(1)ဘုရားပန်း နှင့်သောက်တော်ရေဆွမ်း ဆီမီးအမြဲကပ်ပါ။ဘုရားပန်းမနွမ်းပါစေနဲ့။ဘုရားပန်းအိုးထဲမှ ရေများမပူပါစေနဲ့။သောက်တော်ရေကို သတိရတိုင်းကပ်ပါ။


(2)ဘုရားရှိခိုးလျင် အိမ်စောင့်နတ်ခြံစောင့်နတ် အိမ်ဝန်းအတွင်း မှီတင်းစောင့်ရှောက်နေထိုင်ကြသော နတ်မြတ်နတ်ကောင်းများ မြင်အပ်မမြင်အပ် သတ္တဝါများအားလုံးကိုမေတ္တာပို့အမျှဝေပါ


(3)အလွန်ကံညံ့လာဘ်ပိတ်နေလျင် ညသန်းခေါင်ပရိတ်ရွတ်ပါ။ည12နာရီနောက်ပိုင်းသည် နတ်မြတ်နတ်ကောင်းများ လူ့ပြည်သို့လှည့်လည်ကြည့်ရှုချိန်ဖြစ်၍ ညဘက်ပရိတ်ရွတ်ဖတ်ဆုတောင်းလျင်ပို၍ ဆုတောင်းပြည့်စေပါတယ်။




(4)အိမ်မှာ အဟောင်းအစုတ်တွေမထားပါနဲ့


အချိူ့အိမ်တွေမှာ နှမြောပြီးထားတတ်ကြတာတွေရှိပါတယ်။ပုလင်းကွဲတွေ ဒန်အိုးပေါက်တွေ အဝတ်အစားစုတ်တွေဘယ်လိုမှ သုံးမရတာတွေလွှတ်ပစ်လိုက်ပါ။အိမ်မှာလိုအပ်တာတွေသာအဓိကထားပါ။


(5)အိမ်ကို တံမြက်စည်းလှည်းလျင် နံနက်လှည်းလျင်အိမ်ရှေ့မှအိမ်နောက်သို့လှည်းပါ။ညနေနှင့်ညဘက် လှည်းလျင် အိမ်နောက်မှအိမ်ရှေ့သို့လှည်းပါ။


(6)မီးဖိုချောင်တွင်ဆန်နှင့်ဆီကိုအပြတ်မခံပါနဲ့ ။မကုန်မီ ကြိုတင်၍ဝယ်ပါ။





(7)အိမ်ရှိလှေကားများ ကျိူးပျက်နေသည်ကိုပြုပြင်ပါ။လှေကားများ ကျိူးပျက်နေခြင်းက  လာဘ်တိတ်စေသလိုမကောင်းသော အန္တရာယ်များကိုဖိတ်ခေါ်စေပါတယ်


လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ


အိမ်မှာမထားသင့်တဲ့ လာဘ်လာဘပိတ်စေနိုင်တဲ့အရာများနှင့် အပြုအမူများ


လာဘ်ကောင်းပြီး စီးပွါးရေးအဆင်ပြေစေလို့ အိမ်ထဲမှာ စိုက်ပျိုးပေးသင့်တဲ့ အပင်လေးတွေ


စီးကရက်အငွေ့ထက် ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်တဲ့ အိမ်တွင်း လူသတ်သမား


အိမ်တိုင်းစိုက်ထားသင့်တဲ့ ရှားစောင်းလက်ပတ်ပင်တွေက ရရှိနိုင်တဲ့ဆန်းပြားတဲ့ အကျိုးကျေးဇူးများ


Credit : Naethitmyanmar
Posted By : Sint Sint (ShweProperty.com)