အိမ်ဝယ်ပြီး ငွေအကျေမပေးချေမီမှာ သိထားသင့်တဲ့ အချက်အလက်တွေကို သေသေချာချာေ လ့လာပြီးတော့မှ ပေးချေသင့်ပါတယ်။

ငွေအပြည့်မပေးချေမီမှာ အရင်ဆုံး သတင်းစာမှာ ကန့်ကွက်မှုရှိမရှိဆိုတာကို သိဖို့လိုပါ တယ်။ ဒါ့အပြင် အရောင်းအ၀ ယ်ပြုလု ပ်ရန်အ တွက်သာလို့ ဖော်ပြထားတဲ့ မြေပုံ၊ မြေရာဇ၀င်၊ လိုအပ်ရင် အသုံးပြုနိုင်မယ့် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ပြီးသား Special Power (SP) တစ်စောင်နဲ့ တခြား မှတ်ပုံတင်ပြီးသား အိမ်ခြံမြေဂရမ်တွေနဲ့ ဆက်စပ်စာချုပ်တွေ၊ မိမိ၀ယ်ယူထားတဲ့ အဆောက်အအုံ မြေနေရာမှာ ကျူးကျော်နေထိုင်သူတွေ၊ ငှားရမ်းနေထိုင်သူတွေ ရှိမရှိစတာတွေကို သေချာစိစစ်လေ့လာပြီးမှ ငွေပေးချေမှုကို ပြုလုပ် သင့်ပါတယ်။
 


စာချုပ်ချုပ်ဆိုရာမှာလည်း အခွန်ကိစ္စကိုအကြောင်းပြပြီး စာချုပ်နှစ်မျိုးချုပ်ဖို့ တောင်းဆိုလာရင်လည်း လက်မခံဖို့ တိုက်တွန်းလိုပါတယ်။ အရောင်းအ၀ယ်ဖြစ်တဲ့ စျေးအတိုင်းစာချုပ်မချုပ်ဘဲ လျော့ချုပ်တာက ဥပဒေနဲ့လည်း မညီပါဘူးး။ “အခွန်သက်သာချင်လို့ စာချုပ်မှာ စျေး ကို လျော့ချုပ်တာ မလုပ်သင့်ပါဘူး။ မလိုလားအပ်ဘဲ အမှုအခင်းတွေ ဖြစ်လာတတ်ပါတယ်။ တစ်ချို့က နားလည်မှုနဲ့ စျေးကို လျော့ ချုပ်ကြပေမဲ့ ပြဿနာတက်လာရင် ဥပဒေနဲ့ အညီ ဖြေရှင်းရမှာဖြစ်ပါတယ်။

ဥပဒေနဲ့အညီ ဖြေရှင်းရတဲ့ အချိန်ကျမှ နားလည်မှုနဲ့ လျော့ချုပ်ကြတာပါလို့ ပြော လို့မရပါဘူး။ ချုပ်ထားတဲ့ စာချုပ်က အတည်ဖြ စ်တဲ့ အတွက် အိမ်ရှင်ကပဲ နစ်နာပါလိမ့်မယ်။ စာချုပ်ကို တန်ဖိုး အတိုင်းချုပ်တာကြောင့် ဘယ်သူမှလည်း မနစ်နစ်ပါဘူး။ အစိုးရက သတ်မှ တ် ထားတဲ့ အခွန်ကို မှန်မှန်ကန်ကန် ပေးဆောင်တာက တစ်နေရာရာမှာ အသုံး၀င်မှာပါ။ အရောင်းအ၀ယ်စာချုပ်ချုပ်တဲ့အခါမှာ တန် ဖိုး အတိုင်းပဲ ချုပ်ကြပါ။ တိုင်းပြည်တိုးတက်ဖို့အတွက် သတ်မှတ်အခွန်ကို ပေးဆောင်ပါ” လို့ Home Group အိမ်ခြံမြေစာချုပ်စာ တမ်း ဥ ပဒေ၀န်ဆောင်မှုလုပ်ငန်းရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးစန်း၀င်းအောင်က ပြောပါ တယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ပါမစ်စာရွက်စာတမ်းတွင် အပေါက်များဖောက်ထားပါက သတိပြုနိုင်ရန်အချက်

အိမ်ခွန် အမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

ဂရန်မြေကို အရပ်စာချုပ်ဖြင့် ၀ယ်ယူလျှင် ပိုင်ဆိုင်မှုခိုင်မာသလား

မြေခွန်ပြေစာ ဆိုသည်မှာ

Credit By: Duwun
Posted By : Ra Wai (ShweProperty.com)