မြေနဲ့ပတ်သက်လို့ ရောင်းဝယ် လွှဲပြောင်း ပေးကမ်း ပြုလုပ်ကြရာမှာ စာချုပ် စာတမ်း မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၂၁ အရ မရွှေ့ပြောင်းနိုင်သော ပစ္စည်း ရောင်းဝယ်/ ပေးကမ်း/ စွန့်လွှတ် စသည့် စာချုပ်များ မှတ်ပုံတင် ချုပ်ဆို လျှင် "မြေပုံ/မြေရာဇဝင်" မပါရှိခဲ့လျှင် လက်ခံချုပ်ဆိုခြင်း မပြုရလို့ ပါရှိပါတယ်။

"မြေပုံ မြေရာဇဝင်"ဆိုတာက အများ သိတဲ့ ပုံစံ ၁၀၅၊ ၁၀၆ ဖြစ်ပြီး နှစ်စဉ်အမြဲ "ပြောင်းလဲ အတည်ပြုရေးဆွဲ နေရတဲ့ "မြေစာရင်း/ မြို့တော်စည်ပင်/ အိုး အိမ်"ဌာနတို့ရဲ့ ဌာနရှိမှတ်တမ်း စားရင်းများအရ မူရင်းအပေါ်မှာ ကောက်နုတ် ရေးဆွဲပေးထားသော မိတ္တူ ဖြစ်ပါတယ်။ မြေနဲ့ပတ်သက်လို့ မှန်ကန်မှု ရှိ/မရှိဆိုတာကို ဒီဌာန တွေကသာ တိုက်ဆိုင်စစ်ဆေး အတည်ပြုပေးနိုင် ပါတယ်။ ဒါကြောင့် ပုံစံ ၁၀၅၊ ၁၀၆ ဟာ စစ်မှန်မှုအတွက် အရေးပါလာရပါတယ်။



ဌာနက ထုတ်ပေးတဲ့ ပုံစံ ၁၀၅ သည်မြေပုံ / ပုံစံ ၁၀၆ သည်မြေရာဇဝင်၊ ဒီနှစ်ရွက်ပေါင်းကို မြေပုံ/မြေရာဇဝင်လို့ ခေါ်ပါတယ်။ မြို့နယ် မြေစာရင်း/မြို့တော်စည်/အိုးအိမ် ဌာနတို့က ထုတ်ပေးတဲ့ မြေပုံကလေးပါတဲ့ မြေပုံကို ပုံစံ ၁၀၅၊ မြေရာဇဝင်ပါတဲ့စာရွက်ကို မြေရာဇဝင် ပုံစံ ၁၀၆ လို့ခေါ်ပြီး ၂ ရွက်ပေါင်းလိုက်တော့ မြေပုံ/မြေရာဇဝင် ဖြစ်သွားပါတယ်။

ပုံစံ ၁၀၅၊ ၁၀၆ ကို အရောင်းဝယ်စာချုပ် မှတ်ပုံတင်ပြုလုပ်ရာမှာ အသုံးပြုရုံတင် မဟုတ်ပါဘူး၊ အိမ် အသစ် ဆောက််ရင်/ အကြီးစားပြင်ရင်/ အဝီစိတွင်းတူးရင်/ မြေကွက်ခွဲရင်/ ခြံစည်းရိုးခတ်ချင်ရင်/ မှတ်တမ်းအဖြစ် သိမ်းထားချင်ရင်/ လယ် ယာမြေ လုပ်ပိုင်ခွင့်လျောက်ရင်/ ရောင်းချရင်/ အခြားသော မြေယာ ကိစ္စရပ်တွေမှာ အသုံးပြုရပါတယ်။ ပုံစံ ၁၀၅၊ ၁၀၆ ရှိနေရုံနဲ့ မြေပိုင်တာတော့ မဟုတ်ပါဘူး။ မြေနဲ့ပတ်သက်တဲ့ အကြောင်းအရာ အချက်အလက်တွေကို မှန်မှန်ကန်ကန် သိနိုင်အောင် အသုံးပြုတာပါ။


ပုံစံ ၁၀၅၊ ၁၀၆ လိုချင်ရင် မြို့နယ် မြေစာရင်း/ မြို့တော်စည်ပင်/ အိုးအိမ် ဌာနများမှာ လျှောက်ထား ရယူနိုင် ပါတယ်။ ဌာန သုံးခုဖြစ်နေရတာက မြေနေရာအပေါ်မူတည်ပြီး စီမံတဲ့ ဌာန ကွဲသွားလို့ ဖြစ်ပါတယ်။ မြို့တော် စည်ပင်သာယာ နယ်နမိတ်အတွင်းမှာ နေရင် "မြို့တော်စည်ပင်"၊ အိုးအိမ်ဌာန စီမံခန့်ခွဲတဲ့ မြေမှာဆိုရင် "အိုးအိမ်ဌာန"၊ ကျန်မြို့များမှာဆိုရင် "မြေစာရင်း/လယ်စီအင်း" ဌာနများမှာ ပုံစံ ၁၀၅၊ ၁၀၆ ကို လျှောက် ထားရယူနိုင်ပါတယ်။

ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

စာချုပ်ချုပ်မည်ဆိုလျှင် အရှုပ်အရှင်း အလျဉ်းမရှိ ဆိုသည့် ကိစ္စ

အိမ်နှင့်မြေ သို့မဟုတ် မြေကွက် လွှဲပြောင်းရောင်းချရာတွင် ရေးသားချုပ်ဆိုသော မှတ်ပုံတင် အရောင်းအဝယ်စာချုပ်တွင် အဓိကပါဝင်ရမည့် အချက်များ

တိုက်ခန်းများအမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ

အပျောက်စနစ်ဖြင့် တိုက်ခန်း ဝယ်မည်ဆိုလျှင်

Credit By: မျိုးမင်းထွန်း DVB lawlab
Posted By : Ra Wai, ShweProperty.com