အိမ်ပိုင်ရှင်အများစုက သူတို့အိမ်ခန်းတွေကို ဆေးရောင်နဲ့ အလှဆင်တဲ့အခါ အသုံးများတဲ့အရောင်တွေဖြစ်တဲ့ အဖြူ၊ အဝါ၊ အစိမ်းနု၊ ပန်းရောင် စတဲ့အရောင်တွေကို ပဲ ရွေးချယ်အသုံးပြုကြတာများပါတယ်။
ဒီအရောင်တွေကလွဲရင် တစ်ခြားအရောင်တွေ ရွေးချယ်အသုံးပြုဖို့ဆိုတာ အချို့သော အိမ်ပိုင်ရှင်တွေအတွက်ကတော့ စွန့်စား ခန်းကြီးလိုပါပဲ…

ဒါကြောင့် လူသုံးနည်းပေမယ့်တကယ်တမ်းပြင်ဆင်အသုံးပြုတဲ့အခါ မထင်ထားလောက်အောင် ပြောင်းလဲ လှပသွားစေမယ့် ဆေးရောင်တွေနဲ့ ဘယ်လိုအခန်းတွေမှာတွဲဖက်အသုံးပြုရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်…..
 


မီးခိုးရောင်

မီးခိုးရောင်ဟာ လူသုံးနည်းလှပေမယ့် အိမ်ခန်းတွေအတွက်တော့ ပထမဦးဆုံးဖော်ပြပေးရတဲ့ ဆေးရောင်တစ်ရောင်ပါ။ ခမ်းခမ်းနားနားပြင်ဆင်ထားတဲ့ ထမင်းစားခန်းတွေအတွက် မီးသွေးခဲရောင်လို့ဆိုရမယ့် မီးခိုးရောင်ရင့်ရင့်တွေ သုံးနိုင်ပါတယ်။ သဘာဝအလင်းရောင်တွေရှိတဲ့အိပ်ခန်းမျိုးမှာဆိုရင်တော့ သက်တောင့်သက်သာအနားရစေမယ့် မီးခိုးဆန်ဆန် မီးခိုးဖျော့ရောင်လေးနဲ့ အလှဆင်နိုင်ပါတယ်။
 
အနီရောင်

အနီရောင်ကိုတော့ အိမ်ဆေးသုတ်တဲ့နေရာမှာ စဉ်းတောင် စဉ်းစားမိကြမယ်မထင်ပါဘူး။ တကယ်တော့ အနီရောင်က စိတ်တက်ကြွမှုကိုအပြည့်အဝပေးစွမ်းတဲ့အရောင်ဖြစ်ပါတယ်။ ပြီးတော့အနီရောင်ကိုရွေးချယ်လိုက်ရင်ကြောင်ကြောင်ကျားကျားဖြစ်သွားမလားဆိုပြီး စိုးရိမ်နေသူတွေအတွက်တော့ ကြက်သွေးနီဖက်သွားတဲ့ အနီရင့်ရင့်ကိုသုံးနိုင်ပါတယ်။ ခမ်းနားတဲ့အသွင်ကိုဆောင်ရုံသာမက တက်ကြွတဲ့စိတ်ခံစားမှုကို ပေး စွမ်းနိုင်တာကြောင့် မြူးကြွလန်းဆန်းတဲ့ တေးဂီတဖန်တီးရာနေရာအဖြစ်သုံးနိုင်သလို အိမ်မှာ မကြာခဏ ပါတီပွဲတွေလုပ် လေ့ရှိတဲ့ သူတွေအတွက် အကောင်းဆုံးအရောင်ပဲဖြစ်ပါတယ်။
 


လိမ္မော်ရောင်

အိမ်မှာဆေးသုတ်မယ်လို စဉ်းစားလိုက်တိုင်း ထည့်ကိုအစဉ်းစားတဲ့အရောင်ကတော့ လိမ္မော်ရောင်ပါပဲ။ နေရောင်ဖြာကျေ နတဲ့အခန်း မျိုးမှာ အလှစိုက်အပင်လေးတွေနဲ့နံရံပေါ်က သုတ်ထားတဲ့လိမ္မော်ရောင်နဲ့ပေါင်းစပ်သွားပြီး တကယ့်ကိုသဘာဝကျတဲ့ အိမ်ခန်းလေးလည်း ဖြစ်သွားမှာပါ။
 
အစိမ်းရောင်

အိမ်အပြင်ကအရောင်အသွေးတွေကို အိမ်ထဲထိယူပြီး ပြင်ဆင်လိုသူတွေအတွက် အစိမ်းရောင်ကတော့ သဘာဝနဲ့ တကယ့်ကို နီးစပ်တယ်လို့ပြောနိုင်ပါတယ်။ ပြီးတော့ အစိမ်းရောင်က အမြင်အာရုံကိုလည်း လန်းဆန်းစေတာကြောင့် အဖြူခရမ်၊ အညိုအဝါဖျော့လေးတွေနဲ့ တွဲဖက်အသုံးပြုရင် လိုက်ဖက်လွန်းလှပါတယ်။ ဒါ့အပြင် အစိမ်းအနု အရင့်တွေကြား အရောင်ငြိမ်သွားအောင် အနက်ရောင်နဲ့လည်း တွဲဖက်အသုံးပြုနိုင်ပါတယ်။
 

ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

တိုက်ခန်းအတွင်းပိုင်း ပြန်လည်မွမ်းမံလိုသူများအတွက် မှတ်စုကြမ်း

ကံကောင်းခြင်းတွေဖြစ်စေမယ့် ဆေးရောင်ကို အိမ်မှာ သုတ်ကြမယ်

မိသားစုအတွက်ကံကောင်းခြင်းတွေကို ယူဆောင်ပေးနိုင်မယ့် အိမ်အလှဆင်နည်း(၇)မျိုး

 
Credit By: Pbuild myanmar
Posted By: Ra Wai (ShweProperty.com)