မြို့နယ်  စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးကို  တိုက်ခန်းအမည်ပြောင်း လျှောက်ထားတဲ့ အခါ ပါဝင် ထည့်သွင်းလျှောက်ထားရမယ့်အချက်တွေကို ဖော်ပြလိုက်ပါတယ်။

ကိုယ်တိုင်ရေးလျှောက်လွှာ တစ်စောင်နဲ့အတူ
 
၁။ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က ထုတ်ပေးတဲ့ အဆောက်အအုံ နေထိုင်ခွင့် စာချုပ် သို့မဟုတ် သက်ဆိုင်ရာ မြို့နယ်စည်ပင်သာ ယာ အုပ်ချုပ်ရေးမှူးရုံးရဲ့  တိုက်ခန်းနေရာချထားခြင်း လက်မှတ်တစ်စောင်။

၂။ တိုက်ခန်းလွှဲပြောင်း လက်ခံ ခြင်း သဘောတူစာချုပ်မိတ္တူတစ်စောင် ။

၃။ သက်ဆိုင်ရာ ရပ်ကွက်အာဏာ ပိုင်ရဲ့ တိုက်ခန်းပိုင်ဆိုင်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက် တစ်စောင်။

၄။ တိုက်ခန်း လွှဲပြောင်းသူ၊ တိုက် ခန်း လက်ခံသူတွေရဲ့ မူရင်းနဲ့ တိုက် ဆိုင် စစ်ဆေးထားတဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြား မိတ္တူတစ်စောင်။

၅။ တိုက်ခန်းလွှဲပြောင်းသူရဲ့ လိုင်စင်ဓာတ်ပုံနှစ်ပုံ။

၆။ တိုက်ခန်း  လွှဲပြောင်းသူရဲ့  မူရင်းနဲ့  တိုက်ဆိုင်စစ်ဆေးထားတဲ့ အိမ်ထောင်စုစာရင်း  မိတ္တူတစ်စောင်။

၇။ တိုက်ခန်းလွှဲပြောင်း  သူရဲ့ အမည်ပြောင်းလဲခြင်းကို  ကန့်ကွက်ရန်မရှိကြောင်း  ဝန်ခံကတိပြုချက် တစ်စောင်။



၈။ ရေခွန်ပေးဆောင်ပြီးပြေစာ မိတ္တူ သို့မဟုတ် လွှဲပြောင်းလက်ခံသူက  တိုက်ခန်းနဲ့ ပတ်သက်တဲ့ ကြွေးကျန်ကိစ္စတွေ ဖြေရှင်းမယ့် ဝန်ခံကတိပြုချက် တစ်စောင် စာရွက်စာတမ်းတွေကို စုံလင်စွာ တင်ပြရမှာ ဖြစ်ပါတယ်။ အဲသည် လို တင်ပြပြီးရင်ဌာနက စိစစ်မှုတွေ ပြုလုပ်ကာ  အောက်ပါစည်းမျဉ်း အတိုင်းဆက်ပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

(က)  တိုက်ခန်းအမည်ပြောင်း လျှောက်ထားချက်ကို စိစစ်ပြီး  လွှဲ ပြောင်းသူနဲ့  လက်ခံသူတို့ကို  ကိုယ်တိုင်လက်ထောက်ဌာနမှူး (မြေရာ)  ရဲ့  ရှေ့မှာ  လက်မှတ်ရေးထိုး လွှဲပြောင်းပေးရမည်။

(ခ)  လျှောက်ထားသူက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းပြီးမှ  အမည်ပြောင်းခွင့်ပြုမည်။

(ဂ) တိုက်ခန်း လွှဲပြောင်း သူကိုယ် တိုင်  လာရောက်ခြင်း မပြုပါက နေ့စဉ်သတင်းစာမှာ ကန့်ကွက်ရန် ရှိမရှိ ကြော်ငြာ စေမည်။  (အမည်ပြောင်းသူက ကြော်ငြာခကို ကျခံရမည်)

(ဃ) သတ်မှတ်ထားတဲ့ ကာလအတွင်း ကန့်ကွက်ခြင်းမရှိရင် အမည်ပြောင်းလျှောက်ထားသူက မူ လ အဆောက်အအုံ  နေထိုင်ခွင့်စာချုပ်ကို ပယ်ဖျက်၍  အမည်ပြောင်း လျှောက်ထားသူအမည်နဲ့  ချုပ်ဆိုထားတဲ့  စာချုပ်ကို ဆက်လက် ချုပ် ဆိုပေးပါမည်။

(င)  ကော်မတီ က စီမံခန့်ခွဲလျက်ရှိ တဲ့ တိုက်ခန်းတွေရဲ့ သတ်မှတ်ထားတဲ့ မြေငှားခကို နေထိုင်သူတွေဆီက တိုက်ခန်းအမျိုးအစား  အလိုက် သတ်မှတ်ထားတဲ့ ဘဏ္ဍာရေး နှစ် အလိုက် ကော်မတီက ထောက်ခံသွားမှာ ဖြစ်ပါတယ်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အပျောက်စနစ်နှင့် ၀ယ်ထားသည့် တိုက်ခန်းများရှိသော မြေကို ၀ယ်မည်ဆိုလျှင်

ဘာလို့မြေရှင်လက်မှတ်ဆိုတာ အရေးပါလာတာလဲ

မိန်းမဖြစ်သူ၏အမည်ဖြင့် မြေကွက်ဝယ်ယူ ခြင်း နှင့် ခင်ပွန်းဖြစ်သူ၏ အကျိုးသက်ဆိုင်ခွင့်

စာချုပ်စာတမ်းနှင့် ပေးကမ်းခြင်း

Credit By: Kumudra
Posted By : Ra Wai (ShweProperty.com)