နယ်ဘက်မှာ ခြံတစ်ခြံ ဝယ်တော့မယ်ဆိုရင် ရွာမြေလား၊ ဥယျာဉ်ခြံမြေလား၊ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ ပါမစ်မြေလား သေချာစမ်းစစ်ကြည့်သင့်ပါတယ်။ ခြံဆိုတာကလည်း အလွယ်တကူ ရွှေ့ပြောင်းလို့ ရနိုင်တဲ့ အရာမျိုး မဟုတ်တာကြောင့် မဝယ်ခင်ကတည်းက ကြိုတင်လေ့လာထားတာ အကောင်းဆုံးပါပဲ။ 

မိတ်ဆွေဟာ နယ်ဘက်မှာ ခြံဝယ်မယ်၊ အိမ်ဆောက်မယ်ဆိုရင် ဒီစာလေးကို ဆုံးအောင်ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ 

လူတော်တော်များများ ဇဝေဇဝါ ဖြစ်နေတဲ့ အချက်တွေက  -
( ၁ ) ရွာမြေနဲ့ ဥယျာဉ်ခြံမြေ အတူတူပဲလား?
( ၂ ) ရွာမြေဟာ ဥပဒေအရ တရားဝင် သတ်မှတ်ချက် ရှိလား? ဆိုတာပါပဲ။ 
 
နံပါတ် ( ၁ ) အချက် - ရွာမြေနဲ့ ဥယျာဉ်ခြံမြေ မတူပါဘူး။ ရွာမြေဆိုတာ လွယ်လွယ်နဲ့ ရှင်းရှင်းပြောရရင် လူနေရပ်ကွက်အတွင်းက မြေကွက်ကို ခေါ်ဆိုခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော်က တရားဝင် ချမှတ်ထားတဲ့ အဆင့်ထိ မရောက်ပေမယ့် တစ်ချိန်ချိန်မှာတော့ ဂရန်မြေ ဖြစ်လာနိုင်ချေ ရှိပါတယ်။ လူနေရပ်ကွပ်ထဲမှာ ရှိနေတာမလို့ နိုင်ငံတော်က ပြန်သိမ်းမလား၊ နှင်ထုတ်မလား ဆိုတာတွေအတွက် စိုးရိမ်စရာ မရှိပါဘူး။ 

နံပါတ် ( ၂ ) အချက် - ဥယျာဉ်ခြံမြေကတော့ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃ ( က )အရ လယ်ယာမြေ ဆိုတာဟာ လယ်၊ တောင်ယာ၊ ဥယျာဉ်၊ ဟင်းသီးဟင်းရွက်၊ ပန်းမန် စိုက်ပျိုးရန်အတွက်သာ အကျုံးဝင်ပါတယ်။  ဒါပေမယ့် မြို့နီး၊ ရွာနီး၊ လူနေရပ်ကွပ်ဝန်း အနီးအနားမှာ ရှိနေတဲ့ ဥယာဉ်မြေတွေကတော့ ဒီအချက်မှာ မပါဝင်ဘူးလို့ သိရပါတယ်။ 

ဥယျာဉ်ခြံမြေကို ရောင်းချလို့ ရနိုင်သလား? 

အရင်ဥပဒေတွေအရတော့ ရောင်းချလို့မရပါဘူး။ ဒါပေမယ့် ၂၀၁၂ ခုနှစ်က ပြန်ပြင်ဆင်လိုက်တဲ့ ဥပဒေသစ်မှာတော့ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်းအတွက် ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် နေအိမ်အတည်တကျ ဆောက်လုပ်နေထိုင်ခွင့်တော့ မရသေးပါဘူး။ 



ဥယျာဉ်ခြံမြေကို မြေဂရမ် လျှောက်လို့ရနိုင်လား? 

လူနေရပ်ကွက်နဲ့ နီးကပ်ရင်တော့ မြေဂရန် လျှောက်လို့ ရနိုင်ပေမယ့် လူနေရပ်ကွက်နဲ့ ခပ်ဝေးဝေးမှာ တည်ရှိနေရင်တော့ လျှောက်လို့ မရနိုင်ပါဘူး။ 

ဒါ့ကြောင့် အိမ်ဆောက်နေထိုင်ဖို့အတွက် ရွာမြေနဲ့ ဥယျာဉ်ခြံမြေ ရွေးစရာ ၂ ခု ရှိလာရင် မြေစာရင်း ဦးစီးဌာနနဲ့ သေချာစွာ စုံစမ်းစစ်ဆေးပြီး ရွာမြေဆိုရင်လည်း ရွာမြေမှန်ကန်ရဲ့လား၊ ဥယျာဉ်ခြံမြေဆိုရင်လည်း လူနေရပ်ကွက်အသိုင်းအဝိုင်းကြားမှာ တည်ရှိရဲ့လား သေချာစွာ စမ်းစစ်ပြီးမှ ငွေပေးချေ ဝယ်ယူဖို့ အကြံပြုလိုက်ပါတယ်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
    
အိမ်ခြံမြေ တိုက်ခန်း ဝယ်ယူသူတို့၏ ဥပဒေပါ အခွင့်အရေး

အပျောက်စနစ်နှင့် ဝယ်ထားသည့် တိုက်ခန်းများရှိသော မြေကို ဝယ်မည်ဆိုလျှင်

အိမ်ခြံမြေဝယ်လျှင် အထူးသတိပြုရမည့် စာရွက်စာတမ်း အတုများ

အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် စာချုပ်မှာ အဓိကပါဝင်ရမည့် အချက်များ

Posted By : Ra Wai (ShweProperty.com)