အိမ်ဆောက်တော့မယ်ဆိုရင် သိထားသင့်တဲ့ ဗေဒင်ပညာလိုက်နာစရာများ 

အိမ်ဆောက်တော့မယ်ဆိုရင် လူတွေတော်တော်များများ လိုက်ရှာတာက Architect နဲ့ Construction Company ပါပဲ။ ဒါတွေက အိမ်ဆောက်ဖို့ အဓိကလိုအပ်ချက်တွေဆိုပေမယ့် ရှေးထုံးလည်းမပယ်နဲ့ စျေးသုံးလည်း မလွယ်နဲ့ဆိုသလို အိမ်ဆောက်တဲ့အခါ ချောမွေ့အောင်မြင်စေဖို့နဲ့ အိမ်မှာနေထိုင်တဲ့အခါ မိသားစုအတွက် စီးပွားတိုးတက်စေဖို့၊ အိမ်တွင်းရေးအဆင်ပြေစေဖို့ လိုက်နာသင့်တဲ့အချက်လေးတွေရှိပါတယ်။ အဲဒါတွေကတော့... 

အခါတော်ပေး ရက်ရာဇာရွေး 

အိမ်ဆောက်တော့မယ်ဆိုရင် အဓိကက အိမ်ဆောက်သင့်တဲ့အချိန်အခါ၊ ရက်တွေရွေးဖို့ပါပဲ။ ဒီလိုရွေးတာဟာလည်း တတ်ကျွမ်းနားလည်သူတွေနဲ့သာ ရွေးသင့်ပြီး မရွေးသင့်တဲ့ရက်ကိုရွေးပြီး ဆောက်မိမယ်ဆိုရင်  အိမ်ရှင်တွေကို ခိုက်တတ်ပါတယ်။ ဒါကြောင့် အိမ်ဆောက်မယ့်ရက်ကို ဗေဒင်ပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှသာ ဆောက်လုပ်သင့်ပါတယ်။ 

မြေသန့်ခြင်း 

အိမ်သူအိမ်သားတွေ အဆင်ပြေဖို့၊ စီးပွားတိုးတက်စေဖို့ဆိုရင် အိမ်ဆောက်တဲ့အခါ မြေသန့်တဲ့နေရာမှာ ဆောက်မိဖို့လိုပါတယ်။ မြေအစွဲရှိနေတဲ့နေရာ၊ တစ်ခုခုရှိနေတဲ့နေရာတွေမှာ ဆောက်ဖြစ်ရင် အိမ်ဆောက်ပြီးခါမှ မိသားစုကို တစ်နည်းမဟုတ်တစ်နည်းဒုက္ခပေးလာနိုင်ပါတယ်။ ဒါကြောင့် အိမ်ဆောက်တော့မယ်ဆိုရင် ဆောက်မယ့်မြေနေရာကို ဗေဒင်ပညာ၊လောကီပညာတတ်ကျွမ်းနားလည်သူတွေကို ခေါ်ပြီး မြေသန့်မသန့်စစ်ဆေးကြည့်ရှု့သင့်သလို မြေမသန့်ဘူးဆိုရင် ဘယ်လိုပြုပြင်ရမယ်ဆိုတာမျိုးတွေလည်း ညွှန်ကြားချက်အတိုင်း လိုက်လုပ်သင့်ပါတယ်။ 



မြေနေရာ 

အိမ်ဆောက်မယ့်ခြံမြေမှာ အရှေ့ဘက်မှာသပြေပင်၊ ညောင်ပင်၊ အနောက်ဘက်မှာ ထိန်ပင်၊ လက်ပံပင်နဲ့ တောင်ဘက်မှာ ငှက်ပျောပင်၊ သင်္ဘောပင်တွေ မစိုက်ပျိုးသင့်ပါဘူး။  ဒါ့အပြင် သဖန်းပင်လိုအပင်မျိုးတွေရှိနေမယ်ဆိုရင်လည်း အိမ်ခိုက်တတ်ပါတယ်။ ဒါကြောင့် ခြံထဲမှာရှိတဲ့ အပင်တွေကို သေသေချာချာလေ့လာပြီး မရှိသင့်တဲ့အပင်တွေရှိနေရင် အပင်ကိုပွဲပေးပြီး ခုတ်လှဲရှင်းလင်းပြီးမှ စိုက်တာမျိုးလုပ်ရပါမယ််။

အိမ်ရဲ့ပုံသဏ္ဍာန် 

အိမ်ရဲ့ပုံသဏ္ဍာန်ဟာ လေပေါ်ပျံနေတဲ့ပုံ၊ ရင်ကွဲနေတဲ့ပုံ နဲ့ ဖိုခနောက်ဆိုင်အိမ်ပုံတွေ၊ အိမ်နဲ့မတူဘဲ ကျောင်း၊ ဆေးရုံနဲ့ တူနေတဲ့ အိမ်ပုံတွေက လူခိုက်တတ်တဲ့ အိမ်တွေထဲမှာပါဝင်ပါတယ််။ဒါ့အပြင်အိမ်ကို ပုံမှန်မဟုတ်တဲ့ ထူးခြားတဲ့ပုံစံတွေဆောက်မယ်ဆိုရင် ဗေဒင်ပညာ၊အိမ်ဆောက်ပညာတတ်ကျွမ်းနားလည်တဲ့သူတွေနဲ့တိုင်ပင်ပြီး မဆောက်သင့်တဲ့အိမ်ပုံစံမျိုးထဲမှာ မပါဝင်မှသာ ဆောက်သင့်ပါတယ််။ ဒါ့အပြင် အိမ်မှာ သစ်အမျိုးမျိုးကို ဆက်ပြီးသုံးထားမယ်ဆိုရင်လည်း သစ်မင်းစိုက်ထားရပါမယ်။


 အိမ်ပြုပြင်ခြင်း

တကယ်လို့ အိမ်ဆောက်မယ့်အိမ်ဟာ အိမ်အသစ်မဟုတ်ဘဲ အဟောင်းကို ပြန်လည်မွမ်းမံတာ၊ ဖြိုချပြီးပြန်ဆောက်တာမျိုးဖြစ်ခဲ့မယ်ဆိုရင် နဂိုအိမ်အဟောင်းထက် အစစအရာရာသာလွန်အောင်ဆောက်ပေးရပါမယ်။ အိမ်အဟောင်းမှာသုံးခဲ့တဲ့ သစ်တွေကို ပြန်မသုံးဘဲအသစ်ပဲသုံးမယ်ဆိုရင်တောအကောင်းဆုံးပါ။  ဒါ့အပြင် အိမ်အဟောင်းတုန်းကထက် အထပ်ရော၊ ပုံသဏ္ဍာန်ရော၊ အသုံးပြုတဲ့ပစ္စည်းတွေရောအဆင့်မြင့်အောင် ဂရုစိုက်ပြီး ဆောက်လုပ်ပေးသင့်ပါတယ််။ ဒီလိုမဟုတ်ခဲ့ရင် လူခိုက်တတ်တယ်၊ အိမ်ဥစ္စာပစ္စည်း ဆုံးရှုံးတတ်တယ်လို့ ဆိုပါတယ်။ 

အခုပြောပြသွားတာကတော့ အိမ်အသစ်ဆောက်ဖို့ ကြံရွယ်နေသူတွေအတွက် သိထားသင့်တဲ့ ဗေဒင်ပညာဆိုင်ရာအချက်အလက်တွေပဲဖြစ်ပါတယ်။   

နောက်တစ်ပတ်တွေမှာလည်း အိမ်၊ မြေကွက် estate အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ လိုက်နာစရာ ဗဟုသုတတွေ၊ အိမ်တွင်းရေးပိုမိုသာယာစေပြီး လာဘ်လာဘပေါများစေမယ့် ဖုန်းရွှေနည်းလမ်းတွေ၊ ဗေဒင်အစီအရင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

Posted By : John (ShweProperty.com)