ရန်ကုန်တိုင်းဒေသကြီး သာကေတ ရောင်းရန်ရှိသော အဆင့်မြင့်တိုက်ခန်း
သာကေတ, ရန်ကုန်တိုင်းဒေသကြီး
ရောင်းရန် 1,500 သိန်း
Property ID: S-1409268
Property ID: S-1409268
PZA936
🪻 🪻 🪻
" တတိယထပ် ( အပေါ်မှာ တထပ်ကျန်)
အိပ်ခန်း 3 ခန်းဖွဲ့ပါ
18' × 54 '
လိပ်စာ။ ။ သာကေတ ၇ အရှေ့ရပ်ကွက် ရန်ကုန်မြို့။
တိုက်သားကောင်း ( ရင်အခွဲ တိုက်မဟုတ်ပါ )"
🪻 🪻 🪻
အိမ်ရောင်းမယ်ဆိုတော့ အိမ်စရှာတာလေးကို သတိသွားရတယ်။ ဂျီးထူပြီး စိစစ်လွန်းတဲ့ ကျမတို့လင်မယားက နှစ်ဝက်လောက် အချိန်ယူရှာခဲ့တာကနေ သဘောကျပြီး ဝယ်ဖြစ်ခဲ့တဲ့ အခန်းလေးပါ 🥰
အိမ်ဝယ်ဖို့ အဓိက ဦးစားပေးက စာရွက်စာတမ်းစုံရဲ့လား ဆိုတာပါ။ ရှေ့နေနဲ့ အသေးစိတ် သေချာစစ်ပြီး အကုန်စုံတယ် ခိုင်မာတယ် မှန်တယ်ဆိုမှသာ ဝယ်ခဲ့ဖို့ စဉ်းစားခဲ့တာပါ။
✅ဒါက နံပါတ်တစ် အရေးကြီးဆုံးပါ။
✅နှစ်အချက်က တိုက်အသားနဲ့ ဆောက်ထားတဲ့ တိုက် structure ကို သေချာ စစ်ခဲ့တာပါ။
အမျိုးသားက အင်ဂျင်နီယာမို့ ဒီအပိုင်းကတော့ သူ့အကြိုက်ဖြစ်မှ နှစ်ဦးသား ဝယ်ဖို့ ပိုဦးစားပေးခဲ့တာပါ။
✅နောက်တချက်က ဘေးမှာကျပ်ပိတ်နေတဲ့တိုက်ေတွမရှိတဲ့အချက်ပါ။ ဒါမှ လေထွက်လေထွက်ကောင်းမယ်။ နေရောင်ခြည်ရမယ်လေ။
ကိုယ်က နေအလင်းရောင် လုံလုံလောက်လောက်ရပြီး
လေအဝင်အထွက်ကောင်းတဲ့တချက်နဲ့တင် အတော်သဘောကျခဲ့တာ။ ညာဘက်တခြမ်းမှာပဲ တိုက်ရှိပြီး အရှေ့ အနောက် ဘယ်ဘက် သုံးဘက်လုံးမှာ level တူ တိုက်မရှိပါဘူး။ အသီးသီး တိုက်သစ်ဆောက်ထားကြပီ ဖြစ်ကြတဲ့အတွက် လုံးဝရှင်းရှင်း အေးးအေးးကို နေရမှာပါ။ ထပ်မတက်လာနိုင်တော့ပါ။
✅ ကားပါကင် ရပ်စရာလွယ်တာရယ်
✅ နေရာအချက်အခြာကြောင့် သေချာပေါက် ဝယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
အနီးနားမှာ အင်မတန်ပေါပါတယ် တန်ပါတယ်လို့ နမည်ကြီးတဲ့ ၁၀ ဈေး ရှိပါတယ်။ အလကားနီးပါး ရတဲ့ဈေးကြီးးပါ။
ကား bus stop တွေနီးတဲ့အပြင် သာကေတ အဝိုင်းနဲ့ ကပ်ရပ်ဖြစ်နေတာပါ။ ကလေးကျောင်းထားဖို့ Total international School ဆိုလည်း ၅ မိနစ်ပါပဲ။
City Mart , Capital ဆိုလည်း ၅ - ၁၀ မိနစ်ပါပဲ။
နေရာ ကောင်းပါတယ်။
" 🏠 အိမ်ကတော့ "
တအိမ်လုံး သံပန်းအကောင်းစားတွေ တပ်ထားပါတယ်။
ပြတင်းပေါက် အကြီးကြီးတွေ ရှိပြီး ခြင်လုံဇကာ သံပန်း အပြည့်ဆင်ထားပါတယ်။
အိမ်ရှေ့မှာ sun shade အကြီးး တပ်ထားပီးး ဝရံတာ သံပန်းအကြီးအပြည့် တပ်ထားပါတယ်။
တအိမ်လုံး သံပန်း ခြင်လုံဇကာ နဲ့ sun shade နဲ့တင် ခုကာလတန်ဖိုး သိန်း ၄၀ - ၅၀ အထက်ပါ။
အိမ်ကို တသက်လုံးနေမယ်ဆိုပြီးး
Interior decoration အပြည့်အပ်ခဲ့တာပါ။
တအိမ်လုံး ပါကေးအပြည့်ပါ။
ဆေးအဖြူ အသစ်သုတ်ထားပါတယ်။
အိမ်ထဲပါတဲ့ ပါဝင်ပစ္စည်းတွေကတင် မနည်းပါဘူး။
ဟော .... ကြည့်လိုက်ပါဦး 🫴
ပထမခန်းမှာ ပါတာက
- ၁ ယောက်အိပ် Customized ကုတင် +
မှို့ယာ ၁၀ လက်မအထူ
- နံရံကပ်ဗီဒို အထူသားး 8 ပေ 4 ပေ အပြည့်ကြီး
( ချိတ်အများကြီးပါ )
- မှန်တင်ခုံ မှန်
- အဲကွန်း Inverter type
( အသစ် တပ်ထားတာ သိပ်တောင်မသုံးရသေး )
- Home Gym စက် အပြည့်အစုံ
( 55 Kg ဝိတ်တုံးများအပါ )
ဒုတိယခန်းမှာ
- နှစ်ယောက်အိပ် Customized ကုတင် +
မှို့ယာ ၁၀ လက်မအထူ
- နံရံကပ်ဗီဒို အထူသားး 8 ပေ × 8 ပေ ပတ်လည်
( ချိတ်အများကြီးပါ )
- မှန်တင်ခုံ နဲ့ မှန်
- မီးခံသေတ္တာ အကြီးတလုံး 🫢
- အဲကွန်း တလုံး
တတိယခန်း maid room (သို့ )
Guest room ထားတာပါ။
အလွတ်ပါ။
စာအုပ်စင်တော့ပါပါမယ်။
ဧည့်ခန်းမှာ
- ဘုရားကျောင်းဆောင်
( Cabinet အပါ customized လုပ်ထားတာပါ)
- ကျွန်းဘုရား ( ၁ ပေ အမြင့် )
- TV stand ( customized လုပ်ထားတာပါ )
- ဂျင်း ဆိုဖာ ဆက်တီ တစ်စုံ
- ဖုန်စုပ်စက် တလုံး ( အသစ်နီးပါး )
မီးဖိုခန်းးမှာ
- ရေခဲသေတ္တာ အကြီးတလုံး
- oven တလုံး ( အသစ်နီးပါး )
- kitchen cabinet အပြည့်ပါ
( အပေါ်ရော အောက်ရော အပြည့်)
- ရေသန့်စက်
- အငွေ့စုတ်စက်
ရေချိုးခန်းမှာကတော့
- ရေပူရေအေးစက်ပါပါတယ်။
- တိုင်ကီတလုံးပါ။ ( ကျန်တာ မပါပါ)
ပါတဲ့ ပစ္စည်းရေးရတာ လက်တောင်ညောင်းတယ် 😅
တအိမ်လုံးကို Colour Match ဖြစ်အောင်
နှစ်မျိုးတည်း သုံးထားပြီး classic ဆန်အောင်
ပြင်ထားတာပါ။
ကိုယ်တိုင် နေမယ်လို့ ရည်ရွယ်ပြီး
သေချာ ပြင်ဆင်ခဲ့တာမို့
အိမ်ကြည့်မိရင် စိတ်ချမ်းသာစေရမှာပါ။
စိတ်ဝင်စားရင် ဈေးနှုန်းလေးးတချက် လာမေးပေးပါနော်။
ကြည့်မယ်ဆိုလည်း ပြပေးဖို့ စီစဉ်ပေးပါမယ်။
💐💐💐 💐💐💐 💐💐💐
တခုပါပဲ...
အိမ်ဆိုတာ အိမ်ချည်းသက်သက်မဟုတ်ပါဘူး🫥
မိသားစု အမှတ်တရတွေ အတိတ်တွေအများကြီးနဲ့ပါ 🫥
အနာဂတ်တွေ မျှော်လင့်ချက်တွေရောပဲပေါ့ 🫥
ဈေးက လျော့ရင်တောင် ပါးပါးပဲ ရပါ့မယ် 😥
ခုဈေးတွေ ဒီလောက်တက်နေတဲ့ကာလမှာ
ဟိုအရင်က လစာဒေါ်လာတွေစုပီးး ဝယ်ထားရတဲ့အိမ်က ခုဒေါ်လာဈေးနဲ့တွက်ရင် အများကြီး ရှူံးပါသေးတယ်။ မြတ်တယ် မထင်ပါနဲ့နော်။
တိုက်သားအရမ်းကောင်းလို့ ငလျင်တောင် ဘာမှ မဖြစ်တာမို့ ခိုင်ခိုင်ခံ့ခံ့နဲ့ ခုဝယ် ခုတက်နေလို့ရတဲ့ အိမ်မျိုးကို
လိုချင်တဲ့သူဆိုရင်တော့ ကွက်တိဖြစ်မှာပါ။
အဆင်သင့် တက်နေရုံကြီးးမို့ပါ။
( နယ်ဘက်က ရှောင်လာတဲ့သူတွေ ပိုလို့ သင့်တော်မှာပါ )
" ဒါဆိုရင် အားလုံး သိချင်နေတဲ့
ဈေးကတော့ 💥 ( သိန်း 1500 ပါ။ ) 💥
( ပိုင်ရှင်သစ်လေးလက်ထဲ ထည့်ဖို့
အသည်းကွဲခံပြီးး ပို့စ်တင်ရောင်းလိုက်ပါပြီ 💔
တန်ဖိုးထားသူလက်ထဲ တဖန်ပြန်ပြီး
ဆည်းလည်းသံတွေ ညံပါစေ အိမ်ကလေးရေ 🥺 )
(( 📸 အသေးစိတ် ရိုက်ထားတဲ့ ဗီဒီယို ရှိပါတယ်။
ကြည့်ချင်ရင် ပို့ပေးလို့ရပါတယ်။
လူလိုက်ပြသလို ခံစားရအောင် သေချာ ရိုက်ပေးထားပါတယ်။ ))
အိမ်ခြံမြေ၏အချက်အလက်များ
အိမ်ခြံမြေ အမည် : House For Sale
Type
တိုက်ခန်းအထပ်
3ဧရိယာ
18' x 54'ပိုင်ဆိုင်မှု့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ

Advertiser : City Best Yangon Real Estate Co.,ltd
No 13 ,31 Ward,Tha Khin Ba Sein Road,North Dagon Tsp
Shweproperty ID: S-1409268
သာကေတ | ရန်ကုန်တိုင်းဒေသကြီး
Asking Price : 1,500 သိန်း
|
ဖုန်းခေါ်ဆိုခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ယခုရုံးချိန်ပြင်ပ/ ရုံးပိတ်ရက်များဖြစ်နေပါသဖြင့် လူကြီးမင်း၏ နာမည်နှင့် ဖုန်းနံပါတ်တို့ကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံသို့
ပေးပို့ထားနိုင်ပါသည်။
သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှ လူကြီးမင်းတို့ထံ ပြန်လည်ဆက်သွယ်ပါမည်။