၁။  နံရံများကိုသန့်ရှင်းရေးမလုပ်ခြင်း

နံရံတွေကိုဆေးသုတ်ပြီးသောအခါဖုန်မူန့်နဲ့အမှုန်အမွှားတွေကိုသတိထားမိပါလိမ့်မယ်။ဒါမှမဟုတ်မညီမညာလိုင်းထနေတဲ့နေရာတွေကိုလဲတွေ့ရပါလိမ့်မယ်။ဒီလိုပြဿနာကိစ္စရပ်လေးတွေမဖြစ်အောင်အရင်ဆုံးနံရံကိုသန့်ရှင်းရေလုပ်ဖို့လိုအပ်ပါတယ်။

၂။Painter တိပ်မသုံးမိခြင်း

 Painter tape သုံးခြင်းဖြင့်ပေါလစ်ပြီးဆုံးစေကြောင်းသိနိုင်ပါတယ်၊၊တိပ်ကိုအောက်ခံဘုတ်နဲ့ ပြတင်းပေါက်များအနီးတွင်ကပ်ထားခြင်းဖြင့်ဆေးစက်များမထိစေရန်ကာကွယ်ပေးပါတယ်၊၊တိပ်ကိုသုတ်ဆေးမခြောက်ခင်ဖယ်ရမှာဖြစ်ပြီးဆေးခြောက်မှဖယ်ရင်ဆေးကျွတ်သွားနိုင်ပါတယ်။

၃။Paint Brush မှားသုံးမိခြင်း  

သင့်ရဲ့ပရောဂျက်အတွက်ဆေးသုတ်ခြင်းမှာမှန်ကန်တဲ့ Paint Brush ရွေးချယ်နိုင်ဖို့က အရေးကြီးပါတယ်၊၊(နိုင်လွန်/ပိုလီစတာ)အမွှေးအမျှင်ပါတဲ့ဘရပ်ရှ်တခုကိုလိုအပ်ပါတယ်။အဆီအခြေခံသဘာဝသုံးဘရပ်ရှ်များလည်းသုံးလို့သင့်တော်ပါတယ်။နံရံဆေးသုတ်ဘရပ်ရှ်အရည်အသွေးသည်ကောင်းမွန်သောအသုံးချမှု၏သော့ချက်ဖြစ်သည်။




၄။ရာသီဉတုကိုထည့်မတွက်မိခြင်း

သင်ကအပြင်ပိုင်းဆေးသုတ်ခြင်းပရောဂျက်ကိုလုပ်ဆောင်နေပါကဆေးမသုတ်မှီစိုစွတ်မှုကိုစတင်စစ်ဆေးဖို့လိုအပ်ပါတယ်။စိုထိုင်းမှုမြင့်မားနေရင်ဆေးခြောက်ချိန်ပိုကြာမြင့်ပါလိမ့်မယ်။စိုစွတ်မှုများနေရင်၁ရက်မှ၂ရက်ကြာသည်အထိစောင့်ပေးရပါမယ်၊၊
 
၅။Primer ဆေးသုတ်ခြင်းကိုကျော်ခြင်း

Primer ဆေးသုတ်ခြင်းကိုလုံးဝမကျော်သင့်ပါဘူး။Primer ကဆေးသားကိုပိုမိုတွယ်ကပ်စေရန်ကောင်းမွန်သောနံရံမျက်နှာြပင်ကိုဖန်တီးပေးပြီးလှပသောနံရံမျက်နှာပြင်ဖြစ်ဖို့ဖန်တီးလုပ်ဆောင်ပေးပါတယ်၊၊Primer ကသင်ရွေးချယ်ထားသောအရောင်ကိုဆေးသားပိုထွက်စေဖို့လုပ်ဆောင်ပေးပါတယ်။

၆။သင့်ရဲ့ဆေးသုတ်တံကိုဘူးထဲသို့နစ်ခြင်း

သင့်ရဲ့ဆေးသုတ်တံကိုဆေးဘူးထဲသို့လုံးဝနစ်လိုက်တာမျိုးမလုပ်သင့်ပါဘူး။ဆေးသုတ်တံရဲ့၃ပုံ၁ပုံခန့်သာဆေးဗုံးထဲကိုနစ်ပြီးအသုံးပြုခြင်းဖြင့်ဆေးတွေလိုတာထက်ပိုရွဲပြီးဖြုန်းတီးမိခြင်းကတားဆီးပေးပါလိမ့်မယ်။

၇။ဒုတိယဆေးသုတ်ခြင်းကိုမစောင့်ပဲသုတ်ခြင်း

ဒုတိယအကြိမ်ဆေးထပ်သုတ်မယ်ဆိုရင်ပထမဆေးသုတ်ထားတာကိုခြောက်သည်အထိစောင့်ဖို့လိုပါတယ်၊ပထမသုတ်ဆေးမခြောက်ပဲသုတ်မိမယ်ဆိုရင်တော့သင်လုပ်ထားမျှကပျက်စီးသွားပါလိမ့်မယ်။ထိုကြောင့်ဆေးသုတ်ခြင်းတခုနဲ့တခုကြားမှာစေ့စပ်သေချာဖို့လိုပါတယ်။ 

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

အိမ်တွင်းအလှစိုက်အပင်တွေအတွက် သိထားသင့်တဲ့အချက်များ

အိမ်မှာ ဒီပင်တွေစိုက်ထားမယ်ဆိုရင် ကံကောင်းစေသတဲ့

အိမ်မှာထားရင် ကံကောင်းခြင်းတွေရောက် လာစေတဲ့ ပစ္စည်း (၇)မျိုး

ရှားစောင်းလက်ပက်ကို အိမ်မှာ ဘယ်လိုစိုက်မလဲ


Credit By: ရွှေပိုးအိမ် ဆေးသုတ်လုပ်ငန်း
Posted By : Chan Myae (ShweProperty.com)