''တိုက်ခန်းဝယ်ရင်မြေရှင် သဘောတူမှ ရောင်းလို့ရတာလား ဆရာ''ဟု နယ်မှ မိတ်ဆွေတစ်ဦးက စာရေးသူ ထံ လာရောက်မေးမြန်းခြင်းဖြစ်သည်။
 
''သူငယ်ချင်းက ရန်ကုန်ပြောင်း လာနေမလို့လား'' စာရေးသူက ငယ် သူငယ်ချင်းအားပြန်လည် မေးလိုက် ခြင်းဖြစ်သည်။
 
''ပြောင်းလာဖို့တော့ မဟုတ်ပါ ဘူး။  ဒါပေမယ့် သားကြီးက ရန်ကုန် မှာရှိတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်ရ တော့ တိုက်ခန်းလေးဝယ်ထားမလား လို့။ တို့ မိသားစုဒီကို အလည်လာရင် လည်း တခြားနေရာမှာသွားမတည်း ရတော့ဘူးပေါ့''
 
''ကောင်းတဲ့ အစီအစဉ်တစ်ခု ပါ။ အခု ဘယ်လိုကိစ္စဖြစ်လို့လဲ၊ ဝယ် ဖို့ တိုက်ခန်းတွေ့ပြီလား''
 
''သားရဲ့ အလုပ်နဲ့လည်းနီးတယ် ဆိုပြီး တွေ့ထားတာရှိတယ်''
 
''စရန်ငွေပေးပြီးပြီလား''
 
''စရန်ငွေတော့ မချရသေးဘူး။ မြေရှင်နဲ့ သဘောတူညီချက်မရသေး လို့ဆိုပြီး စောင့်နေရတယ်။ အချို့ ပြောတော့ မြေရှင်ရဲ့ သဘောတူညီ ချက် မလိုဘူးလို့ပြောတယ်။ အဲဒါ ဘယ်လိုအခြေအနေလဲဆိုတာ သိချင်လို့''
 
''ဥပဒေမှာတော့ အပျောက် စနစ်နဲ့ တိုက်ခန်းဝယ်ယူခြင်းဆိုတာ နေပိုင်ခွင့်အတွက် တန်ရာတန်ကြေး ပေး၍ ဥပစာကိုလွှဲပြောင်းရယူတဲ့ စနစ်ဖြစ်တယ်လို့ ဖွင့်ဆိုထားတယ်။ ဒါကြောင့် တိုက်ခန်းပိုင်ရှင်က လွှဲ ပြောင်းရောင်းချရာမှာ အဆောက် အအုံတစ်ခုလုံး ပိုင်ရှင် (မြေရှင်)၏ ကြိုတင်ခွင့်ပြုချက်ရယူ ဆောင်ရွက် ရန်မလိုဟု တရားရုံးချုပ်က ဆုံးဖြတ် ထားတဲ့ ဒေါ်ငွေသိန်းနှင့် ဒေါ်သိန်း ညွန့် ၁၉၉၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၇ မှာ ဖော်ပြထားတယ်''
 
''အိမ်ပွဲစားပြောတာကတော့ မြေရှင်က အမည်ပြောင်းခအဖြစ် ရောင်းဖိုးငွေရဲ့ ထက်ဝက်ပေးရမယ် လို့ တောင်းဆိုတဲ့အတွက် အဆင်မ ပြေသေးဘူးလို့ ပြောတာပဲ''
 
ဒါတော့ မဟုတ်သေးဘူး သူ ငယ်ချင်း။ တစ်ခုခုများလွဲနေပြီ ထင် တယ်။ တိုက်ခန်းအမည်ပြောင်းခက ရောင်းဖိုးငွေရဲ့ တစ်ရာခိုင်နှုန်း (၁%) ပဲ ပေးကြတာရှိတယ်။ အိမ်တန်ဖိုးရဲ့ ထက်ဝက် ရာခိုင်နှုန်းနဲ့ဆိုရင် ငါး ဆယ်ရာခိုင်နှုန်းပေးရမယ်ဖြစ်နေတာပေါ့''
 

 
''အချို့ကပြောတော့ အိမ်အ ရောင်းအဝယ်အကျိုးဆောင်ခနှုန်း ဖြစ်တဲ့ နှစ်ရာခိုင်နှုန်းနဲ့ အများဆုံး အမည်ပြောင်းခကို မြေရှင်ထံပေးကြ တာပဲရှိတယ်လို့ သိရတယ်''
 
''ရောင်းမယ့်တိုက်ခန်းက အ ရှုပ်အရှင်းတစ်ခုခုရှိနေတယ်ထင်တယ်။ အမှုများဖြစ်နေလို့လား''
 
''အမှုတော့ မဖြစ်ထားဘူး။ ဒါ ပေမယ့် အစိုးရက ချပေးထားတဲ့ တိုက် ခန်းလို့လည်း ပြောသံကြားတယ်''
 
''နိုင်ငံခြားပြန်တိုက်ခန်းများ ဖြစ် နေလို့လား''
 
''နိုင်ငံခြား ပြန်တိုက်ခန်းဆိုတာ က ဘယ်လိုတိုက်ခန်းမျိုးကို ပြောတာ လဲ''
 
''ယခင်က ရန်ကုန်မြို့မှာရှိတဲ့ တိုက်ခန်းတွေမှာ နိုင်ငံခြားသားတွေ ဖြစ်တဲ့ တရုတ်လူမျိုး၊ အိန္ဒိယ လူမျိုး  တွေ နေထိုင်ပိုင်ဆိုင်ကြတယ်။ ၁၉၆၄ ခုနှစ်မှာ နိုင်ငံခြားသားပိုင် စီးပွား ရေးလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်း ခဲ့တယ်။ စီးပွားရေးလုပ်ငန်းရှင်တွေလည်း လုပ်ငန်းရပ်ဆိုင်းသွားတယ်။ အချို့နိုင်ငံခြားသား တရုတ်လူမျိုး၊ အိန္ဒိယလူမျိုးတွေက မိမိသက်ဆိုင်ရာ နိုင်ငံသို့ ပြန်သွားကြတယ်။ အဲဒီ နိုင်ငံခြားသားပိုင် တိုက်ခန်းတွေကို နိုင်ငံတော်အစိုးရက သိမ်းဆည်း လိုက်တယ်။ ဒါကြောင့် နိုင်ငံခြားပြန် တိုက်ခန်းများလို့ လွယ်လွယ်ကူကူ ခေါ်ပြောလာကြတာဖြစ်တယ်''
 
''အဲဒီနိုင်ငံခြားပြန် တိုက်ခန်း တွေကို ဘယ်လိုဆောင်ရွက်ကြသလဲ''
 
''တော်လှန်ရေးကောင်စီခေတ် က ပြည်သူပိုင် (နိုင်ငံပိုင်) တိုက်ခန်း အဖြစ် သိမ်းပြီး၊ တော်လှန်ရေးကောင် စီအစိုးရ ပြည်သူ့အိုးအိမ်ပြန်လည် ထူထောင်ရေးနှင့် မြို့ရွာ စည်ပင်ရေး အဖွဲ့ (အဆောက်အအုံအုပ်ချုပ်မှု ဌာန) မှ သင့်တော်သူကို အိမ်ငှားအ ဖြစ်ချပေးလေ့ရှိတယ်။ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီခေတ်တိုင်ကျင့်သုံး ဆောင်ရွက်ခဲ့ပါတယ်''
 
''အိမ်ငှားအဖြစ်ချပေးတယ်ဆို တော့ အိမ်လခပေးရမှာပေါ့''
 
''ပေးရတာပေါ့။ အခုလည်း အ ပျောက်စနစ်နဲ့ ဝယ်တဲ့သူတွေက မြေ ရှင်ကို အိမ်ငှားရမ်းခပေးကြရတယ်။ နိုင်ငံပိုင်တိုက်ခန်းဖြစ်လို့ အိုးအိမ်ဦးစီး ဌာနမှာ အိမ်လခပေးသွင်းကြရတယ်''
 
''အဲဒီလိုနိုင်ငံပိုင် တိုက်ခန်းကို ဝယ်ရင် အိုးအိမ်ဦးစီးဌာနမှာ အမည် ပြောင်းလျှောက်ရမှာပေ့ါ''
 
''နိုင်ငံပိုင်တိုက်ခန်းဖြစ်လို့ လွှဲ ပြောင်းရောင်းချခွင့်မရှိဘူး။ ဒါပေ မယ့် အိမ်ငှားအဖြစ် သတ်မှတ်ချပေး ခံရသူ၏ မိသားစုဝင်များက ဆက် လက်နေထိုင်ခွင့်ရှိမှာဖြစ်ပါတယ်''
 
''ဒါဆိုရင် အခုကိစ္စက နိုင်ငံခြား ပြန်တိုက်ခန်းဖြစ်ပြီး နိုင်ငံတော်က သိမ်းထားတဲ့ နိုင်ငံပိုင်တိုက်ခန်းဖြစ် နေရင် ရောင်းပိုင်ခွင့်မရှိဘဲ လိမ် လည်ရောင်းတာဖြစ်နေတာပေါ့။ သူ ငယ်ချင်းရှင်းပြမှစရန်ငွေမပေးဖြစ်တာ တော်သေးတယ်လို့ ရင်ထဲမှာ အပူလုံး ကြီးကျသွားသလို ခံစားလိုက်ရတယ်''
 

 
''မြေပိုင်ရှင်ကို တိုက်ခန်းပြန် လည် လွှဲပြောင်းမပေးသေးရင်တော့ နိုင်ငံပိုင်တိုက်ခန်းဖြစ်နေလို့ ရောင်း ပိုင်ခွင့်မရှိတာကြောင့် သေချာစုံစမ်းဖို့ တော့ လိုလိမ့်မယ်။ အိမ်လခကို အိုး အိမ်ဦးစီးဌာနမှာပဲ ပေးသွင်းနေသ လားဆိုတာ မေးမြန်းစုံစမ်းပြီးမှ ဝယ်ပါ''
 
 ''သူငယ်ချင်းပြောတဲ့ မြေပိုင်ရှင် ကို တိုက်ခန်းပြန်လည်လွှဲပြောင်းပေး တယ်ဆိုတာက ဘယ်လိုကိစ္စမျိုးလဲ''
 
''နိုင်ငံတော်အစိုးရက ပြည်သူ ပိုင်အဖြစ် သိမ်းထားတဲ့ တိုက်ခန်းတွေ ကို သက်ဆိုင်ရာမြေပိုင်ရှင်ထံပြန် လည်လွှဲပြောင်းပေးတာတွေလည်း ရှိ တယ်''
 
 ''အဲဒါမျိုးဆိုရင် တိုက်ခန်းနေသူ က ဘယ်လိုအခြေအနေဖြစ်သွားလဲ''
 
''ဒါနဲ့ ပတ်သက်လို့ရှင်းအောင် ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ် ထားတဲ့ ဒေါ်စန်းနိုင်နှင့် ဦးဝင်းကို ပါ နှစ်ဦး၊ ၂ဝဝ၂ ခုနှစ်၊ စာမျက်နှာ-၂၇ဝ အမှုမှာ ပြည်သူပိုင် သိမ်းထား သည့် အခန်းကို ပြည်သူပိုင်သိမ်းခြင်း မှ ရပ်စဲ၍ ပိုင်ရှင်သို့ ပြန်လည်လွှဲ ပြောင်းပေးအပ်သည့်အခါ အဆိုပါ ပြည်သူပိုင်သိမ်းထားသည့် အခန်းတွင် အငှားချထားခြင်းခံရသူသည် မြေပိုင် ရှင်၏ အိမ်ငှားအဖြစ် ဆက်လက်ရပ် တည်သည်လို့ ဖော်ပြထားပါတယ်''
 
''ဒါဆိုရင် အခုရောင်းမယ်ဆိုတဲ့ တိုက်ခန်းက နိုင်ငံပိုင်သိမ်းခဲ့ရင်လည်း မြေရှင်ကို ပြန်လည်ပေးအပ်ခြင်းရှိ မရှိ မေးရမှာပေါ့''
 
''မှန်ပါတယ်။ မြေရှင်မှ လွှဲ ပြောင်းရယူထားပြီး မြေရှင်ထံတိုက် ခန်းနေသူက အိမ်လခပေးခဲ့ရင်တော့ မြေရှင်နဲ့အိမ်ရှင်အိမ်ငှားဆက်စပ်မှုရှိ ပြီး မြေရှင်အနေနဲ့ အမည်ပြောင်းခ ၁ ရာခိုင်နှုန်းသာ ရခွင့်ရှိမှာဖြစ်တယ်'' လို့ ရှင်းပြဆွေးနွေးလိုက်ပါသည်။
 
ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
 
အိမ်ဝယ်မယ်ဆို ဖုန်းရွှေနည်းကိုလည်း ထည့်သွင်းစဉ်းစားပါ
 
တိုက်ခန်းနဲ့နေရခြင်းရဲ့အားသာချက်များ
 
အိမ်၊ခြံ၊မြေ အပြီးအပိုင် ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချရာတွင် လွှဲပြောင်းရောင်းချပေးသူ၏ တာဝန်ဝတ္တရားများနှင့် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ
 
မြေကိုအရပ်ကတိစာချုပ်နဲ. အရောင်းအဝယ်တွေလုပ်တာ ဥပဒေအရတရားဝင်ပါသလား
 
Credit : ထီယု (ဥပဒေအတိုင်ပင်ခံ)
Posted By : Sint Sint (ShweProperty.com)