အိပ်ခန်း ၂ ခန်း ရေချိုးခန်း ၁ ခန်း ပါ ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ်ရှိ ရောင်းရန်ရှိသော တိုက်ခန်း
သာကေတ, ရန်ကုန်တိုင်းဒေသကြီး
ရောင်းရန် 1,500 သိန်း
Property ID: S-1401550
Property ID: S-1401550
NP 200
🌳သာကေတမှာ ၁၈ ပေ x ၆၀ ပေ အခန်းကျယ် ရှာနေတယ်ဆိုတဲ့သူတွေအတွက် ဒီအခန်းလေးရောင်းဖို့ ရှိပါတယ်...🥰🥰🥰
🏢အလွှာ - မြေညီကိုပါထည့်ရေတွက်ရင် ၅ လွှာ၊ မြေညီ မပါဆိုရင် ၄ လွှာလို့ ခေါ်မှာပေါ့ (အပေါ်မှာ တစ်ထပ်ရှိသေး)
➡️အရပ်မျက်နှာလှည့် - အနောက်မြောက်ယွန်းယွန်း
🕵️အနီးနားဝန်းကျင် - Capital Hypermarket၊ Sweety Home၊ ရွှေပုစွန်၊ ဧရာဝဏ်လမ်းမကြီးနားဖြစ်တာကြောင့် ဟော့ပေါ့ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဆေးခန်း၊ ဘဏ် အနီးအနားဝန်းကျင်မှာရှိ
🛣️လမ်းအနေအထား - လိုက်ပို့ဖူးတဲ့ တက်စီသမားတိုင်း ကားသမားတိုင်းက ဝင်လိုက်တာနဲ့ ‘ဟာ..လမ်းက အကျယ်ကြီးပဲ’ 😱လို့ ပြောရတဲ့လမ်း၊ တချို့ကတော့ သာကေတမှာ ဒီလိုလမ်းကျယ်မျိုး မတွေ့ဖူးဘူးလို့ ပြောကြပါတယ်😁
🚗ကားရပ်ရန်နေရာ - လမ်းသူလမ်းသားတွေအတွက် ကားပါကင်သီးသန့်ရှိပါတယ်။
💰ဈေး - သိန်း ၁၅၀၀ (ညှိနိုင်း)✌️
🏦 ဘဏ်ချိတ်ရပါတယ်။ 🏧
➡️ ဝင်ဝင်ချင်း ဧည့်ခန်း - ပါကေးအရောင်ရယ်၊ အဖြူရောင်နံရံရယ်ကြောင့် ဝင်လိုက်တာနဲ့ မျက်စိထဲလင်းကနဲဖြစ်သွားပါမယ်။ အိမ်တွေမှာ စွမ်းအင်တွေရှိကြပါတယ်၊ အိမ်ထဲကို ဝင်လိုက်တဲ့အချိန်မှာ ဒီစွမ်းအင်ကို ခံစားလို့ရပါတယ်။ ကိုယ့်မိသားစုရဲ့ ကောင်းမွန်တဲ့ တိုးတက်ပြောင်းလဲမှုတွေ ဒီအိမ်လေးထဲမှာဖြစ်ခဲ့တာမို့ စွမ်းအင်ကောင်းတဲ့အိမ်လို့ ကိုယ်ကသတ်မှတ်ပါတယ်။ တစ်အိမ်လုံးမှာ အလင်းရောင် အကောင်းဆုံးနေရာလည်းဖြစ်ပါတယ်။ 1.5hp aircon တစ်လုံးလည်းတပ်ထားပါတယ်၊ ဗုဒွဘာသာဝင်တွေမို့ ဘုရားခန်းသီးသန့်ထားချင်တယ်ဆိုရင်လည်း နေရာလေးသီးသန့်ရှိပါတယ်...
➡️ ရိုးရိုးအိပ်ခန်း - အိပ်ခန်းက အကျယ်ကြီးပါ၊ တစ်ယောက်အိပ်ကုတင် ၂ လုံး နဲ့ ဗီရိုတွေ စာကြည့်စားပွဲတွေ အကုန်ထားမယ်ဆိုရင်တောင် လွတ်လွတ်လပ်လပ် ကျယ်ကျယ်လွင့်လွင့် ထားလို့ရလောက်အောင် ကျယ်ပါတယ်။ တစ်ယောက်အိပ်ကုတင် ၃ လုံးထားမယ်ဆိုရင်တောင် ထားလို့ရပါတယ်။ 1hp aircon တစ်လုံးတပ်ထားပါတယ်။
➡️ မာစတာအိပ်ခန်း - ရေချိုးခန်းအိမ်သာ တွဲရက်ပါတဲ့အခန်းလေးပါ၊ သူကတော့ ရိုးရိုးခန်းထက် နည်းနည်းကျဉ်းပါတယ်၊ တစ်ယောက်အိပ်ကုတင် ၁လုံးလောက် သို့မဟုတ် နှစ်ယောက်အိပ်ကုတင် ၁ လုံးအတွက်သာကောင်းပါတယ်။ 1hp aircon ၁ လုံးတပ်ထားပါတယ်။
➡️ မာစတာအိပ်ခန်းရဲ့ ရေချိုးခန်း အိမ်သာ - heater ကော၊ ventilator ကော ရှိပါတယ်။
➡️ မီးဖိုခန်း - ကြိတ်သား cabinet စင် ရှိပါတယ်၊ ပြတင်းပေါက်နားမှာတော့ အခုက ရိုးရိုးအုတ်ခုံပါပဲ၊ အရင်ကတော့ ကာလာတူ cabinet လေးရှိပါတယ်။
အလင်းရောင်၊ လေဝင်လေထွက်ကောင်းပါတယ်။ အဝတ်လျှော်စက်ထားဖို့ သီးသန့်နေရာ ရေပိုက်အထွက်လည်းရှိပါတယ်။
🌷Naw Phaw 🌷
☎️09420192490
09752631195
City Best Yangon - အိမ် ခြံ မြေ အကျိုးဆောင်ကုမ္ပဏီ
အိမ်ခြံမြေ၏အချက်အလက်များ
အိမ်ခြံမြေ အမည် : သာကေတမှာ ၁၈ ပေ x ၆၀ ပေ အခန်းကျယ် ရှာနေတယ်ဆိုတဲ့သူတွေအတွက် ဒီအခန်းလေးရောင်းဖို့ ရှိပါတယ်...???
Type
တိုက်ခန်းအထပ်
6ထပ်ဧရိယာ
60' x 18'အိပ်ခန်း
2ရေချိုးခန်း
1ပိုင်ဆိုင်မှု့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ
Advertiser : City Best Yangon Real Estate Co.,ltd
No 13 ,31 Ward,Tha Khin Ba Sein Road,North Dagon Tsp
Shweproperty ID: S-1401550
သာကေတ | ရန်ကုန်တိုင်းဒေသကြီး
Asking Price : 1,500 သိန်း
![]() |
ဖုန်းခေါ်ဆိုခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ယခုရုံးချိန်ပြင်ပ/ ရုံးပိတ်ရက်များဖြစ်နေပါသဖြင့် လူကြီးမင်း၏ နာမည်နှင့် ဖုန်းနံပါတ်တို့ကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံသို့
ပေးပို့ထားနိုင်ပါသည်။
သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှ လူကြီးမင်းတို့ထံ ပြန်လည်ဆက်သွယ်ပါမည်။