ကျွန်နုပ်ဧ။်အဘိုးတစ်ဦးသည် ကုန်ထမ်းသော အလုပ်ဖြင့် ပင်ပန်းဆင်းရဲစွာ အသက်မွေးရလေဧ။်။သို့ရာတွင် ၎င်းဧ။် အိမ်ကလေးမှာမူ သပ်သပ်ရပ်ရပ်နှင့် အတော်ကလေး တန်ဖိုးကြီးလေဧ။်။အမွေရထားသော အိမ်ကလေးဖြစ်ဧ။်။ ထို့ကြောင့်လည်း ထိုအိမ်ကလေးကို မထုခွဲရက်ပဲ အဆင်းရဲခံကာ နေထိုင်ခဲ့လေဧ။် တစ်ခါသော် အဘိုးတို့ ရပ်ကွက်တွင်မီးလောင်ရာ ထိုအိမ်ကလေး ပါသွားလေတော့ဧ။်။ 


အစကပင် ချိူ့ငဲ့ရှာသောအဘိုးသည် အိမ်ကောင်းကောင်း ပြန်မဆောက်နိုင်တော့ပဲ ဝါးတဲကလေးဖြင့်သာလျှင် နေရရှာလေတော့ဧ။်။သို့ရာတွင် ထိုဝါးတဲကလေးဖြင့် နေထိုင်ရပြီး ၆လခန့် အကြာမှာပင် အဘိုးသည် ထီပေါက်လေတော့ဧ။်။စီးပွားများ ထူထောင်ကာ လူချမ်းသာတစ်ဦး ဖြစ်လာခဲ့ဧ။်။ မြို့လယ်တစ်နေရာတွင် မြေကွက် တစ်ကွက်ဝယ်ကာ စတိုးဆိုင်ကြီး တစ်ဆိုင်ဖွင့်ခဲ့ပေဧ။်။


သို့ရာတွင် အဘိုးသည် “ငါ မြို့လယ်ခေါင်က အိမ်မှာနေတဲ့ ရက်တွေဆိုရင် ငါ့စတိုးဆိုင်က ကျီးနဲ့ ဖုတ်ဖုတ်ဆိုသလိုဘဲ လုံးဝမရောင်းရဘူးဟေ့ ဝါးတဲလေးမှာနေတဲ့ ရက်တွေဆိုရင်တော့ ငါ့ဆိုင် က ကြက်ပျံမကျဆိုသလိုပဲ အရမ်းစည်ကားပြီး ရောင်းကောင်းတော့တာပဲကွ” ဟု ဆိုကာ ဝါးတဲ ကလေးတွင်သာ သွားကာနေလေဧ။်။


နောက်ထပ် ကျွနု်ပ်သတိထားမိသော ဖြစ်ရပ်တစ်ခု ရှိသေးဧ။်။ ကျွနု်ပ်တို့ အိမ်နှင့် မလှမ်းမကမ်း တွင် အလွန်ဆင်းရဲသော ကိုစိန်သောင်းဆိုသူ မိသားစုရှိပေဧ။်။ ၎င်းကိုစိန်သောင်းတို့မှ မောင်မြရွှေဆိုသော သားငယ်တစ်ဦးဖွားမြင်လေဧ။်။မောင်မြရွှေ၏ အထက်တွင်လည်း သားသမီးလေးယောက် ရှိသေး၏။





သို့ရာတွင် မောင်မြရွှေ ကလေးဖွားမြင်ပြီးသည့်နောက်၌ ကိုစိန်သောင်းတို့ မိသားစုသည် စီးပွား ဘုန်းကနဲ တက်သွားလေရာ မောင်မြရွှေ ကလေး အခါလည်သား အရွယ်ခန့်တွင် နှစ်ထပ်တိုက်ကြီး ဟီးနေအောင် ဆောက်နိုင်ခဲ့လေ၏။သို့ရာတွင် အိမ်နီးချင်းများ စိတ်မကောင်းဖြစ်ရသည်မှာ အိမ်သစ်တက်သော ညမှာပင် ဦးစိန်သောင်းသည် ရုတ်တရက်ကြီးကောက်ကာငင်ကာ ဆိုသလို ဆုံးပါးသွားရှာလေ၏။ထို့ကြောင့် အရပ်ထဲတွင် မောင်မြရွေ ကလေးက အိမ်ကြီး အိမ်ကောင်းနဲ့ နေဖို့ကံ ပါလာတယ်တဲ့ ကိုစိန်သောင်းကြီး တစ်ယောက်ကတော့အိမ်ကြီး အိမ်ကောင်းနဲ့နေဖို့ ကံမပါဘူးထင်ပါရဲ့ ဟယ် ဟု ပြောစမှတ်ပြုကြလေ၏။


ထို့အပြင် ရေနံချေးများ ဝနေအောင် သုတ်ထားသော နှစ်ဆောင်ပြိုင် ကျွန်းအိမ်ကြီးဖြင့် နေရ သည့် တောမှ ရွာလူကြီး တစ်ဦး၏ သားသည် မြို့သို့ကျောင်းသွား တက်သောအခါ အမျိူးတော်စပ်သူ၏ အိမ်စုတ်ကလေးတွင် နေထိုင်ရခြင်း၊ တဲကုတ် ကလေးနှင့်နေနေရရှာသူ၏ သားသမီးတစ်ဦးကိုမြို့က သူဋ္ဌေးမှ ခေါ်ယူမွေးစားသောကြောင့် နေ့ချင်းညချင်း အိမ်ကြီး အိမ်ကောင်းနှင့်နေထိုင်ရခြင်း ဆိုသည့်ဖြစ်ရပ်များကိုလည်း ကျွနု်ပ်ကြားဖူးတွေ့ဖူးလေ၏။


ထို့ကြောင့် လူတစ်ဦးချင်း တစ်ဦးချင်းစီတွင် အိမ်ကြီး အိမ်ကောင်းနဲ့ နေရမည့် ကံ၊ အိမ်စုတ် ကလေးဖြင့်နေရမည့်ကံ အိမ်ငှားဖြင့် နေရမည့်ကံ စသည်ဖြင့် အမျိုးမျိူး ကွဲပြာနိုင်ကြောင်း ကျွနု်ပ် သတိပြူမိလေ၏။နောင်တစ်ချိန် ကျွနု်ပ်သည် ဗေဒင်ဆရာတစ်ဦးဖြစ်လာသောအခါတွင်လည်း လူတို့၏ ဇာတာကိုလိုက်ပြီး အိုးကံ၊ အိမ်ကံ အမျိူးမျိူး ကွဲပြားနိုင်ကြောင်း အတွေ့အကြုံများစွာ ရရှိလာခဲ့ပါလေတော့၏။


မိမိ၏မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ( ၇ ) ဖြင့်စားပါ။အကြွင်း (၇) မျိူး ထွက်လာပေတော့မည်။ထိုအကြွင်းများကိုလိုက်ပြီး မိမိအတွက် အိုးကံ၊ အိမ်ကံကို အောက်ပါအတိုင်း ချိန်းဆကြည့်ရန်ဖြစ်ပါတော့သတည်း။





(၁) ကြွင်းသော ခုနှစ်ရက် သား၊သမီးများသည် အိမ်ကြီး အိမ်ကောင်းများနှင့် အကျိူးပေး အားနည်းတတ်သည်။ မကြာခဏပြောင်းရွှေ့နေရတတ်သော သူများဖြစ်သည်။ တစ်နေရာထဲတွင် အခြေမချရတတ်ပါ။ အိမ်တွင် စွဲမြဲစွာနေလျှင် ကျန်းမာရေး ညံ့လာတတ်သည်။


(၂) ကြွင်းသော ခုနှစ်ရက်သားသမီးများသည် တော်ရုံတန်ရုံ သူဋ္ဌေးပင် မနေနိုင်သော အိမ်ကြီး အိမ်ကောင်းဖြင့်နေထိုင်ရတတ်သည်။ ခမ်းနားထည်ဝါသော အိမ်ကြီးများတွင် နေရတတ်သည်။ယခု အခြေအနေတွင် ဆင်းရဲနေလျှင်ပင် အိမ်ကို သပ်သပ်ရပ်ရပ် မွမ်းမံပြင်ဆင်ခြင်းအားဖြင့် စီးပွားတက်လာနိုင်ပေသည်။


(၃) ကြွင်းသော ခုနှစ်ရက် သားသမီးများသည် အိမ်ကြီး အိမ်ကောင်းနှင့် နေထိုင်ရတတ်သည်။ အိမ်ကို မကြာခဏ အရောင် ၊ ဒီဇိုင်း၊ အနေအထား စသည်ဖြင့်ပြောင်းလဲပေးထားလေလေ ကံကောင်း စီးပွားတက်လေလေဖြစ်မည်။အိမ်ကို အကြောင်းပြုကာ စီးပွားတက်တတ်သောကြောင့် အလုပ်နှင့် အိမ်ကို တွဲထားသင့်သည်။


(၄) ကြွင်းသော ခုနှစ်ရက်သားသမီးများသည် အိမ်ကြီး အိမ်ကောင်းနှင့်နေထိုင်ရတတ်သည်။မထင်မှတ်ဘဲ အမွေရခြင်း၊ ထီပေါက်ခြင်းတို့ကြောင့် စီးပွားတက်ပြီးလည်းကောင်း ဆုရခြင်း၊ မဲပေါက်ခြင်း၊ လက်ဆောင်ရခြင်း ၊ ကြီးကဲသူတို့က ချီးမြှင့်ခြင်းတို့ကြောင့် လည်းကောင်း၊ အိမ်ကြီး အိမ်ကောင်းနှင့် နေထိုင်ရတတ်လေသည်။





(၅) ကြွင်းသော ခုနှစ်ရက် သားသမီးများသည် အိမ်ကြီး၊ အိမ်ကောင်းများနှင့် အကျိုးပေးအားနည်းတတ်သည်။ မကြာခဏပြောင်းရွှေ့နေထိုင်ရခြင်း၊ အိမ်မှာနေလျှင် အလုပ်များ အဆင်မပြေခြင်း၊ ပူပင်သောကများရခြင်းများ ကြုံရတတ်သည်။ အိမ်နှင့် အလုပ်ကို တွဲမထားသင့်သူများ ဖြစ်ပေတော့သည်။


(၆) ကြွင်းသော ခုနှစ်ရက်သား၊ သမီးများသည် အိမ်ကြီး အိမ်ကောင်းများနှင့်နေထိုင်ရတတ်သောသူများ ဖြစ်ပေတော့သည်။ ထူးခြားဆန်းပြားသောပုံစံ ဒီဇိုင်းများနှင့် အိမ်များတွင်နေထိုင်ရတတ်သည်။အိမ်ကြီး အိမ်ကောင်းနှင့်နေပြီး စီးပွားတက်သည်။ တစ်စုံတစ်ရာ ထူးခြားနေသော အိမ်များတွင် နေရတတ်သည်။


( ၀ ) ကြွင်းသော ခုနှစ်ရက် သားသမီးများသည် အိမ်ကြီး အိမ်ကောင်းနှင့်နေထိုင်ရန် ကံနည်း တတ်သည်။ အိမ်ကြီး အိမ်ကောင်း ပိုင်ဆိုင်လျှင်ပင် ထိုအိမ်တွင် အမြဲမနေရတတ်ပေ။မိမိမှာ အိမ်ပိုင်ပါလျှက်နှင့် အခြားတစ်ပါးတွင်သွားပြီး နေထိုင်ရတတ်သည်။ဟိုမှာနေလိုက်၊ ဒီမှာနေလိုက် ဖြစ်နေရတတ်ပေသည်။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


သစ်တံခါးဆရာတော်၏ မြေပိုင်ရှင် အိမ်ပိုင်ရှင်ဖြစ်အောင် ဆောင်ရွက်နည်း


အိမ်ဆောက်သင့်သည့်နေ့သားအလိုက်အကျိုးပေးနေ့ရက်နှင့်ဆောင်ရန်ရှောင်ရန်များ


အိမ်ဆောက်ရာတွင်လူသိနည်းလှတဲ့လှေကားအဆံ တပ်ဆင်ခြင်းအကြောင်း သိကောင်းစရာ


ဘာလို့မြေရှင်လက်မှတ်ဆိုတာ အရေးပါလာတာလဲ


Credit : Tameelay
Photo Credit : realestate-myanmar
Posted By : Sint Sint (ShweProperty.com)