ယနေ့ခေတ်မှာ ရောင်စုံမျက်နှာကျက်တွေ ဗီဒိုအကန့်တွေကဲ့သို့ ရှုပ်ထွေးသော တည်ဆောက်မှုတွေက ခေတ်မမှီတော့ပါဘူး။ ရိုးရိုးရှင်းရှင်းနှင့် ဂေဟစနစ်ဆိုင်ရာ လိုက်လျောညီထွေဖြစ်တဲ့ ပစ္စည်းများကသာ တကယ်ခေတ်မှီတဲ့ အရာဖြစ်ပါတယ်။ ဒါ့ကြောင့် တိုက်ခန်းဆောက်လုပ်တော့မယ်ဆိုလျှင် ဘယ်လိုဒီဇိုင်းအပြင်အဆင်တွေက ခေတ်မှီပြီး ဘယ်လိုဒီဇိုင်းတွေက ခေတ်နောက်ကျနေပြီလဲဆိုတာကို ရွေးချယ်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
 
၁။ Multilevel ceilings
 
နေအိမ်တစ်အိမ်ရဲ့ အမိုးမျက်နှာကျက်ဆိုတာ သိပ်ကိုအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီဇိုင်နာအများစု၏အဆိုအရ ၂၀၀၀ပြည့်နှစ်များမှာ လူကြိုက်များခဲ့တဲ့ မီးရောင်စုံတွေနဲ့ မျက်နှာကျက်မျိုးစုံဟာ ယနေ့မှာ အလွန်ခေတ်နောက်ကျနေပါပြီ။ ယနေ့မှာ ရှုပ်ထွေးတဲ့ တည်ဆောက်ပုံတွေ၊ အလင်းရောင်တွေအစား တတ်နိုင်သမျှ ရိုးရှင်းတဲ့ မျက်နှာကျက်တွေက ဖက်ရှင်ကျပြီး ခေတ်စားလာပါတယ်။ ရောင်စုံမီးလုံးတွေဟာ တစ်ချိန်က ဒီဇိုင်းကဏ္ဍမှာ သော့ချက်ဖြစ်ခဲ့ကြသော်လည်း ယနေ့မှာ ခေတ်မမှီတော့ပါဘူး။
  
၂။ အကန့်များနှင့် မုခ်အခုံးများ
 
ကျဉ်းမြောင်းသော စင်္ကြန်များမှာ မုခ်အခုံးများ၊ Plasterboard တွေနဲ့ ပြုလုပ်ထားတဲ့ နံရံအတုများသည် ခေတ်မမှီတော့တဲ့ အတွင်းပိုင်းဒီဇိုင်းများဖြစ်ပါတယ်။ သူတို့က နေရာလွတ်တွေ အများကြီးယူပြီး တကယ်တမ်းအသုံးမဝင်တဲအရာတွေဖြစ်ပါတယ်။ဒါက အထူးသဖြင့် သေးငယ်တဲ့ တိုက်ခန်းတွေအတွက် မကောင်းပါဘူး။ ဥပမာ ပါးလွှာတဲ့ သတ္တုပြားများနှင့် နေရာလွတ်များကို ပိုင်းခြားဖို့ အထူးတည်ဆောက်မှုများအဖြစ် သုံးနိုင်ပါတယ်။
  
၃။ နံရံတစ်လျှောက် ပရိဘောဂများ
 
ကြီးမားတဲ့ အဝတ်အစားဗီဒိုများနှင့် တခြားကြီးမားသော ပရိဘောဂ အပိုင်းအစများကို ဆင်ယင်မယ့်အစား ဒီဇိုင်နာတွေက သေးငယ်တဲ့ အပိုင်းအစများ အသုံးပြုခြင်းကို အကြံပြုထားပါတယ်။
 


 ၄။ Photo wallpaper
 
နောက်ခံ Photo Wallpaper တွေက ဘယ်လောက်ပဲ ဆွဲဆောင်မှုရှိနေပါစေ အသုံးမပြုဖို့ ဒီဇိုင်နာများက အကြံပြုထားပါတယ်။ သစ်တော သို့မဟုတ် မိုးကောင်းကင် ပုံတွေအစား အလှဆင် Plaster ၊ Wallpaper ၊ သစ်သား panel များ သို့မဟုတ် ကြွေအုပ်ကြွပ်တွေကို သုံးဖို့ ဒီဇိုင်နာများက အကြံပြုထားပါတယ်။
 
 ၅။ အဝတ်စားဗီဒိုအကန့်များ
 
နံရံကပ်အဝတ်အစားဗီဒို အကန့်တွေအစား ဒီဇိုင်နာတွေက သာမန်တံခါးတွေနဲ့ ဗီဒိုကို အသုံးပြုဖို့ အကြံပြုထားပါတယ်။
  
၆။ ပရိဘောဂအစုံလိုက်
 
ဒီဇိုင်နာအများစုသည် ယခင်တုန်းက ခရေဇီဖြစ်ခဲ့ကြတဲ့ အိပ်ခန်းထဲမှာ အရောင်တူ၊ ပုံစံတူ ကုတင်၊ စားပွဲ၊ မှန်တင်ခုံတွေ၊ အဝတ်အစားဗီဒိုတွေစတဲ့ ပရိဘောဂအစုံလိုက် အလှဆင်ခြင်းဟာ ယနေ့မှာ လုံးဝခေတ်မမှီတော့ဘူးလို့ ဆိုပါတယ်။ ဒီဇိုင်နာများက ကွဲပြားခြားနားတဲ့ ပရိဘောဂတွေနှင့် အလှဆင်ဖို့ အကြံပြုထားပါတယ်။
  


၇။ အခန်းတစ်ခုလုံးကို Wallpaper ကပ်ခြင်း
 
ခေတ်သစ်ဒီဇိုင်နာများက တစ်ခန်းလုံးအတွက် Wallpaper တစ်မျိုးတည်းကိုသုံးခြင်းက အလွန်ခေတ်နောက်ကျနေပြီလို့ ဆိုပါတယ်။ ဒါ့ကြောင့် သူတို့သည် မတူတဲ့ ဒီဇိုင်းတွေနဲ့ နံရံတစ်ခု ဖန်တီးဖို့ အကြံပြုထားပါတယ်။ ဒါမှသာ ပုံမှန်အားဖြင့် သင်အခန်းထဲကို ဝင်တဲ့အခါ သင်မြင်ရမှာက ပထမဆုံးနံရံပါပဲ။
 
 ၈။ ကွန်ပျူတာခုံ
 
စင်တွေနဲ့ ကြီးမားတဲ့ ကွန်ပျူတာစားပွဲခုံတွေက အတိတ်မှာကျန်ခဲ့ပါပြီ။ တကယ်ကို သေးငယ်တဲ့ စားပွဲတွေက ယခုဖက်ရှင်တစ်ခုဖြစ်ပါတယ်။ သင်သည် စင်လိုအပ်လျှင် တံခါးပိတ်တွေနဲ့ အသုံးပြုသင့်ပါတယ်။
  
၉။ မီးဖိုချောင်စားပွဲနှင့် ကုလားထိုင်
 
ယနေ့မှာ သက်တောင့်သက်သာရှိတဲ့ စားပွဲများနှင့် ခပ်နိမ့်နိမ့် ကုလားထိုင်တွေကို သုံးစွဲတာက ပိုပြီးခေတ်မှီပါတယ်။
 
 
သင့်အိမ်သည် နွေးထွေးပျူငှာတဲ့ နေရာတစ်ခုဖြစ်သင့်ပါတယ်။ ဘာနဲ့ပဲအလှဆင်ဆင် အရေးပါဆုံးအရာက လူတိုင်း ပျော်ရွင်တဲ့နေရာတစ်ခု ဖြစ်ဖို့ပါပဲ။ လူအများစုက ဒီဇိုင်းထက် သက်တောင့်သက်သာဖြစ်တာကို ပိုမိုဂရုစိုက်ကြပါတယ်။


 လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
လေလည်းသန့်၊ လာဘ်လည်းပွင့်စေတဲ့ အိမ်တွင်းစိုက်အပင်ငယ်များ
 
အညံ့တွေပြုံစေလို့ အိမ်ပတ်ဝန်းကျင်တွင် မစိုက်သင့်သော အပင်တစ်ချို့
 
ဧည့်သည်များကိုပါ အထင်ကြီးသွားစေနိုင်မယ့် အိမ်ခန်း အပြင်အဆင်
 
နေချင်စဖွယ်အိမ်လေးဖြစ်စေဖို့ရာ လက်ရန်းနှင့် လှေကားထစ်များ အလှဆင်နည်း
 
 
Credit By: Lifestyle Myanmar
Posted : Ra Wai (ShweProperty.com)