အကောင့်ထဲသို့ဝင်မည် အကောင့်သစ်လုပ်ရန်
ကြော်ငြာတင်ရန် အကောင့်

X
အကောင့်သစ်လုပ်ရန် အကောင့်ထဲသို့ဝင်မည်
ဝယ်သူအကောင့် ကြော်ငြာရှင်အကောင့် sell property
ဝယ်ရန် ငှားရန် စီမံကိန်း အသစ်များ
အိမ်ခြံမြေပြပွဲများ အိမ်ခြံမြေလမ်းညွှန် ART OF LIVING
အိမ် ရှာဖွေသူများ
အိမ် ရှာဖွေနေသူများ အိမ်ရှာဖွေသူများ ပို့စ်တင်ရန်
သတင်း အကျိုးဆောင်များ Careers
Bookings
ID ဖြင့်ရှာပါ
ဆက်သွယ်ရန်
ကြော်ငြာတင်ရန် အကောင့်
english
Property Titles
ဝယ်ရန်
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
ရန်ကုန်တိုင်းဒေသကြီး
တိုင်းနှင့်ပြည်နယ်များအားလုံး
ရန်ကုန်တိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး
နေပြည်တော်
ဧရာဝတီတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
ချင်းပြည်နယ်
ကချင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်
မကွေးတိုင်းဒေသကြီး
မွန်ပြည်နယ်
ရခိုင်ပြည်နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ရှမ်းပြည်နယ်
တနင်္သာရီတိုင်းဒေသကြီး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
အလုံ
ဗဟန်း
ဗိုလ်တထောင်
ဒဂုံ
ဒဂုံမြို့သစ်အရှေ့ပိုင်း
ဒဂုံမြို့သစ်အနောက်ပိုင်း
ဒဂုံမြို့သစ်မြောက်ပိုင်း
ဒဂုံမြို့သစ်ဆိပ်ကမ်း
ဒဂုံမြို့သစ်တောင်ပိုင်း
ဒလ
ဒေါပုံ
လှိုင်
လှိုင်သာယာ
လှည်းကူး
မှော်ဘီ
ထန်းတပင်
အင်းစိန်
ကမာရွတ်
ကော့မှုး
ခရမ်း
ကွမ်းခြံကုန်း
ကျောက်တံတား
ကျောက်တန်း
ကြည့်မြင်တိုင်
လမ်းမတော်
လသာ
မရမ်းကုန်း
မင်္ဂလာဒုံ
မင်္ဂလာတောင်ညွှန့်
မြောက်ဥက္ကလာ
ပန်းပဲတန်း
ပုဇွန်တောင်
စမ်းချောင်း
ဆိပ်ကြီးခနောင်တို
ရွှေပြည်သာ
တောင်ဥက္ကလာ
တိုက်ကြီး
တာမွေ
သာကေတ
သံလျင်
သင်္ဃန်းကျွန်း
သုံးခွ
တွံတေး
ရန်ကင်း
ရွှေပေါက်ကံ
ပုလဲမြို့သစ်
အိမ်ခြံမြေ အမျိုးအစား
တိုက်ခန်း
ကွန်ဒို
လုံးချင်းအိမ်
ဆိုင်ခန်း
မြေကွက် / ခြံ
စက်မှုဇုန်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
30000 (သိန်း) နှင့်အထက်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
10 (သိန်း) နှင့်အထက်
ရှာဖွေရန်နှိပ်ပါ
Property Titles
ဝယ်ရန်
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အိမ်ခြံမြေ အမျိုးအစား
တိုက်ခန်း
ကွန်ဒို
လုံးချင်းအိမ်
ဆိုင်ခန်း
မြေကွက် / ခြံ
စက်မှုဇုန်
ရန်ကုန်တိုင်းဒေသကြီး
တိုင်းနှင့်ပြည်နယ်များအားလုံး
ရန်ကုန်တိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး
နေပြည်တော်
ဧရာဝတီတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
ချင်းပြည်နယ်
ကချင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်
မကွေးတိုင်းဒေသကြီး
မွန်ပြည်နယ်
ရခိုင်ပြည်နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ရှမ်းပြည်နယ်
တနင်္သာရီတိုင်းဒေသကြီး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
အလုံ
ဗဟန်း
ဗိုလ်တထောင်
ဒဂုံ
ဒဂုံမြို့သစ်အရှေ့ပိုင်း
ဒဂုံမြို့သစ်အနောက်ပိုင်း
ဒဂုံမြို့သစ်မြောက်ပိုင်း
ဒဂုံမြို့သစ်ဆိပ်ကမ်း
ဒဂုံမြို့သစ်တောင်ပိုင်း
ဒလ
ဒေါပုံ
လှိုင်
လှိုင်သာယာ
လှည်းကူး
မှော်ဘီ
ထန်းတပင်
အင်းစိန်
ကမာရွတ်
ကော့မှုး
ခရမ်း
ကွမ်းခြံကုန်း
ကျောက်တံတား
ကျောက်တန်း
ကြည့်မြင်တိုင်
လမ်းမတော်
လသာ
မရမ်းကုန်း
မင်္ဂလာဒုံ
မင်္ဂလာတောင်ညွှန့်
မြောက်ဥက္ကလာ
ပန်းပဲတန်း
ပုဇွန်တောင်
စမ်းချောင်း
ဆိပ်ကြီးခနောင်တို
ရွှေပြည်သာ
တောင်ဥက္ကလာ
တိုက်ကြီး
တာမွေ
သာကေတ
သံလျင်
သင်္ဃန်းကျွန်း
သုံးခွ
တွံတေး
ရန်ကင်း
ရွှေပေါက်ကံ
ပုလဲမြို့သစ်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
30000 (သိန်း) နှင့်အထက်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
10 (သိန်း) နှင့်အထက်

လှိုင်သာယာမှာ တရားဥပဒေ စိုးမိုးနိုင်ဖို့

By Myanmar Times, Shweproperty.com

Updated at 28 September 2015

လှိုင်သာယာမှာ တရားဥပဒေ စိုးမိုးနိုင်ဖို့

လှိုင်သာယာမှာ တရားဥပဒေ စိုးမိုးနိုင်ဖို့

By Myanmar Times, Shweproperty.com

Updated at 28 September 2015

 လှိုင်သာယာမြို့နယ် မီးခွက်ဈေးအောက်ထိပ်က ဆိုင်ကယ်ကယ်ရီဂိတ်မှာ လူငယ်လေးဦးကို ကယ်ရီသမား ၁၀ ဦးလောက်က ဝိုင်းဝန်း ရိုက်နှက်နေကြပါတယ်။



စက်ရုံတွေ လုပ်ငန်းခွင်ဖြုတ်ချိန်မို့ လမ်းပေါ်မှာ လူသွားလူလာရှုပ်နေချိန်ဖြစ်ပြီး ရန်ပွဲကိုတွေ့တဲ့အခါ မိန်းကလေးတချို့ ပြေးသူပြေးကြတယ်၊ ရိုက်နှက်နေတဲ့နေရာ အနီးအနား အဲဒီ လူစုလူဝေးကလွဲရင် လူသူရှင်းသွားပြီး လမ်းဘေး ကွမ်းယာဆိုင်၊ လက်ဖက်ရည်ဆိုင် ငယ်လေးတွေထဲဆီ အကာအကွယ်သဘော ဝင်ရောက်ခိုလှုံနေကြတယ်။



ဒီဖြစ်ရပ်က ဩဂုတ်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။



ဆိုင်ကယ်ကယ်ရီဂိတ်က လူတွေပြောပြချက်အရတော့ ရိုက်နှက်ခံရသူတွေက ခါးပိုက်နှိုက်တွေလို့ သူတို့ကြိုတင်သိရှိထားတဲ့အတွက် အခုလို ဖမ်းဆီးဆုံးမတာဖြစ်ပြီး ရဲလက်အပ်မှာလို့ ဆိုပါတယ်။



ဒါပေမဲ့ ဒေါသတကြီးနဲ့ ရိုက်နှက်ခံရတဲ့ လူငယ်လေးယောက်ကတော့ မြေပေါ်မှာ သွေးအလူးလူးနဲ့ပါ။



လှိုင်သာယာမြို့နယ်မှာ နေ့စဉ်နီးပါး ရန်ပွဲတွေ၊ မိုက်ကြေးခွဲမှုတွေ၊ လုယက်မှု၊ မုဒိမ်းမှု၊ အကြွေးသမားက အကြွေးမပေးလို့ အကြွေးရှင်က ဖမ်းဆီးရိုက်နှက်မှု၊ အိမ်မှာဖမ်းချုပ်ထားမှု စသဖြင့် အမှုပေါင်းများစွာ ဖြစ်ပျက်နေပြီး ရဲစခန်းကို ရောက်လာတဲ့ အမှုတွေလည်းရှိသလို လူမိုက်ခေါ်ဖြေရှင်း နေကြတာတွေလည်းရှိတယ်လို့ လှိုင်သာယာမြို့နယ်မြို့မ ရဲစခန်းက အဆင့်မြင့်ရဲအရာရှိတစ်ဦးက ဆိုပါတယ်။



တရားဥပဒေစိုးမိုးဖို့လုပ်ဆောင်ရာမှာလည်း လူဦးရေပေါက်ကွဲမှုနဲ့ ရဲတပ်ဖွဲ့အင်အား မညီမျှမှုက အကြီးအမားဆုံး အဟန့်အတားတစ်ခုဖြစ်နေပါတယ်။



  မြို့နယ်မှာ တရားဝင်ရပ်ကွက်ကြီး ၂၀ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ကိုးရွာ ရှိတယ်။



အိမ်အမှတ်၊ သန်းခေါင်စာရင်းနဲ့ နေထိုင်သူက ၂၀၀,၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။



နာဂစ်မုန်တိုင်း ဖြစ်ပြီးနောက်ပိုင်းကစပြီး အနယ်နယ်အရပ်ရပ်ကနေ အလုပ်လုပ်ဖို့ ရွှေ့ပြောင်းလာရောက် နေထိုင်ကြပြီး တရားမဝင်ကျူးကျော် ရပ်ကွက်တွေလည်း အများအပြား ပေါ်ပေါက်လာတယ်။



သန်းခေါင်စာရင်းအရ လှိုင်သာယာမှာ လူဦးရေ ၆၈၄,၇၀၀ ရှိနေပြီလို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးမှ သိရပါတယ်။



တရားမဝင်ကျူးကျော်နေထိုင်သူတွေနဲ့ တရားဝင်နေထိုင်သူတွေ တစ်ဝက်စီ ရှိနေတယ်လို့ အုပ်ချုပ်ရေးမှူးရုံးမှ သိရတယ်။



အဲဒီရပ်ကွက်တွေမှာ နေထိုင်သူတွေအနေနဲ့ ကိုယ့်အသက် အိုးအိမ်စည်းစိမ်ကို ကိုယ်တိုင် ကာကွယ်စောင့်ရှောက်နေရပြီး ကျူးကျော်ရပ်ကွက်တစ်ရပ်ကွက်စီမှာ ကိုယ့်ရပ်ကွက်ကို စောင့်ရှောက်ဖို့၊ ရဲနဲ့ အခြားပြင်ပအန္တရာယ်တွေကို ကာကွယ်ဖို့ဆိုပြီး အဖွဲ့တွေဖွဲ့ထားလေ့ ရှိပါတယ်။



သူတို့ထဲကမှ ငွေအင်အားတောင့်တင်းပြီး မိုက်ရဲ ကြမ်းရဲသူက ရပ်ကွက်လူမိုက်အဖြစ် နာမည်ကြီးလာပါတယ်။



(၅)ရပ်ကွက်၊ ပီမိုးနင်းလမ်းထဲမှာရှိတဲ့ စတားစီးတီးကုမ္ပဏီပိုင်မြေကွက်မှာ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်က စပြီး ကျူးကျော် နေထိုင်လာခဲ့ကြတာ အခုဆိုရင် အိမ်ခြေ ၃,၀၀၀ ကျော်လောက်နဲ့ စည်ကားနေပါတယ်။



အဲဒီကျူးကျော်ရပ်ကွက်ထဲမှာ အရက်ဆိုင်နဲ့ လောင်းကစားဝိုင်းတွေ ကြီးစိုးနေသလို ဝင်ရောက်နေထိုင်သူတွေကလည်း လူမိုက်တွေရဲ့အုပ်ချုပ်မှုအောက်မှာ နေရတယ်လို့ နေထိုင်သူ မနုနုခိုင်က ဆိုပါတယ်။



"ကျွန်မ မောင်နဲ့ ညီမကို ဩဂုတ်လ ၁၈ ရက်နေ့ နေ့ခင်းကြီး ဒီက လူမိုက်က သူ့တပည့် ငါးယောက်နဲ့ဓားတွေ ကိုင်ပြီးတော့ လာဆဲတယ်။ အိမ်ထဲက ဆွဲထုတ်ပြီး လမ်းပေါ်မှာ ရိုက်နှက်ကန်ကျောက်လုပ်လို့ ရဲစခန်းမှာ အမှုသွားဖွင့်တာ ခံရတဲ့သူက အမှုဖွင့်လို့မရဘဲ ဓားကိုင်ရမ်းကားသူက အမှုပြန်ဖွင့်တယ်။ အဲဒီ လူမိုက်အုပ်ချုပ်နေတဲ့ ရပ်ကွက်ထဲနေပေမယ့် သူတို့နဲ့ ကျွန်မတို့ လူမှုရေး၊ စီးပွားရေး ပတ်သက်မှု ကင်းတယ်။ ဒါပေမဲ့ ကျွန်မတို့ လူမှုရေး လုပ်ငန်းတွေ ရပ်ကွက်အတွင်း သာရေး၊ နာရေးတွေကိုတော့ အရပ်ဘက်လူမှုအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်နေတယ်။ ဒါကြောင့် ရပ်ကွက်သူ ရပ်ကွက်သားတွေနဲ့ အတော်သင့် မြတ်တယ်၊ ဒါကိုမကျေနပ်လို့ လူစွာမလုပ်နဲ့ဆိုပြီး လာပါဝါပြတယ်ထင်တယ်"လို့ သူက သူ့ရဲ့ဖြစ်ရပ်ကို ပြောပြတယ်။



လူမိုက်လို့ နာမည်ထွက်သူတွေကို ဖမ်းစီးအရေးယူမှု အပိုင်းတွေနဲ့ ပတ်သက်ပြီး လှိုင်သာယာမြို့မရဲစခန်းက တာဝန်ရှိသူကို မေးမြန်းကြည့်တဲ့အခါ နာမည်ထွက်လာရင် ကျော်စောမှုနဲ့ ဖမ်းဆီးနိုင်ဖို့ အဲဒီသူရဲ့ နောက်ကြောင်း ရာဇဝင်ကို ပြန်ကြည့်ကာ နာမည်သာ ထွက်ပြီး ပြစ်ချက်ဟောင်းမရှိရင် သတိပေးတာမျိုးသာ ပြုလုပ်တယ်လို့ ဆိုပါတယ်။



လာရောက်တိုင်တန်းခြင်း မရှိရင်လည်း အရေးယူဆောင်ရွက်မှုတွေ ပြုဖို့ ခက်တယ်လို့ ဆိုပါတယ်။



တချို့ကလည်း လုပ်ပိုင်ခွင့်တွေ ဆုံးရှုံးမှာ စိုးရိမ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ပုံကြီးချဲ့နေကြောင်းနဲ့ နာမည်ထွက်နေတဲ့ လူမိုက်နာမည်ကို အလွဲသုံးပြီး ဘယ်သူ့ တပည့်ဆိုကာ စသဖြင့် လုပ်စားတာတွေလည်း ရှိကြောင်း၊ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူကို အကူအညီယူပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရတာ၊ ထောက်လှမ်းရတာမျိုး ရှိပေမယ့် လူမိုက် လက်ထဲ ပြည်သူကို အပ်ပြီး အုပ်ချုပ်ခိုင်းတာ မရှိဘူးလို့ သူက ပြောပါတယ်။



တစ်ဖက်မှာလည်း တရားမဝင်ကျူးကျော်နေကြတဲ့သူတွေမို့ တာဝန်ရှိသူတွေက အစစအရာရာ လိုက်လံဆောင်ရွက်ပေးနေရင် အဲဒီနေရာကို တရားဝင်ရပ်ကွက်တစ်ခုအဖြစ် ထင်သွားနိုင်တယ်လို့ လှိုင်သာယာ ရဲစခန်းက ရဲမှူးဦးစီးက ဆိုပါတယ်။



တရားမဝင်နေထိုင်သူတွေဖြစ်တာကြောင့် စိတ်လုံခြုံမှုလည်း မရရှိဘဲ ရဲကိုတွေ့တာနဲ့ သူတို့ဘက်ကလည်း အရင်ရန်ပြုဖို့ ကြိုးစားတာတွေလည်း ကြုံရတယ်လို့ သိရပါတယ်။



"သူတို့တွေကလည်း ကောလာဟလဆို အင်မတန်ယုံကြပါတယ်၊ ဥပဒေအရ လုံး၀ စောင့်ရှောက်မှု မပေးတာတော့ မဟုတ်ပါဘူး။ လာတိုင်ရင် အမှုဖွင့်ပေးတာပဲ။ အကာအကွယ်ရပါတယ်။ ဒါပေမဲ့ သူတို့နဲ့တော့ ရဲကလည်း သွားပူးလို့ မရနိုင်ဘူး။ တစ်နေ့တစ်နေ့ စခန်းမှာလည်း အမှုတွေ မနည်းပါဘူး" လို့ သူက ပြောပါတယ်။



လှိုင်သာယာမှာ အိမ်ခန်းကျဉ်းလေးတွေ အများအပြားရှိပါတယ်။



တချို့အိမ်ခန်းတွေက ရှစ်ပေပတ်လည်၊ တချို့အိမ်ခန်းတွေက ၁၀ ပေပတ်လည်၊ တစ်ခန်းနဲ့ တစ်ခန်း ဝါးထရံ တစ်ချပ်ပဲ ခြားသလို အဲဒီ အိမ်ခန်းတွေမှာ မိသားစုတွေ၊ လင်စုံမယားဖက် သားပျို၊ သမီးပျိုတွေ အကုန်စုစည်းနေထိုင်ကြတာတွေ ရှိပါတယ်။



ဒီနေရာတွေကလည်း အမှုအခင်းတွေများစွာ ဖြစ်ပေါ်ဖို့ အားပေးနေပါတယ်။



"တစ်ခန်းနဲ့ တစ်ခန်း အသက်ရှူသံ တောင်ကြားနေကြရတယ်။ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ မုဒိမ်းမှုတွေ၊ သက်ငယ်မုဒိမ်းတွေလည်း လှိုင်သာယာမှာ ထုနဲ့ဒေးနဲ့ပဲ"လို့ ရတနာ့မေတ္တာအခမဲ့ ရှေ့နေ အကျိုးဆောင် အထက်တန်းရှေ့နေ ဒေါ်သက်သက်ဝါက ပြောပါတယ်။



ကျူးကျော်ကို ထိန်းချုပ်နိုင်ဖို့နဲ့ အမှုအခင်းတွေ လျှော့ချနိုင်ဖို့ လူဦးရေစာရင်း အတိအကျရအောင် ကောက်ယူတာ၊ ဧည့်စာရင်းတိုင်ကြားတာ၊ မှတ်တမ်းယူတာတွေ လုပ်ချင်ပေမယ့် အဲဒီလိုပြုလုပ်လိုက်ရင် ကျူးကျော်နေထိုင်သူတွေက အခွင့်အရေးယူပြီး အတည်နေထိုင်ခွင့်ရအောင် ပြုလုပ်မှာကို တာဝန်ရှိသူတွေဘက်က စိုးရိမ်စိတ်တွေရှိတာမို့ စာရင်းကောက်ဖို့ အကောင်အထည် မဖော်နိုင်သေးပါဘူး။



"မှုခင်းတစ်ခုဖြစ်ရင် လူဦးရေ မစိစစ်ထားတော့ အခက်အခဲရှိတယ်၊ အဆောင်တွေကလည်း တအားများပြီး ပျံကျရွှေ့ ပြောင်းနေထိုင်သူတွေမှာ ပြစ်မှုကျူးလွန်တာတွေ ပိုများတယ်။ နောက်ပြီး ဒီမှာ ရပ်ကွက်ကျေးရွာ သာယာစိုးမိုးရေးက ပြည်သူရော အခြားအုပ်ချုပ်ရေးအဖွဲ့တွေရော ပူးပေါင်းမှ၊ အခုက အကုန်ရဲတာဝန် ချည်းပဲဖြစ်နေတယ်"လို့ ရဲမှူးဦးစီးက ပြောပါတယ်။



လှိုင်သာယာရဲ့ လူဦးရေအချိုးအစားအရ လူ ၄,၀၀၀ ကို ရဲတပ်ဖွဲ့ဝင်တစ်ဦးနှုန်းနဲ့ ထိန်းသိမ်းနေရပါတယ်။



နိုင်ငံတကာစံနှုန်းအရ ရဲတပ်ဖွဲ့ဝင်တစ်ဦးက လူ ၄၀၀ နှုန်းပဲ ကာကွယ်ပေးရတာဖြစ်ပြီး ကာကွယ်မှုခံယူသူတိုင်းကလည်း အခြေခံဥပဒေကို နားလည်ထားကြတယ်လို့ ဆိုတယ်။



"ဒီမှာက အခြေခံဥပဒေနားလည်ဦးတော့ အခြေအနေတွေက ဥပမာ လူမှုရေး ဒုက္ခတွေ၊ စီးပွားရေး အဆင်မပြေမှုတွေ၊ မိသားစု စားဝတ်နေရေးတွေက သူတို့ကို မကြောက်မရွံ့ လုပ်ဖြစ်အောင်ကို တွန်းအားပေးနေတယ်"လို့ ရဲမှူးဦးစီး ကပြောပါတယ်။



လူဦးရေ ၇၀၀,၀၀၀ နီးပါး ရှိနေပြီဖြစ်တဲ့ လှိုင်သာယာလိုမြို့နယ်အတွက် ရဲတပ်ဖွဲ့အင်အားက တိုးချဲ့ဖို့လိုနေပြီလို့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဉာဏ်လင်းက ပြောပါတယ်။



  ပြီးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ လှိုင်သာယာ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးက မြို့နယ်လူဦးရေနဲ့ ရဲအင်အားမမျှတပုံကို တင်ပြပြီး ရဲတပ်ဖွဲ့ အင်အားတိုးချဲ့ဖို့ ရဲစခန်းတစ်ခု ထပ်မံဖွင့်လှစ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။



ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ကတော့ ရဲလုပ်ထုံးလုပ်နည်းနဲ့ အညီ ပြည်ထဲရေးကို တင်ပြသွားဖို့ စီစဉ်ဆောင်ရွက်လျက် ရှိတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။



လှိုင်သာယာမြို့မရဲစခန်းက ရဲမှူးဦးစီးကလည်း ရဲတပ်ဖွဲ့ဝင်အင်အား တောင့်တင်းဖို့ အဓိက ကျနေတယ်လို့ ပြောပါတယ်။



"ဥပဒေစိုးမိုးမှုပေါ်မူတည်ပြီး လူမှုဘဝတွေ အေးချမ်းဖို့အတွက် ဆောင်ရွက်ရင် အင်အားကလည်း အဓိကကျတယ်၊ မနိုင်မနင်းလုပ်ရင် အောင်မြင်နိုင်ခြေနည်းပါးတယ်၊ ရဲတပ်ဖွဲ့ဘက်လည်း မြို့နယ်အတွင်း ဆောင်ရွက်စရာရှိတာတွေကို မြို့နယ်ရဲမှူးကိုယ်တိုင်ဦးစီးပြီး စီမံချက်တွေချပြီး လုပ်နေတယ်၊ အမှုအခင်းဖော်ထုတ်မှုအပိုင်း၊ ကြိုတင်ကာကွယ်မှု အပိုင်းတွေလည်း လုပ်နေတယ်၊ အသိပညာပေးတယ်၊ ဟောပြောပွဲတွေ လုပ်ပေးတယ်၊ ဒါပေမဲ့ ကိုယ်တွေလည်း အင်အားမနိုင်သလို သူတွေဘက်လည်း လိုက်ပါလုပ်ဆောင်နိုင်မှု အရမ်းနည်းနေပါသေးတယ်"လို့ သူက ပြောပါတယ်။



လှိုင်သာယာ မီးခွက်ဈေးအောက်ထိပ် ဆိုင်ကယ်ကယ်ရီဂိတ် ရိုက်ပွဲကတော့ ဝင်ရောက်ဆွဲကူ ဖျန်ဖြေသူတွေလည်း မရှိပါဘူး။



ရိုက်နှက်နေရင်းက အတင်းထွက်ပြေးတဲ့အတွက် နှစ်ဦးကတော့လွတ် မြောက်သွားပါတယ်။



ပြေးတဲ့သူနောက် လိုက်သူလိုက်တယ်၊ ကျန်နှစ်ယောက်ကိုပဲ ဝိုင်းဖိပြီး ရိုက်သူတွေကလည်း ရိုက်ကြပါတယ်၊ နာကျင်လို့ အော်တဲ့အသံ၊ မရိုက်ဖို့နဲ့ ရဲကိုမြန်မြန်ခေါ်ပေးဖို့ တောင်းပန်တဲ့ အသံတွေလည်း စိတ်မချမ်းမြေ့ဖွယ်ရာ ကြားမြင်နေကြရပေမယ့် လူအများစုကတော့ အမြန် ကျောခိုင်းပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်သွားကြပါတယ်။

 

Ref : Myanmar Times

Posted By : Wai Phyoe Aung

Follow Us On    
အိမ်ခြံမြေ လမ်းညွှန်
အိမ်ခြံမြေ ဗဟုသုတ အိမ်ခြံမြေ ရောင်းချနည်း အိမ်ခြံမြေ ဝယ်ယူနည်း အိမ်ခြံမြေ ငှားရမ်းနည်း အကျိုးဆောင် လမ်းညွန်

အိမ်ခြံမြေပြပွဲများ


အိမ်ခြံမြေပြပွဲများ အားလုံးကြည့်ရန်


နောက်ဆုံးရ သတင်းများ

မီတာယူနစ် ဖတ်ချက် မှန် မမှန် ဘယ်လိုစစ်ဆေးကြမလဲ
လျှပ်စစ်ဌာနကို Complain အတက်ဆုံး နှစ်ချက်ပြောပါဆိုရင် မီးမလာတာနဲ့ မီတာခများတာရယ်။ မီးကိစ္စကတော့ တတ်နိုင်သလောက် ရှင်းပြရေးပြပြီးပါပီ။…
ရှောင်ကျဉ်သင့်တဲ့ ကင်ဆာဖြစ်စေတဲ့ အိမ်တွင်းသုံးပစ္စည်းများ
စား၀တ်နေရေးအတွက် အပြင်မှာအလုပ်လုပ်နေကြသူတွေဟာ အလုပ်ကပြန်လာရင် မိမိနားခိုရာအိမ်မှာပဲ အနားယူကြတာ ထုံးစံပါပဲ။ အိမ်ဟာ…
မီးဖိုချောင်ထဲမှာ အညစ်ပတ်ဆုံး နေရာ ၅ ခု
အိမ်သန့်ရှင်းရေးကို သေချာလုပ်နေတယ်ဆိုရင်၊ မီးဖိုချောင်ကိုလည်း သေသေချာချာ သန့်ရှင်းရေးလုပ်ဖို့ လိုပါလိမ့်မယ်။ အထူးသဖြင့်…
မြေတိုင်းလျှောက်ထားနည်း
မြေတိုင်းလျှောက်ထားရန် အောက်ပါအဆင့်များနှင့် လိုအပ်သောစာရွက်စာတမ်းများကို လိုက်နာဆောင်ရွက်ရပါမည်။br / br / လိုအပ်သောစာရွက်စာတမ်းများbr…
မြန်မာ့ရိုးရာ အိမ်ဆောက် လ နှင့် အိမ်ဆောက် ရက် ၊ကြိုးကိုင်ပန္နက်ချနေ့သား…
strongအိမ်ဆောက်လ ရွေးနည်း/strongbr / br / quot;လင်္ကာquot;br / လတန်ခူးမှာ၊အိမ်ဆောက်ခါ၊ချမ်းသာပြည့်ကြွယ်ဝ။br / လကဆုန်ကား၊ဆန်စပါး၊ပေါများကြွယ်တက်လှ။br…
ဂရန်ပျောက်ဆုံးသွားလျှင် အသစ်လျှောက်လို့ရပါသလား ?
(မူလဂရန်ရှိပြီးမြေကိုအကြောင်းအမျိုးမျိုးဖြင့်ဂရန်ပြန်လည် လျှောက်ထားခြင်း) မူလဂရန်ရှိပြီးမြေကို ဂရန်သက်တမ်းကုန်ဆုံး၍…
ခြံစည်းရိုးကာရံခြင်း လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ
ခြံစည်းရိုးကာရံခွင့်လျှောက်ထားရာတွင် လိုအပ်သောစာရွက်စာတမ်းများနှင့် ထောက်ခံချက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ…
အိမ်ဂရန်ကို အပေါင်ထားပြီး ငွေချေးယူထားလို့ ပြန်မဆပ်နိုင်ပါက အိမ်ကို သိမ်းဆည်းနိုင်ပါသလား
nbsp;br / အိမ်ဂရန်ကို အပေါင်ထားတယ်ဆိုတာ ရပ်ကွက်ထဲမှာ ထားတာလား၊ ဒါမှမဟုတ်ရင် ဘဏ်မှာ အပေါင်ထားတာလား ။br / br / ရပ်ကွက်ထဲမှာ အပေါင်ထားရင်…
မြေငှားဂရန်စာချုပ် ပျောက်ဆုံး/ပျက်စီးလျှင် လျှောက်ထားနည်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ မြေငှားဂရန်စာချုပ်မူရင်း ပျောက်ဆုံးသွားခြင်း သို့မဟုတ် ပျက်စီးသွားခဲ့ပါက…
အိမ်ခြံတွင်းစိုက်ထားပါက ခိုက်တတ်တယ်ဆိုတဲ့ အပင်များ
ကိုယ့်ရဲ့အိမ်ခြံအတွင်းမှာ အလှစိုက်အပင်များ သစ်ပင်ကြီးများစိုက်ခြင်းက လူတို့အတွက် စိတ်ကိုလန်းဆန်းစေကာ အလှတရားများနဲ့…
အိမ်ကို ကုန်ကျစရိတ်သက်သာစွာဖြင့် လှပအောင် ပြင်ဆင်နည်းများ
အိမ်တစ်လုံးကို လှပပြီး သက်တောင့်သက်သာဖြစ်အောင် ပြင်ဆင်ဖို့ဆိုတာ ငွေကြေးအများကြီး မလိုအပ်ပါဘူး။ အနည်းငယ်စဉ်းစားဉာဏ်သုံးပြီး…
အိမ်မှာပိုးဟတ်ရှိနေခြင်းက ကျန်းမာရေးကိုထိခိုက်စေသလား
ဟုတ်ပါတယ်၊ အိမ်မှာ ပိုးဟပ်တွေရှိနေရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ပိုးဟပ်များကို ဒုက္ခပေးနိုင်သော ပိုးမွှားများဟု…

    အိမ်ခြံမြေ လမ်းညွှန်

  • အိမ်ခြံမြေ ဗဟုသုတ
  • အိမ်ခြံမြေ ရောင်းချနည်း
  • အိမ်ခြံမြေ ဝယ်ယူနည်း
  • အိမ်ခြံမြေ ငှားရမ်းနည်း
  • အကျိုးဆောင် လမ်းညွန်

အကျိုးဆောင်များအတွက်

သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့

အသင်းဝင်လုပ်ရန်
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ ရယူရန်

နောက်ဆုံးရ သတင်းများ

  • မီတာယူနစ် ဖတ်ချက် မှန် မမှန် ဘယ်လိုစစ်ဆေးကြမလဲ
  • ရှောင်ကျဉ်သင့်တဲ့ ကင်ဆာဖြစ်စေတဲ့ အိမ်တွင်းသုံးပစ္စည်းများ
  • မီးဖိုချောင်ထဲမှာ အညစ်ပတ်ဆုံး နေရာ ၅ ခု
  • မြေတိုင်းလျှောက်ထားနည်း
  • မြန်မာ့ရိုးရာ အိမ်ဆောက် လ နှင့် အိမ်ဆောက် ရက် ၊ကြိုးကိုင်ပန္နက်ချနေ့သား ရွေးနည်း
  • ဂရန်ပျောက်ဆုံးသွားလျှင် အသစ်လျှောက်လို့ရပါသလား ?
  • ခြံစည်းရိုးကာရံခြင်း လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ
  • အိမ်ဂရန်ကို အပေါင်ထားပြီး ငွေချေးယူထားလို့ ပြန်မဆပ်နိုင်ပါက အိမ်ကို သိမ်းဆည်းနိုင်ပါသလား
  • မြေငှားဂရန်စာချုပ် ပျောက်ဆုံး/ပျက်စီးလျှင် လျှောက်ထားနည်း
  • အိမ်ခြံတွင်းစိုက်ထားပါက ခိုက်တတ်တယ်ဆိုတဲ့ အပင်များ
Loading…

ဝယ်ရန်

  • ရန်ကုန်တိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ဧရာဝတီရှိ ရောင်းရန် အိမ်ခြံမြေများ
  • ပဲခူးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • ချင်းပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကချင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကယားပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကရင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • မကွေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မွန်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ရခိုင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • စစ်ကိုင်းတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • ရှမ်းပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • တနင်္သာရီတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
View More

ဝယ်ရန်

  • ရန်ကုန်တိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ရောင်းရန် အိမ်ခြံမြေများ
View More

ငှားရန်

  • ရန်ကုန်တိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ငှားရန် အိမ်ခြံမြေများ
  • ဧရာဝတီတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ပဲခူးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ချင်းပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကချင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကယားပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကရင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • မကွေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မွန်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ရခိုင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • စစ်ကိုင်းတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ရှမ်းပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • တနင်္သာရီတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
View More

ငှားရန်

  • ရန်ကုန်တိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ငှားရန် အိမ်ခြံမြေများ
View More

စီမံကိန်း အသစ်များ

  • ရန်ကုန်တိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • မန္တလေးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • နေပြည်တော်ရှိ ရောင်းရန် စီမံကိန်းများ
  • ဧရာဝတီတွင်ရှိ ရောင်းရန် စီမဲံကိန်းများ
  • ပဲခူးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • ချင်းပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ကချင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ကယားပြည်နယ်တွင် ရောင်းရန် စီမံကိန်းများ
  • ကရင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • မကွေးတွင် ရောင်းရန် စီမံကိန်းများ
  • မွန်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ရခိုင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • စစ်ကိုင်းတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • ရှမ်းပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • တနင်္သာရီတိုင်းရှိ ရောင်းရန် စီမံကိန်းများ
View More

စီမံကိန်း အသစ်များ

  • ရန်ကုန်တိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • မန္တလေးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • နေပြည်တော်ရှိ ရောင်းရန် စီမံကိန်းများ
View More

အခြားအိမ်ခြံမြေများ

  • ရန်ကုန်ရှိ ရောင်းရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ရောင်းရန် ဆိုင်ခန်းများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
View More

အခြားအိမ်ခြံမြေများ

  • ရန်ကုန်ရှိ ရောင်းရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ရောင်းရန် ဆိုင်ခန်းများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
View More

Try our Mobile Apps

Android

Copyright © 2011-2025, ShweProperty.com. All rights reserved.

Privacy Policy|Terms & conditions

Follow Us

Loading…