သင့်အိမ်ကမီးဖိုချောင်အနံ့အသက်တွေကြောင့် စိတ်ညစ်နေပြီလား?လွယ်ကူစွာအနံ့အသက် ကင်းစေမဲ့နည်းလမ်းလေးတွေဖော်ပြပေးလိုက်ပါတယ်။
 
ငါး သို့မဟုတ် ဟင်းပွဲ စတဲ့ ပြင်းရှတဲ့ ဟင်းနံ့၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အစားအစာတွေက မီးဖိုချောင်အတွင်း စွဲကျန်ရစ်တဲ့ အနံ့အသက်တွေ ဖြစ်ပါတယ်။ စိတ်မပူပါနဲ့ သည်အနံ့အသက်တွေကို ရိုးစင်းပြီး ဈေးမကြီးတဲ့ နည်းလမ်းတွေနဲ့ လွယ်ကူစွာ ရှင်းလင်းနိုင်ပါတယ်။
အိပ်ခန်းတံခါးတွေ ပိတ်ပါ

အနံ့စူးရှတဲ့ ဟင်းနံ့တွေ လျှော့ချဖို့ လွယ်ကူတဲ့ နည်းလမ်းတစ်ခုက အနံ့အသက်တွေကို အိပ်ခန်းတွေထဲ မဝင်ရောက်စေဖို့ပဲ ဖြစ်ပါတယ်။ အချက်အပြုတ်မစခင် အိပ်ခန်းတံခါးနဲ့ အဝတ်ဗီရိုတွေ ပိတ်ထားတာက ငါးကြော်ညှော်နံ့စတဲ့ အနံ့အသက်တွေ အိပ်ခန်းအတွင်း မစွဲကျန်အောင် လုပ်ပေးပါလိမ့်မယ်။

သေချာဆေးကြော သန့်စင်ပါ

မနက်စောစောစီးစီးဆီတွေ ပေကျံနေတဲ့ အိုးခွက်ပန်းကန်အပြည့်နဲ့ ပန်းကန်ဆေးကန်မှာ တွေ့ရတာထက်ဆိုးတာ မရှိပါဘူး။ အိုးခွက်ပန်းကန်အားလုံးကို အသုံးပြုပြီးတာနဲ့ ဆေးကြောသန့်စင်ပါ။ အဲ့ဒါက ဆီနံ့ဆိုးတွေ လျော့နည်းသက်သာစေပါလိမ့်မယ်။
 

 
လေဝင်လေထွက်ကောင်းအောင် ဖန်တီးပါ
 
အနံ့အသက်ဆိုးတွေကို အမြန်ဆုံး ရှင်းထုတ်ပါ။ အဲသည်အတွက် ဆီညှော်နံ့ဆိုးတွေ ရှင်းလင်းပေးနိုင်တဲ့ အိပ်ဇောဖန် ဒါမှမဟုတ် မီးခိုးခေါင်းတိုင်တစ်ခုခု လိုအပ်လိမ့်မယ်။
 
အမှိုက်အိတ်အစို၊ အခြောက် ခွဲထားပါ
 
သည်နည်းက ဆိုးညစ်တဲ့ အနံ့အသက် ကင်းရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ငါး၊ ဟင်းသီးဟင်းရွက် သို့မဟုတ် ပုပ်သိုးတတ်တဲ့ ပစ္စည်းတွေအတွက် အမှိုက်အိတ် သတ်သတ်ခွဲသုံးပါ။
 
ရှာလကာရည်
 
သူက အံ့မခန်းဖွယ် အလုပ်ဖြစ်ပါတယ်။ ရှာလကာရည် baking soda ကို ပန်းကန်တစ်ခုထဲ လောင်းထည့်ပြီး မီးဖိုချောင် အုတ်ခုံပေါ် တစ်ညထားပါ။ ရှာလကာရည်တွေက အနံ့အသက်တွေကို စုပ်ယူပေးပါတယ်။
 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ
 
 
အိမ်မှာခြင်ဆေးခွေ အမြဲလိုလိုသုံးမိနေပြီဆိုလျှင် မဖြစ်မနေ သိထားရမည့် အချက်များ
 
သန့်ရှင်းရေးပုံမှန်မလုပ်ရင် သင့်ရဲ့ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်လာစေမယ့် အိမ်သုံးပစ္စည်းများ
 
ကျန်းမာရေးကို ထင်မထားလောက်အောင်ထိခိုက်စေနိုင်တဲ့ အိမ်တိုင်းမှာရှိတတ်တဲ့အရာများ
 
အိမ်မှာသောင်းကျန်းနေတဲ့ ကြမ်းပိုးတွေကို ဘယ်လိုနှင်မလဲ
 
Credit By: Builders Guide
Posted By: Ra Wai, ShweProperty.com