ကိုယ့်အတွက်တန်ဖိုးနည်းသည်ဖြစ်စေ တန်ဖိုးများသည်ဖြစ်စေ ကိုယ်ပိုင်ဆိုင်တဲ့အရာကို တန်ဖိုးထားတက်စမြဲပါ။ထို့အတူပဲ အဝတ်အစားဖြစ်စေ အသုံးအဆောင်ဖြစ်စေ တစ်ခုခုကို စွန်းထင်းသွားစေမယ် ပျက်စီးသွားမှာကိုတော့ မလိုလားတက်ကြပါဘူး။အစွန်းအထင်းကွက်တွေကို ဖယ်ရှားနိုင်ဖို့ အချိန်ကုန်သက်သာစေတဲ့ အိမ်တွင်းနည်းလမ်း ၇ သွယ်ကို တင်ဆက်ပေးပါရစေ။
 
 
နှုတ်ခမ်းနီပေတဲ့အခါ...
 
 
ဆံပင်ပုံသွင်းဆေးနဲ့ အဝတ်စိုလေးလိုပါမယ်။ နှုတ်ခမ်းနီပေတဲ့နေရာကို Hairspray လေးဖြန်းပေးပြီး၁၀ မိနစ်လောက်စောင့်ပေးပါ။ ပြီးရင်တော့ အဝတ်စိုလေးတစ်ခုနဲ့ ပွတ်သပ်သန့်ရှင်းပေးလိုက်ပါ။ 
 
 
ကော်ဖီဖိတ်ကျတဲ့အခါ...
 
 
ရေအေးလေးနဲ့ပန်းကန်ဆေးဆပ်ပြာရည်သာလိုပါတယ်။ ကော်ဖီဖိတ်ကျလို့ နည်းနည်းကြာနေပြီဆိုရင်တော့ ရေအေးနဲ့ဆပ်ပြာရည်ကို ရောစပ်သုံးပေးပြီး အဝတ်ပေါ်ကအစွန်းအထင်းလေးကို အသာအယာသပ်ချပေးပါ။ 
 

 
မင်စွန်းပေတဲ့အခါ...
 
 
ဆံပင်ပူံသွင်းဆေး Hairspray နဲ့ အဝတ်သန့်ကလေးသာလိုပါတယ်။ မင်စွန်းတဲ့နေရာကို Hairspray နိုင်နိုင်ဖြန်းပေးပြီး 10 မိနစ်လောက်ထားလိုက်ပါ။
 

အညစ်အကြေးတွေလူးလာရင်....
 
 
ရှာလကာရည်တစ်ဆနဲ့ ရေတစ်ဆဆတူရောစပ်လိုက်ပါ။ အညစ်အကြေး အကွက်နေရာတွေပေါ်လောင်းချပြီး ၁၀ မိနစ်လောက်စိမ်ထားပေးလိုက်ရုံပါပဲလေ။ 
 
 
ချောကလက်တွေပေလူးသွားရင်.....
 
 
ဓားတစ်ချောင်း၊ ရေနဲ့ နို့၊ အဝတ်လျှော်ဆပ်ပြာရည်တွေ လိုအပ်ပါလိမ့်မယ်။ ဓားလေးနဲ့ ချောကလက်တွေကို ခြစ်ချလိုက်ပါ။ ကျန်နေတဲ့အကွက်ကိုတော့ နို့ရည်လေးလောင်းချပေးပြီး ငါးမိနစ်စာနှပ်ထားပေးလိုက်ပါ။
 
 

 

မိတ်ကပ်တွေပေပွသွားရင်...
 
 
အရက်ပြန်ရယ်၊ ဂွမ်းဖတ်လေးရယ်လိုပါမယ်။ စင်သွားအောင်လုပ်ဖို့ကလွယ်ပါတယ်။ အရက်ပြန်ကိုဂွမ်းနဲ့တို့ပြီး သန့်စင်သွားတဲ့အထိ ဖြည်းဖြည်းလေးပွတ်တိုက်ပေးလိုက်ရုံပါပဲ။
 
 
သွေးကွက်တွေဖယ်ချင်ရင်....
 
 
ရေ၊ စားပွဲတင်ဆားနဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်တွေလိုပါမယ်။ ဆားနဲ့ရေကိုခွက်လေးထဲမှာ ဖျော်ပေးလိုက်ပါ။ ပြီးရင်သွေးကွက်ပေါ်မှာဆယ်မိနစ်စာလောက် စိမ်ထားပေးလိုက်ပါ။
 
 
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ
 
 
အိမ်မှာခြင်ဆေးခွေ အမြဲလိုလိုသုံးမိနေပြီဆိုလျှင် မဖြစ်မနေ သိထားရမည့် အချက်များ
 
သန့်ရှင်းရေးပုံမှန်မလုပ်ရင် သင့်ရဲ့ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်လာစေမယ့် အိမ်သုံးပစ္စည်းများ
 
ကျန်းမာရေးကို ထင်မထားလောက်အောင်ထိခိုက်စေနိုင်တဲ့ အိမ်တိုင်းမှာရှိတတ်တဲ့အရာများ
 
အိမ်မှာသောင်းကျန်းနေတဲ့ ကြမ်းပိုးတွေကို ဘယ်လိုနှင်မလဲ
 

Written By: Khine Zar, ShweProperty.com
Posted By : Sint Sint, ShweProperty.com