သစ်တံခါးဆရာတော်၏ ရေးသားဖော်ပြချက်အား အဓိဋ္ဌာန်ကျင့်ဆောင်ပုံ တင်ပြပေးခြင်းပါ ။


မိမိမှာ အိမ်ပိုင်ရှင် မြေပိုင်ရှင် ဖြစ်လိုပါက ......


နေ့စဉ်နေ့တိုင်း ထမင်းစားသောက်သည့်အခါ မိမိစားသုံးနေသော စားပွဲမှ ၎င်း တစ်နေရာတွင် သီးသန့်ထား၍သော်၎င်း တစ်ယောက်စာ တစ်ပန်းကန်စာကို ဟင်းအားလုံး စုပုံထည့်ကာ ခက်ရင်း ဇွန်းတပ်ပြီး လက်နှင့် ကိုင်မြှောက်ကာ ” ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီးကြသောမြတ်ဗုဒ္ဓအဆူဆူတို့အား တစ်ပွဲ ရဟန္တာ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ် မြတ်များနှင့် သံဃာတော်အပေါင်း အရိယာဝိဇ္ဇာဓမ္မဝိဇ္ဇာထွက်ရပ်လမ်း စရောက်တော်မူကြသော ဝိဇ္ဇာထိုရ်သူတော်ကောင်း အပေါင်း အရှင်ကောင်းတို့အား ကိုယ်တိုင် ကြွရောက်၍ ဘုန်းပေးတော်မူကြပါ။ သုံးဆောင်တော်မူကြပါဟု ”  ပင့်ဖိတ်၍ အလှုဒါနပြုပေးပါ။ သောက်တော်ရေ (သို့) ရေနွေး ကြမ်းတစ်ခွက်စီ ချ၍ ကပ်လှုပေးပါ။


ကပ်လှုထားသော ပန်းကန် ၂ ခုထဲတွင် အချိူ ပွဲပါစုပုံပြီး ကပ်လှုပါ။မိမိ ထမင်းစား ပြီးဆုံးပါက မြတ်ဗုဒ္ဓ နှင့်ရဟန္တာများ အရိယာ ဝိဇ္ဇာ ဓမ္မဝိဇ္ဇာတို့အတွက် အလှုဒါန ပြုထားသော ပန်းကန်များကိုကိုင်ပြီး  မြေကြီး အလွတ်တစ်နေရာ မြေပြင်ပေါ် တွင် ဘာမှမခင်းရပါ။ ” သစ္စာ ” ပြုကာ တပည့်တော် တစ်ခါမှ မလှူဒါန်းဖူးသော အလှုဒါနကို လှုဒါန်းပါ၏ ။





ဘုရားတပည့်တော်သည် မြေကြီးပေါ်မှာနေ မြေကြီးပေါ်မှာ စား၊ မြေကြီးပေါ်မှာ ကျင်ကြီး ကျင်ငယ် စွန့်ကာ နေထိုင်သည့်အတွက် ” အသင်” မြေကြီးသည် ကျေးဇူးကြီးမားလှပါသည်။ 


ဤကဲ့သို့ ကျေးဇူးကြီးမားလှသောကြောင့် ” ဤ မြေကြီးကို စောင့်ရှောက်နေပါသော ” ဝသုန္ဒရေ ” မြေစောင့်နတ်မင်း နှင့် မြေကြီးပေါ်တွင်ရှိကြကုန်သော ” ပုရွတ်ဆိတ်” တီကောင် ပိုးကောင်မွှားကောင် အစရှိသော သတ္တဝါ မှန်သမျှတို့သည် ဘုရားတပည့်တော် စားသလိုစားနိုုင်ပါစေ။ 


ဘုရားတပည့်တော် ပြည့်ပြည့်ဝဝ စုံစုံလင်လင် သုံးဆောင်ရသလို သုံးဆောင်ရပါစေ။ အေးချမ်းကြပါစေ။ သာယာကြပါစေ ။ ကျန်းမာကြပါစေ ။ ချမ်းချမ်း သာသာ စားသောက် နိုင်ကြပါစေဟု“သစ္စာပြုဆုတောင်းကာ ” အရင်ကပ်လှုထားသောထမင်းဟင်း ၂ ပွဲ ရေတို့ကို တဝက်စီခွဲ၍ မြေကြီးပေါ်ပုံပါ ။ အလှုဒါနပြုပါ ။ ဆွေတော်မျိူးတော် အပေါင်းနှင့် မြင်အပ်သော ပုဂ္ဂိုလ် မမြင်အပ်သော ပုဂ္ဂိုလ် ” ဝသုန္ဒရေ ” နတ်မင်းနှင့် (၃၁) ဘုံသား သတ္တဝါများ စားသုံးတော်မူကြပါ။ သုံးဆောင်တော်မူကြပါ ။





ဤကဲ့သို့ ကုသိုလ်ကောင်းမှုထူးကို ပြုလုပ်ရပါသောကောင်းကျိူးများကြောင့်  “ဘုရားတပည့်တော်( နာမည်) သည် ” မြေပိုင်ရှင်ကြီး အိမ်ပိုင်ရှင်” သူဋ္ဌေးကြီး မကြောင့်မကြ မတောင်းတရပဲ ဖြစ်နိုင်ပါစေ ။ အမြန်ဖြစ်၍ ဘာသာအကျိူး သာသနာအကျိူး သာသနာပြုနိုင်ပါစေသား” ဟု ဆုတောင်း သစ္စာပြုပါ။ ကျန်တစ်ဝက်ကို မိမိစားပါ။ ရောဂါ ပျောက်ပါစေ ။ ကျန်းမာပါစေ ။ လာ်လာဘပွင့်ပါစေ ။ ဝင်ငွေတိုးပါစေဟုပြော၍ လက်တွေ့ဆောင်ရွက် လက်တွေ့ အကျိူးပေးသောကြောင့် သေချာဆောင်ရွက်ပြီး အဓိဋ္ဌာန် လုပ်ကြည့်ကြပါ အစစအရာရာ အဆင်ပြေ၍ အောင်မြင်လာပါလိမ့်မည်။


ဖတ်ရှုမှုအများဆုံး အိမ်ခြံမြေဗဟုသုတများ


အိမ်ဆောက်သင့်သည့်နေ့သားအလိုက်အကျိုးပေးနေ့ရက်နှင့်ဆောင်ရန်ရှောင်ရန်များ


အိမ်ဆောက်ရာတွင်လူသိနည်းလှတဲ့လှေကားအဆံ တပ်ဆင်ခြင်းအကြောင်း သိကောင်းစရာ


လယ်ယာမြေကို ခွင့်ပြုချက်မရမီ အခြားနည်းသုံးစွဲခြင်း ဆောင်ရွက်ပါက လယ်ယာမြေ ဥပဒေအရ အရေးယူခြင်းခံရမည်


မြေချပါမစ်အတုအစစ်တွေကို ခွဲခြားဖို့လိုအပ်လာပြီ


Credit : Manawmayajournal
Posted By : Sint Sint (ShweProperty.com)