ကျန်းမာရေးအတွက်ရော အသားအရေအတွက်ပါ အကျိုးကျေးဇူးတွေ များလှတဲ့ သံပရာသီးရဲ့ အသုံးဝင်ပုံတွေကိုတော့ လူတိုင်းသိကြမှာပါ။
 
အခုဖော်ပြပေးမှာကတော့ ညဘက် အိပ်စက်တဲ့အခါ သံပရာသီးစိတ်ကို မိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အိပ်ရာအနီးတဝိုက်က စားပွဲပေါ်မှာ ထားပေးရုံနဲ့ ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။
 
(၁) သွေးတိုးရောဂါကို သက်သာစေနိုင်တယ်
 
သံံပရာသီးကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရနံ့ကုထုံးတွေမှာ အသုံးပြုခဲ့ကြတာဖြစ်ပြီး သံံပရာသီးရနံ့ဟာ သွေးပေါင်တက်ခြင်းကို သက်သာစေနိုင်ပါတယ်။
 
ဒါကြောင့်မို့ိလို သွေးတိုးရောဂါ ရှိသူတွေအနေနဲ့ အိပ်စက်တဲအ့ခါ အိပ်ရာဘေး အနီးတဝိုက်မှာ သံပရာသီးစိတ် ထားပေးခြင်းက သွေးပေါင်တက်ခြင်းကို သက်သာစေနိုင်ပါတယ်။
 
(၂) အခန်းတွင်း လေထုကို သန့်စင်ပေးနိုင်တယ်
 
အိပ်စက်တဲ့အခါ အိပ်ရာ အနီးတဝိုက်မှာ သံပရာသီ းစိတ်ထားပေးခြင်းဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သေေ စနိုင်တဲ့အပြင် ခြင်၊ယင်ကောင်စတဲ့ အင်းဆက်တွေရဲ့ အန္တရာယ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
 

 
(၃) ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေနိုင်တယ်
 
ဂျပန်နိုင်ငံက ဆေးပညာရှင်တွေရဲ့ သုတေသနလေ့လာမှုတွေအရ သံပရာသီးရနံ့ဟာ ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေပြီး အာရုံစူးစိုက်မှုကို ပိုမိုမြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။
 
(၄) စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်တယ်
 
ရနံ့ကုထုံး ပညာရှင်တွေဟာ စိုးရိမ်ပူပန်မှုများသူတွေနဲ့ စိတ်ကျရောဂါ ခံစားနေရသူတွေကို သံပရာသီးရနံ့ ကုထုံးကို အသုံးပြုကာ ကုသပေးလေ့ ရှိပါတယ်။ အိပ်ခန်းတွင်းမှာ သံပရာသီးစိတ် ထားပေးခြင်းက တနေ့တာ စိတ်ပင်ပန်းမှုနဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်မှာ ဖြစ်ပါတယ်။
 
(၅) စိတ်လန်းဆန်း ပေါ့ပါးစေတယ်
 
အိပ်ရာနိုးတဲ့အခါ လေးလံထိုင်းမှိုင်းပြီး လန်းဆန်းတက်ကြွမှု မရှိခြင်းတွေကို သံပရာသီးရနံ့က ကုစားပေးနိုင်ပါတယ်။ အိပ်ရာဘေးမှာ သံပရာသီးစိတ် ထားပေးခြင်းက ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာစေနိုင်တဲ့အပြင် လန်းလန်းဆန်းဆန်း နိုးထနိုင်စေပါတယ်။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေ ဆောင်းပါများ
 
အိမ်ထဲမှာ အဝတ်လှန်းခြင်း၏ ကြောက်မက်ဖွယ် ကျန်းမာရေးဆိုးကျိုးများ
 
အိမ်မှာ မစိုက်သင့်သည့် ဂမုန်း ၃မျိုး
 
ငါးကန်ရှိတဲ့အိမ်တိုင်းသတိပြုသင့်တဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အသက်အန္တရာယ်
 
ချောင်းခြောက်ဝေဒနာ ကင်းဝေးစေဖို့ အိမ်တွင်းကုထုံး
 
Credit : popular post news
Posted By : Sint Sint (ShweProperty.com)