လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ လ/န ဟူသည် ၁၉၅၃ ခုနှစ်က စတင်အသက်ဝင်လာခဲ့သည်။ 
အဆိုပါ လ/န ဥပဒေစာအုပ်၏ အပိုဒ် ၃ (ခ) မှာ  လယ်ယာမြေအဓိပ္ပာယ်ကို တိတိကျကျဖွင့်ဆိုထားသည်။ မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော လယ်ယာမြေအားလုံးစာရင်းဝင်နေသမျှကာလပတ်လုံး အခြားနည်းနဲ့ သုံးစွဲခြင်းမပြုရဟူ၍ ပါရှိသည်။ ဆိုလိုသည်မှာ အိမ်ဆောက်လုပ်ခြင်း၊ လူနေထိုင်ခြင်း၊ စက်ရုံဆောက်ခြင်းစသည်တို့ ပြုလုပ်ပိုင်ခွင့်မရှိဟူ၍ ဆိုသည်။ အပိုဒ် ၃ (ခ) အရ လယ်ယာမြေစာရင်းတွင် အကျုံးမဝင်မှသာ အိမ်ဆောက်ခြင်း၊ စက်ရုံတည်ခြင်းတို့ ဆောင်ရွက်ခွင့်ရှိမည်။ 
 
 
ထို့ကြောင့်အရပ်ထဲတွင် ပြောနေကြသော 3 (B) ကျသည်ဆိုသည်မှာ ၃ (ခ) /3 (B) စာရင်းထဲတွင် မပါဝင်တော့ကြောင်း ဝန်ခံလက်မှတ်ထုတ်ပေးရေး အတည်ပြုအဖွဲ့က စာရင်းထုတ်ပြန်ပေးလိုက်သည်ကို ဆိုလိုခြင်းဖြစ်ပါသည်။ အရပ်ခေါ် 3 (B) ကျပြီဆိုပါက လယ်ယာမြေကနေ လူနေအိမ်ဖြစ်လာနိုင်သည်ဟု နားလည်ထားရမည်။ 
 
 
နောက်ပုဒ်မအနေနဲ့ လ/န - ၃၉ ရဲ့ သက်ရောက်မှုကတော့ မည်သည့်မြေကိုမဆို မြေအမျိုးအစားပြောင်းလဲနိုင်သည်ဟုဆိုသည်။ တောင်/ မြောက်ဥက္ကလာ၊ တောင်/ မြောက်ဒဂုံ အစရှိသမျှ မြို့သစ်များသည်လည်း တစ်ချိန်က လယ်မြေ/ ယာမြေများပင်ဖြစ်သည်။ လ/န - ၃၉ ရဲ့အကျိုးသက်ရောက်မှုပါဝါကြောင့် အခုဆိုရင် မြို့နေ၊ လူနေမြေများ ပြောင်းလဲသွားကုန်ခြင်းဖြစ်တာပေါ့။
   
လယ်မြေနဲ့ လယ်ယာမြေသည် ဆင်တူယောင်ယောင်ရှိပေမယ့် လုံးဝမတူကြောင်းကို အနည်းငယ်လောက်တော့နားလည်ထားရမည်။ လယ်မြေတွေကို အကာအကွယ်ပေးတဲ့အနေနဲ့ လ/ယ ၃၀ ဥပဒေပုဒ်မမှာ လယ်ယာမြေကို ဝယ်ယူထားပြီး အခြားနည်းလမ်းဖြင့် အသုံးချမည်ဆိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုမိန့်ပါရမည်ဖြစ်သည်။
  
တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ရဲ့ ထောက်ခံမှုကိုရယူပြီး ဗဟိုလယ်ယာေ မြစီမံခန့်ခွဲမှုအဖွဲ့ကို တင်ရမည်။ မလွယ်ကူသောအရာများသာဖြစ်သည်။ ထို့ကြောင့် မြို့ပေါ်ကမြေကို မဝယ်ဘဲ နယ်ဘက်ကမြေကို ဝယ်ယူမည်ဆိုရင် လယ်ယာမြေလား … လယ်မြေလား သေချာစုံစမ်းသင့်ပါသည်။ 
 

 
လယ်မြေသည် ဆန်စပါးတစ်မျိုးတည်းကိုသာ စိုက်သော မြေဖြစ်ပြီး၊ လယ်ယာမြေဆိုတာကတော့ စိုက်လို့ရသမျှသော သီးနှံအမျိုးမျိုး၊ ယာအမျိုးမျိုးစိုက်တဲ့ မြေကို ဆိုလိုခြင်းဖြစ်ပါသည်။ 
 
(အထက်ပါအကြောင်းအရာများကို ဆရာကြည်စိုးရေးသားထားသော အိမ်ဘုရင်၏အိမ်ခြံမြေရေးရာ စာအုပ်မှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်)

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

လူနေထိုင်ခွင့်မရသေးသည့် တိုက်တွင် ငှားရမ်းနေထိုင်ခဲ့လျှင်

အိမ်ခြံမြေ တိုက်ခန်း ဝယ်ယူသူတို့၏ ဥပဒေပါ အခွင့်အရေး

စရန်ငွေ ပေးချေခြင်းနှင့် ဥပဒေပါ အခွင့်အရေး

အိမ်ခြံမြေကို ပေါင်မယ်ဆိုရင်


Written By: Aye Sandar
Posted By : Sint Sint (ShweProperty.com)