တိုက်ခန်းသေးသေးလေးတွေမှာ နေတဲ့လူအများစုက အိမ်ထဲမှာ ပန်းလေးတွေနဲ့ အလှဆင်တတ်ကြပါတယ်။

ဒီလိုအလှဆင်တဲ့အခါမှာ အချိူ့အပင်တွေက ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ အထူးပဲ သတိထားသင့်ပါတယ်။

သစ်ပင်လေးတွေကို အိမ်ထဲမှာ စိုက်ထားတာကလည်း အလွန်လှပါတယ်။ သင့်အတွက် မကောင်းတဲ့ အပင်မျိုးကိုတော့ မစိုက်သင့်ပါဘူး။

ဒါဆိုရင် ဘယ်လိုအပင်မျိုးတွေက သင့်ကို ထိခိုက်စေနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။

၁ ။ ရွက်လှပင်

အပြင်ပန်းမှာတော့ လှပတဲ့အရွက်တွေ ရှိပါတယ်။ သူဟာ မူးယစ်စေတတ်တဲ့ အပင်မျိုးနွယ်ဝင်လဲ ဖြစ်ပါတယ်။
မတော်တဆ ပါးစပ်နဲ့ထိမိတာပဲဖြစ်ဖြစ်၊ စားမိတာပဲဖြစ်ဖြစ် ဝမ်းလျှောတာ၊ ပျို့အန်တာတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် ပါးစပ်နဲ့ လည်ချောင်းယားယံတာတွေကိုလည်း ဖြစ်စေပါတယ်။

၂ ။ ဆင်စွယ်ဂမုန်းပင်

အများစုကတော့ မြွေပန်းလို့ခေါ်ကြပြီးတော့ အိမ်တွင်းအလှဆင်ဖို့အတွက် သုံးတာများပါတယ်။ ဒီအပင်မှာ Saponin ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်ပြီးတော့ မျိုချမိရင် အဆိပ်ဖြစ်စေပါတယ်။
Saponin က ပျို့အန်တာတွေကိုဖြစ်စေတာကြောင့် အိမ်မွေးတိရစ္ဆာန်တွေနဲ့ အဝေးမှာလည်း ထားသင့်ပါတယ်။

၃။ ကျောက်စိမ်းဂမုန်း

ကျောက်စိမ်းဂမုန်း (သို့) ZZ လို့ သိကြတဲ့ပန်းမျိူးစိတ်ဟာ မျိူချမိရင် နာကျင်တာတွေ၊ အရေပြာယားယံတာနဲ့ ရောင်ရမ်းတာတွေကိုဖြစ်စေပါတယ်။
မတော်လို့ ထိခဲ့မိတယ်ဆိုရင် ရေနဲ့အမြန်ဆုံး ဆေးချလိုက်လို့ရပါတယ်။

၄ ။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်မျိူးစိတ်က နေရာအစုံမှာ အသုံးဝင်တာကို လူတိုင်းသိပါတယ်။ ဒါဆို ရှားစောင်းလက်ပတ်က ဘာလို့ အန္တရာယ်ရှိတဲ့ထဲပါရတာလဲ?။
အဖြေကတော့ ဝမ်းလျှောစေတတ်လို့ပါ။ ပြီးတော့ ဓာတ်မတည့်တာတွေကိုလည်း ဖြစ်စေပါတယ်။



၅ ။ Marigolds

Marigolds ကို မတော်ဘဲ စားမိခဲ့ရင် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပြဿနာရှိစေနိုင်ပါတယ်။ ပြီးတော့ အရေပြားမှာလည်း အဖုအပိမ့်တွေ ထစေနိုင်ပါတယ်။

၆ ။ ရွှေလာငွေလာနွယ်ပင်

သူ့မှာတော့ Calcium Oxalate ဆိုတဲ့ ဓာတ်တစ်မျိူးပါဝင်ပြီးတော့ လည်ချောင်းနာတာတွေ၊ အစားစားရခက်တာတွေကို ဖြစ်စေနိုင်ပါတယ်။
အရွက်တွေကလှပေမယ့်လည်း အိမ်မွေးတိရစ္ဆာန်တွေရဲ့ အဝေးမှာ ထားသင့်ပါတယ်။

၇ ။ ပိန်းရွက်လှ

သူကတော့ အသည်းပုံစံ အရွက်တွေရှိပြီးတော့ အရမ်းလှပါတယ်။ လှသလောက်လဲ အဆိပ်ပြင်းပါတယ်။
တိရစ္ဆာန်တွေနဲ့ ကလေးငယ်တွေဟာ ဒီလိုအပင်မျိူးနဲ့ ထိတွေ့မိရင် အသက်ရှူကြပ်တာမျိူးတွေ ဖြစ်စေပါတယ်။

၈ ။ ရွှေလာငွေလာပင်

ရွှေလာငွေလာပင်မှာတော့ လှပတဲ့အရွက်တွေ ရှိပါတယ်။ အိမ်တွင်းအလှဆင်တဲ့နေရာမှာ အလွန်ကြော့ရှင်းတာကြောင့် လူကြိုက်များပါတယ်။
နာမည်ကတော့ ထူးဆန်းပါတယ်။ သူဟာလဲ အပေါ်မှာ ဖော်ပြခဲ့တဲ့ အပင်တွေလိုပဲ Calcium Oxalate ဆိုတဲ့ဓာတ်ပါဝင်ပြီး နှုတ်ခမ်း၊ ပါးစပ်နဲ့ လျှာကို နာကျင်စေပါတယ်။

၉ ။ Euphorbia tirucalli

Euphorbia tirucalli ကတော့ အရေပြားနဲ့ မျက်လုံးကို ယားယံစေပါတယ်။ ဒါကြောင့် ဒီအပင်ကို ကိုင်တွယ်ရင် လက်အိတ်ဝတ်သင့်ပါတယ်။
တကယ်လို့ တိုက်ရိုက်ထိတွေ့ခဲ့မယ်ဆိုရင် မျက်လုံးနီခြင်းနဲ့ ယားယံခြင်းကိုဖြစ်စေလို့ အထူးဂရုစိုက်သင့်ပါတယ်။

၁၀ ။ ကျောက်ကွဲပင်

သူကတော့ ဆွဲဆောင်မှုရှိပြီး အရမ်းလှတဲ့ပန်းမျိူး ဖြစ်ပါတယ်။ ခရမ်းရောင်အဆင်းရှိပြီးတော့ အိမ်တွင်းအလှဆင်တဲ့နေရာမှာ အသုံးများပါတယ်။
အစေ့နဲ့ အရွက်ကို စားသုံးမိရင် လူရော တိရစ္ဆာန်ပါ သေစေနိုင်ပါတယ်။
အဆိပ်ဖြစ်စေတဲ့အတွက် အိမ်ထဲမှာ မစိုက်သင့်ပါဘူး။ တကယ်လို့ စိုက်ထားတယ်ဆိုရင်လည်း သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဝေးဝေးမှာပဲထားပါ။
ကိုင်တွယ်ရင်လည်း လက်အိတ်ဝတ်သင့်ပါတယ်။

Credit By : Mega Wave
Posted By : Ra Wai (ShweProperty.com)