ခြင်တွေကို ဝေးဝေးပြေးစေဖို့ ခြင်ဆေးခွေ၊ ခြင်ဖျန်းဆေးနဲ့ တခြားသော ဓာတုပစ္စည်းတွေ အသုံးပြုပြီးထုတ်လုပ်ထားတဲ့ အရည်တွေနဲ့ အသုံးအဆောင်တွေကို အသုံးပြု နှိမ်နင်းနိုင်တယ်ဆိုပေမယ့် ဒီနည်းလမ်းတွေဟာ ကျန်းမာရေးအတွက်တော့ စိတ်မချရပါဘူး။
 
သင်ဟာ အပင်စိုက် ဝါသနာပါသူ တယောက်ဖြစ်ပြီး ခြင်တွေကိုလည်း သဘာဝနည်းလမ်းအတိုင်း နှိမ်နင်းချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အပင်တွေကို အိမ်မှာ စိုက်ပျိုးထားသင့်ပါတယ်။
 
(၁) စပါးလင်
 
စပါးလင်ကို သဘာဝပစ္စည်းတွေကို အခြေခံပြီး ထုတ်လုပ်တဲ့ ခြင်နိုင်ဆေးတွေမှာ ကုန်ကြမ်းအဖြစ် အသုံးပြုလေ့ရှိပြီး စပါးလင်မှာပါဝင်တဲ့ Compound တမျိုးဟာ အင်းဆက်နဲ့ ခြင်တွေကို ဝေးဝေးပြေးစေနိုင်ပါတယ်။  စပါးလင်အနံ့ဟာ ခြင်တွေကို ဝေးဝေးပြေးစေရုံသာမက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။



(၂) ပင်စိမ်း
 
ပင်စိမ်းဟာဆိုရင်လည်း ခြင်တွေကို ဝေးဝေးပြေးစေတဲ့ ဟင်းခတ် အမွှေးအကြိုင် တမျိုးဖြစ်ပြီး အိမ်မှာ လွယ်လွယ်ကူကူ စိုက်နိုင်တဲ့ အပင်တမျိုးပါ။ အိမ်တွင်းမှာ စိုက်ထားရုံနဲ့ ခြင်တွေကို သိသိသာသာ နှိမ်နင်းပေးနိုင်မှာဖြစ်သလို ဟင်းခတ် အမွှေးအကြိုင်အဖြစ်လည်း အလွယ်တကူ အသုံးပြုနိုင်ပါတယ်။
 
(၃) ရို့စ်မေရီပင်
 
ရို့စ်မေရီပင်က ထွက်တဲ့ သစ်သားအနံ့လို အနံ့မျိုးကို ခြင်တွေဟာ မကြိုက်ကြတာကြောင့် အိမ်ထဲမှာဖြစ်ဖြစ်၊ ဥယျာဉ်ထဲမှာဖြစ်ဖြစ် စိုက်ထားပေးရုံနဲ့ ခြင်တွေကို ဝေးဝေးပြေးစေပါတယ်။
 
(၄) လာဗင်ဒါ
 
ခရမ်းရောင် အပွင့်လေးတွေရှိတဲ့ လာဗင်ဒါပင်ရဲ့ အနံ့ဟာဆိုရင်လည်း ခြင်နဲ့ တခြားသော အင်းဆက်တွေ မကြိုက်ကြတာကြောင့် အိမ်မှာ စိုက်ပျိုးထားသင့်တဲ့ အပင်တမျိုး ဖြစ်ပါတယ်။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
အာနိသင်ကောင်းပြီး အင်းဆက်တွေကို ဝေးဝေးပြေးစေတဲ့ အိမ်စိုက်အပင်များ
 
ရေခဲသေတ္တာထဲ ထည့်သိမ်းဖို့ မလိုတဲ့ အစားအသောက် ၈ မျိုး
 
သင့်အိမ်လေးကို ဗိုင်းရပ်စ်အန္တရာယ်မှ ကာကွယ်ဖို့ အသုံးပြုနိုင်သော အိမ်သုံးပစ္စည်းများ
 
အိမ်တွင်းလေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ အဓိကနေရာတွေအကြောင်း
 
Credit By: burma.irrawaddy
Posted By: Ra Wai, ShweProperty.com