအငှါးစာချုပ်လျှောက်ထားရမှာဖြစ်ပါတယ်။


လွှဲပြောင်း


၂ဝ၁၂ ခုနှစ်ကသည်နေ့အထိ မြေယာစီမံခန့်ခွဲမှုလုပ်ငန်းတွေကို ပြန်လွှဲပြောင်းပေးနေပြီး  ဆောင်ရွက်ဆဲအိမ်ရာစီမံကိန်းတချို့သာ ကျန်ရှိပြီး ၉၅ ရာခိုင်နှုန်းခန့်အထိ လွှဲပြောင်းပေးအပ်ပြီး ဖြစ်ပါတယ်။ ကျန်တဲ့ အိမ်ရာစီမံကိန်းတွေကို လည်း အပြီးသတ်လွှဲပြောင်းဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။





ညွှန်ကြားမှ မြေချပါမစ်ထုတ်ပေး


၂၀၁၂ ခုနှစ်ကစပြီး မြို့ပြနဲ့ အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန အစီအစဉ်နဲ့ မြေချပါမစ်ချပေးတဲ့ လုပ်ငန်းကို ဆောင်ရွက်ခြင်းမပြုတော့ဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကသာ ချပေးနေကြောင်း သိရပါတယ်။ အစိုးရအဖွဲ့က မြေချပါမစ်ထုတ်ပေးဖို့ ညွှန်ကြားလာရင် မြေချပါမစ် တွေကို ဆောင်ရွက်ပေးပါတယ်။


ဌာနဆိုင်ရာလုပ်သက် ၁၅ နှစ်အထက်ရသူတွေ မြေချပါမစ်ရ


၁၉၈၈ ခုနှစ်နောက်ပိုင်း ဝန်ကြီးဌာနတွေ ၊ အုပ်ချုပ်ရေးမှူးအဖွဲ့အစည်းတွေက မြို့သစ်မြေတွေ ကိုရွှေ့ပြောင်းပေးတဲ့အခါ သိမ်းပြီး မြေချပါမစ်ထုတ်ပေးခဲ့ပါတယ် ။ လုပ်သက် ၁၅ နှစ်အထက် ဝန်ထမ်းမြေကွက်ရရှိသူတွေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထိခိုက် ၊ ကျဆုံး၊ ဒဏ်ရာရ စစ်သည်တွေနဲ့ သူတို့ရဲ့ အမွေဆက်ခံသူတွေကို ချထားပေးတဲ့ မြေကွက်တွေကို မြေချပါမစ်ထုတ်ပေးခြင်းတွေ ဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။


အိုးအိမ်က ထုတ်မပေးတော့ပါ


မြေယာလက်ရောက် ရယူမှုမရှိဘဲနဲ့ မြေချပါမစ်ကို သာရယူပြီး အဆင့်ဆင့်လက်လွှဲရောင်းချနေခြင်းတွေနဲ့ မြေချပါမစ်အတုတွေ ပြုလုပ်ရောင်းဝယ်မှုတွေဖြစ်ပေါ်လျက်ရှိပြီး မြို့ပြအိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအနေနဲ့ ၂၀၁၂ ခုနှစ်က စလို့ မြို့သစ်တွေမှာရှိတဲ့ မြေကွက်တွေကို ဦးစီးဌာနအနေနဲ့ မြေချပါမစ် ထုတ်ပေးခြင်း မရှိတော့ကြောင်း သိရပါတယ်။





ပါမစ်အတုအစစ် သတိပေး


၂ဝ၁၇ ခုနှစ် ဒဂုံမြို့သစ် (အရှေ့ပိုင်း ) မြို့နယ်နဲ့ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွေမှာ ပါမစ်အသစ်တွေ ထွက်လာလို့ ဝယ်ခဲ့မိတဲ့သူတွေအနေနဲ့ မိမိတို့ဝယ်တဲ့ မြေချပါမစ်အသစ်တွေကို အတုအစစ်ခွဲခြားစစ်ဆေးဖို့ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန သွားရောက်အစစ်ဆေးခံသင့်ပါတယ်။ ၂၀၁၂ ခုနှစ်ကစပြီး ရန်ကုန်တိုင်းအစိုးရ အဖွဲ့က ထုတ်ပေးဖို့ ညွန်ကြားမှသာ မြို့ပြနဲ့ အိုးအိမ်က ထုတ်ပေးကြောင်း သိရပါတယ်။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


ဘာလို့မြေရှင်လက်မှတ်ဆိုတာ အရေးပါလာတာလဲ


အိမ်မှာပျားစွဲရင် ကောင်းလား ၊ မကောင်းဘူးလား


အိမ်တစ်အိမ်မှာ အရေးကြီးတဲ့ ကျက်သရေအဖြာဖြာ


လူသိနည်းပြီး သတိမမူမိကြတဲ့ မိမိ အိမ်မှာ အမြဲသန့်ရှင်းရေးလုပ်နေတဲ့ တံမြက်စည်းနိမိတ်


Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)