ကျွန်မတို့ နွားနို့တို့၊ ချီစ်တို့ စတဲ့ အစားအစာတွေကိုတော့ သက်တမ်းလွန်နေပြီလားဆိုတာ အမြဲ စစ်ဆေးလေ့ရှိပါတယ်။ ဒါပေမယ့် တချို့ အိမ်သုံးပစ္စည်းတွေကိုဆိုရင် တစ်သက်လုံးသုံးလို့ရတယ်လို့ ထင်မှတ်နေတတ်ပါတယ်။
 
ခေါင်းအုံး
 
ခေါင်းအုံး တစ်လုံးကို ၂ နှစ်ကနေ ၃ နှစ်ကြားဘဲ သုံးသင့်ပါတယ်။ အဲ့ထက်ပိုကြာသွားရင် ခေါင်းအုံးရဲ့ ပုံစံပျက်သွားပြီး အိပ်ရဲ့ ပုံစံ မမှန်တော့လို့ လည်ပင်းနာတတ်ပါတယ်။ ခေါင်းအုံးမှာလည် ဖုန်မှုန့်တွေ ကြေးတွေ အထပ်ထပ်နဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။
 
ဖိနပ်
 
ဖိနပ် တွေ အထူးသဖြင့် ရေချိုးခန်းထဲမှာ စီးတဲ့ ဖိနပ်တွေဆိုရင် အချိန်ကြာလာတာနဲ့အမျှ မှိုတွေ ကြေးတွေ တက်လာတတ်ပါတယ်။ ဒါကြောင့် သူတို့ကို ၆ လဝန်းကျင်ဘဲ သုံးသင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ခဏခဏ ဆေးကြောပေးဖို့လိုအပ်ပါတယ်။
 
ရေချိုးခန်းထဲက ပစ္စည်းများ
 
ရေမြှပ်တွေကို ၂ ပတ်တစ်ခါလောက် လဲသင့်ပါတယ်။ ဂျီးတိုက်တဲ့ပစ္စည်းများကိုလည်း အများဆုံး ၆ လတစ်ခေါလောက် လဲသင့်ပါတယ်။ မဟုတ်ရင် မှိုတွေတဖြည်းဖြည်း စွဲကပ်လာပါလိမ့်မယ်။ ဒီပစ္စည်းတွေမှာရှိတဲ့ ဘက်တီးရီးယား ပိုးမွှားတွေသေအောင် ရေနွေးပူပူထဲမှာ ပြုတ်ပေးပါ။
 


မျက်နှာသုတ်ပဝါ
 
မျက်နှာသုတ်ပဝါ တစ်ထည်ကို ၁ နှစ်ကနေ ၃ နှစ်ဘဲ သုံးသင့်ပါတယ်။ စိုနေတဲ့ မျက်နှာသုတ်ပဝါမှာ ဘက်တီးရီးယား ပိုးမွှားတွေအများကြီးကပ်နေတတ်ပါတယ်။ လျှော်လိုက်ပြန်သုံးလိုက်လိုက်ရင်လည်း ၃ နှစ်ထက်တော့ မကျော်ရင် ပိုကောင်းပါတယ်။
 
သွားတိုက်တံ
 
သွားတိုက်တံကို ၃ လတစ်ခါလဲလှယ်ပေးသင့်ပါတယ်။ သွားတိုက်တံရဲ့ ဘရတ်တွေက မကောင်းတော့ရင်လည်း သွားကျန်းမာရေးအတွက် မကောင်းပါဘူး။ အကယ်၍ ဖျားပြီးနောက်နေပြန်ကောင်းလာချိန်မှာဆိုလည်း ဖြစ်နိုင်ရင် သွားတိုက်တံ အသစ်လဲလှယ်ပေးပါ။

 လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
သင့်အိမ်ထဲမှာ မကောင်းတဲ့ အမှောင့်ပယောဂတွေရှိမှန်း သိနိုင်မယ့် လက္ခဏာ (၆) မျိုး 
 
အိမ်တွေမှာ အသုံးများတဲ့ ဒယ်အိုးနီရဲ့ မာယာ အန္တရာယ်အကြောင်း 
 
အိမ်မှာထားရင် လာဘ်ကောင်းစေတယ်လို့ ယူဆကြတဲ့ အဆောင်များ

Credit By: myhealth myanmar
Posted By : Sint Sint (ShweProperty.com)