အိမ်ရောင်းထွက်ဖို့ ခေါင်းခဲနေတုန်းလား၊ ပွဲစားမလို အကျိုးဆောင်အကူအညီမပါဘဲ အချိန်တိုအတွင်း အိမ်ရောင်းထွက်နည်းများကို မျှဝေပေးလိုက်ပါသည်။


၁။ ဗြုတ်စ ဗျင်းတောင်းဖြစ်နေသမျှကို ရှင်းလင်းပြင်ဆင်ပါ။


အိမ်အမြန်ရောင်းထွက်နည်း Strategies များစွာရှိတဲ့အထဲမှ အချိန်တိုတိုနဲ့ ဈေးကောင်းကောင်းရလိုပါက အိမ်အတွင်း ရှုပ်ထွေးပေပွနေခြင်း၊ ပစ္စည်းများ ဗရမ်းဗတာ ဖြစ်နေတာတွေကို အရင်ဆုံးည ပြောင်းလဲသင့်ရန်လိုပေမည်။ 


စစ်တမ်းကောက်ယူမှုများအရ ဝယ်သူ၏ ၆၄ ရာခိုင်နှုန်းခန့်သည် နေရာကျယ်ဝန်းသော၊ ပစ္စည်းများထားသို ပြင်ဆင်ရန် လွယ်ကူသည့် အခန်းပုံစံကို ပိုနှစ်ခြိုက်သည်ဟု စစ်တမ်းအရသိရှိရသည်။ အရင်အိမ်ငှားများ ဒါမှမဟုတ် ကိုယ်နေခဲ့တဲ့အိမ်ဟောင်းကို ရောင်းချမည်ဆိုပါကလည်း အခန်းပုံစံကို အရင်နေထိုင်သူများ ပြောင်းသွားသည်နှင့်တပြိုင်နက် ရှင်းလင်းထားရန် လိုအပ်ပေမည်။ ဒါမှလည်း ဝယ်သူအနေနဲ့ မိမိအိမ်နဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှုကို အပြည့်အဝဖြစ်ကာ ဝယ်ယူချင်စိတ် ပိုပြင်းပြလာမည်ဖြစ်သည်။


၂။ ရောင်းဈေးတိကျမှန်ကန်မှုရှိရန် အရေးကြီးသည်။


အိမ်ခြံမြေဈေးကွက်သည် အချိန်နှင့်အမျှ ပြောင်းလဲကာ အတက်အကျ လွန်ကဲသည့်အတွက် မိမိရောင်းချမည့် မြေနေရာ၊ အထပ်အနိမ့်အမြင့်နဲ့ တည်နေရာမြို့နယ်အလိုက် အိမ်ဈေးနှုန်းထား တိကျ စစ်မှန်ဖို့ အရေးကြီးလှသည်။ တစ်ခုသတိထားရမည်မှာ ဝယ်ယူမည့်သူ၊ စုံစမ်းသူသည် အိမ်ခြံမြေအကြောင်း နှံ့စပ်ကျွမ်းကျင်သူလည်းဖြစ်နိုင်သလို၊ စိုးစဉ်းမျှ အိမ်အကြောင်း နားမလည်သူလည်းဖြစ်ကောင်းဖြစ်နိုင်သည်မို့ အချက်အလက်များကို တိတိကျကျနဲ့ စိတ်ရှည်ရှည် ပြောပြပေးရန် အရေးကြီးသည်။ 





အိမ်ခြံမြေရောင်းထွက်ဖို့ရာ စေတနာနဲ့ လုပ်ငန်းအပေါ် တာဝန်ယူမှုသည်လည်း တစ်နည်းနည်းနှင့် ဆက်စပ်နေသည်ကို သိထားသင့်ပါသည်။ ထို့ပြင် စာချုပ်စာတမ်းကိစ္စရပ်များကို အရှုပ်အရှင်းကင်းအောင် သက်ဆိုင်ရာ နားလည်တတ်ကျွမ်းသူများနှင့် ကြိုတင်ပြင်ဆင်ထားရန်လည်း လိုအပ်ပါမည်။

 
၃။ ပြုပြင်သင့်တာ၊ လဲလှယ်သင့်တာမျိုးဆို ကြိုတင် စီမံထားရန်။


ပြန်လည်မွမ်းမံသင့်သည်များကို ဝယ်သူဘက်မှ Complain မလာခင် တစ်ခါတည်း စီစဉ်ထားရှိရန် လိုအပ်သည်။ ဉပမာ - အိမ်ခန်းတံခါးများ ကောင်း/မကောင်း၊ မီးကြိုးများကောင်း/မကောင်း၊ ‌ရေမော်တာစနစ် မှန်/မမှန်၊ မျက်နှာကြက်နံရံများ မိုးလုံခြင်းရှိ/မရှိ စသည်များကို ကြပ်မတ်ပြင်ဆင်ထားပါက ဝယ်သူဘက်မှ ဈေး အလျှော့အတင်းစကားဆိုလာပါက မိမိဘက်မှ Facility ပြည့်စုံနေ၍ မိမိတောင်းသည့် ဈေးအတိုင်းအပြည့်အဝ ရရှိနိုင်မည်ဖြစ်သည်။


၄။ ကင်မရာ ရှုထောင့် သိရန်လိုသည်။


အိမ်ရောင်းထွက်ဖို့ ဓာတ်ပုံကောင်းကောင်း ရိုက်ကူးတတ်ဖို့ လိုလို့လား မေးစရာရှိပါသည်။ ဉပမာဆိုရသော် - အခုခေတ် Online shopping များ အရောင်းသွက်ရခြင်း အချက်တစ်ချက်မှာလည်း မိမိကြော်ငြာသည့် ကုန်ပစ္စည်းကို ပေါ်ပေါ်လွင်လွင်နဲ့ လှပအောင်ရိုက်ကူးကာ ပို့စ်တင်ခြင်းကြောင့် ဝယ်သူများ စိတ်ဝင်စားလာပြီး စုံစမ်းဝယ်ယူသွားခြင်းဖြစ်ပါသည်။ ထိုနည်းလည်းကောင်းပင် အိမ်ရောင်းထွက်ချင်ပါကလည်း မိမိအိမ်ရဲ့ မျက်နှာစာ၊ အခန်းရှုထောင့်၊ အကျယ်အဝန်းကိုပါ ဝယ်သူ တန်းမြင်နိုင်မည့် ကြည်လင်မှုရှိသော ပုံဖြစ်ဖို့လိုပါမည်။ ဝရံတာရှိပါကလည်း ထည့်သွင်းဖော်ပြသင့်သည်။


 ၅။ အိမ်ရဲ့ ထူးခြားချက်ကို ထင်ရှားစွာ ဖော်ပြတတ်ပါစေ။


ဝယ်ယူသူအနေနဲ့ သင့်အိမ်နဲ့ ပတ်သက်ပြီး ထင်ထင်ရှားရှား ဝယ်လာစေမည့် အချက်များကို စာရင်းပြုစုဖော်ပြပေးသင့်သည်။ ဉပမာ - အချက်အချာကျသော နေရာတွင် တည်ရှိခြင်း၊ အိပ်ခန်းအရေအတွက်၊ အကျယ်အဝန်း၊ အလင်းရောင်ကောင်းကောင်းရခြင်း၊ လုံခြုံရေးစနစ်ကောင်းမွန်ခြင်း၊ ဈေးနဲ့ နီးခြင်း၊ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်ခြင်း၊ သွားရေးလာရေး လွယ်ကူခြင်း စသည့် သင့်အိမ်နဲ့ ပတ်သက်ပြီး ဝယ်သူများ ထင်သာမြင်သာ ဖြစ်စေမည့်အချက်များကို ဖော်ပြသင့်ပါသည်။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


အိမ်နဲ့ မြေကွက်များ အမြန်ဆုံး ရောင်းထွက်နည်း


ရွှေငွေအဝင်ကြမ်းစေမယ့် အိမ်ရှေ့တံခါး ပြင်ဆင်နည်း


စီးပွားဥစ္စာ တိုးပွားစေဖို့ ဒီနေ့ ၊ဒီလတွေကိုရွေးပြီး အိမ်ဆောက်ပါ


သင့်ရဲ့အိမ်ကို ဖုန်းတစ်လုံး(သို့) ကင်မရာတစ်လုံးနဲ့ ဓါတ်ပုံရိုက်ပြီး အိမ်ရောင်းထွက်အောင် ဘယ်လိုလုပ်မလဲ


Posted By : Sint Sint (ShweProperty.com)