အိမ်ဆိုတာ မိသားတစ်စုလုံး ငြိမ်းအေးစွာ ခိုလှုံအနားယူနိုင်ဖို့ အသိုက်အမြုံလေးတစ်ခုပါ။ ဒီလို အရေးပါတဲ့ အသိုက်အမြုံလေးကို တည်ဆောက်တဲ့အခါမှာလည်း ရေရှည်မှာ ကျန်းမာချမ်းသာစွာ နေထိုင်နိုင်ဖို့ သတိထားလိုက်နာရမယ့် အချက်လေးတွေ ရှိပါတယ်။ ဖုန်းရွှေပညာကို အခြေခံလို့ အိမ်ဆောက်တဲ့အခါ သတိပြုရွေးချယ်ရမယ့် အချက်တွေကို မှတ်သားဖွယ်ရာ အခုလိုဖော်ပြပေးလိုက်ရပါတယ်။
 
ဦးစွာ မြေကွက်ရွေးချယ်ဖို့အတွက် ဖုန်းရွှေပညာအရ အကောင်းဆုံး အခြေခံအချက်(၄)ချက်မှာ-
 
(၁) မြေကွက်၏အရှေ့ဘက်ခြမ်းမြေသည် ကျယ်ပြန့်နေရမည်ဖြစ်ခြင်း။
 


(၂) မြေကွက်၏ အနောက်ဘက်ခြမ်းမြေသည် မြင့်နေရမည်ဖြစ်ခြင်း။
 
(၃) ‘နဂါး’ဘက်ခြမ်း ဟုခေါ်သော (လမ်းပေါ်မှကြည့်လိုက်လျှင် မြေကွက်၏လက်ဝဲဘက်ခြမ်း)တွင် ရေမြောင်းရှိရမည်ဖြစ်ခြင်း။
 
(၄) ‘ကျား’ဘက်ခြမ်း ဟုခေါ်သော (လမ်းပေါ်မှကြည့်လိုက်လျှင် မြေကွက်၏လက်ယာဘက်ခြမ်း)တွင် လမ်းရှိရမည်ဖြစ်ခြင်း။ စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
 

ဖော်ပြပါ အချက်များမှ အနည်းဆုံး (၂)ချက်လုံးပေါင်းပြီး ရရှိနိုင်သောမြေဖြစ်ပါက ထိုမြေနေရာတွင် နေထိုင်သူများအနေဖြင့် ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ စီးပွားလာဘ်လာဘတိုးလို့ အောင်မြင်ခြင်းနဲ့ အနာဂတ်တွင် သားစဉ်မြေးဆက် ကောင်းကျိုးချမ်းသာများ ခံစားရခြင်းစတဲ့  အကျိုးကျေးဇူးတွေကို ရရှိမှာပဲ ဖြစ်ပါတယ်။
 
နဂါးဘက်ခြမ်း၊ ကျားဘက်ခြမ်းဟုခေါ်ဆိုခြင်းမှာ တရုတ်လူမျိုးများ၏ ယုံကြည်မှုအရ နဂါးသည် ချမ်းသာကြွယ်ဝခြင်း နဲ့ သွက်လက်လှုပ်ရှားနိုင်ခြင်းတို့၏ မင်္ဂလာရှိသော သင်္ကေတဖြစ်ပြီး ကျားသည် ဒုက္ခပေးတတ်သော ရှောင်ရှား ကြောက်ရွံ့ရမည့် သတ္တဝါဟု သတ်မှတ်ထားကြရာမှ ဆင်းသက်လာသော အယူအဆဖြစ်သည်။ သို့ဖြစ်၍ အိမ်၏လက်ယာခြမ်းတွင် ကျားကိုထားပါက သူသည် မလှုပ်မရှားနိုင်ဖြစ်ကာ အိမ်သူအိမ်သားများကို ဒုက္ခမပေးနိုင်ဟု တွက်ချက်ကာ ထားရှိစေခြင်းလည်း ဖြစ်ပါတယ်။
 



ဂိတ်ဝများ နဲ့ အုတ်တံတိုင်းများတည်ဆောက်ရာတွင် သတိပြုရမည့် အချက်များလည်း ရှိပါသေးတယ်။ အုတ်တံတိုင်း ဆိုသည်ကား အိမ်တွင်း၊ ခြံတွင်းမှ ကောင်းသောဓါတ်များကို အိမ်ပြင်မထွက်သွားစေရန် ကာရံထားသောအရာဟု သတ်မှတ်နိုင်ပါတယ်။ ထို့ကြောင့် အိမ်၏ ဂိတ်ဝရှေ့တည့်တည့်တွင် မြောင်းပေါက်ရှိနေပါက ကောင်းသော ဓါတ်များကို ထိုမြောင်းပေါက်က စုပ်ယူသွားနိုင်သောကြောင့် အိမ်ရှိလူများ ကံမကောင်းတတ်၊ အညံ့များကြုံရတတ်ပါတယ်။ 
 
ဒါ့အပြင် နောက်ထပ်သတိထားရမယ့် အချက်တစ်ခုက ဂိတ်တံခါးဝရှိ တံခါးရွက်များ တစ်ခုနဲ့တစ်ခု အသေးအကြီး ညီနေစေရန်ပဲ ဖြစ်ပါတယ်။ ဂိတ်တံခါးသည် အလယ်တွင်မြင့်ပြီး ဘေးနှစ်ဖက်မှာ နိမ့်နေရမည်ဖြစ်ကာ အတွင်းသို့ တွန်းဖွင့်သည့် ပုံစံ ဖြစ်နေရပါမယ်။ သို့မှသာ အိမ်ပိုင်ရှင်သည် လိုရာရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
 
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
 
အိမ်တစ်အိမ်ရဲ့ စီးပွားရေးအပေါ် ဖုန်းရွှေပညာရပ် လွှမ်းမိုးပုံ
 
အိမ်ထဲမှာ ထားရင် ကံဆိုးစေတယ်လို့ အယူရှိတဲ့အရာတွေ
 
ထူးခြားကောင်းမွန်တဲ့ အနက်ရောင်ကို အိမ်ထဲမှာ ဘယ်လိုချိန်ဆမလဲ
 
တိုက်ခန်းများအတွက် ဖုန်းရွှေ
 
Credit By: Crown Cement
Posted By : Sint Sint (ShweProperty.com)