အကောင့်ထဲသို့ဝင်မည် အကောင့်သစ်လုပ်ရန်
ကြော်ငြာတင်ရန် အကောင့်

X
အကောင့်သစ်လုပ်ရန် အကောင့်ထဲသို့ဝင်မည်
ဝယ်သူအကောင့် ကြော်ငြာရှင်အကောင့် sell property
ဝယ်ရန် ငှားရန် စီမံကိန်း အသစ်များ
အိမ်ခြံမြေပြပွဲများ အိမ်ခြံမြေလမ်းညွှန် ART OF LIVING
အိမ် ရှာဖွေသူများ
အိမ် ရှာဖွေနေသူများ အိမ်ရှာဖွေသူများ ပို့စ်တင်ရန်
သတင်း အကျိုးဆောင်များ Careers
Bookings
ID ဖြင့်ရှာပါ
ဆက်သွယ်ရန်
ကြော်ငြာတင်ရန် အကောင့်
english
Property Titles
ဝယ်ရန်
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
ရန်ကုန်တိုင်းဒေသကြီး
တိုင်းနှင့်ပြည်နယ်များအားလုံး
ရန်ကုန်တိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး
နေပြည်တော်
ဧရာဝတီတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
ချင်းပြည်နယ်
ကချင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်
မကွေးတိုင်းဒေသကြီး
မွန်ပြည်နယ်
ရခိုင်ပြည်နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ရှမ်းပြည်နယ်
တနင်္သာရီတိုင်းဒေသကြီး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
အလုံ
ဗဟန်း
ဗိုလ်တထောင်
ဒဂုံ
ဒဂုံမြို့သစ်အရှေ့ပိုင်း
ဒဂုံမြို့သစ်အနောက်ပိုင်း
ဒဂုံမြို့သစ်မြောက်ပိုင်း
ဒဂုံမြို့သစ်ဆိပ်ကမ်း
ဒဂုံမြို့သစ်တောင်ပိုင်း
ဒလ
ဒေါပုံ
လှိုင်
လှိုင်သာယာ
လှည်းကူး
မှော်ဘီ
ထန်းတပင်
အင်းစိန်
ကမာရွတ်
ကော့မှုး
ခရမ်း
ကွမ်းခြံကုန်း
ကျောက်တံတား
ကျောက်တန်း
ကြည့်မြင်တိုင်
လမ်းမတော်
လသာ
မရမ်းကုန်း
မင်္ဂလာဒုံ
မင်္ဂလာတောင်ညွှန့်
မြောက်ဥက္ကလာ
ပန်းပဲတန်း
ပုဇွန်တောင်
စမ်းချောင်း
ဆိပ်ကြီးခနောင်တို
ရွှေပြည်သာ
တောင်ဥက္ကလာ
တိုက်ကြီး
တာမွေ
သာကေတ
သံလျင်
သင်္ဃန်းကျွန်း
သုံးခွ
တွံတေး
ရန်ကင်း
ရွှေပေါက်ကံ
ပုလဲမြို့သစ်
အိမ်ခြံမြေ အမျိုးအစား
တိုက်ခန်း
ကွန်ဒို
လုံးချင်းအိမ်
ဆိုင်ခန်း
မြေကွက် / ခြံ
စက်မှုဇုန်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
30000 (သိန်း) နှင့်အထက်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
10 (သိန်း) နှင့်အထက်
ရှာဖွေရန်နှိပ်ပါ
Property Titles
ဝယ်ရန်
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အိမ်ခြံမြေ အမျိုးအစား
တိုက်ခန်း
ကွန်ဒို
လုံးချင်းအိမ်
ဆိုင်ခန်း
မြေကွက် / ခြံ
စက်မှုဇုန်
ရန်ကုန်တိုင်းဒေသကြီး
တိုင်းနှင့်ပြည်နယ်များအားလုံး
ရန်ကုန်တိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး
နေပြည်တော်
ဧရာဝတီတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
ချင်းပြည်နယ်
ကချင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်
မကွေးတိုင်းဒေသကြီး
မွန်ပြည်နယ်
ရခိုင်ပြည်နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ရှမ်းပြည်နယ်
တနင်္သာရီတိုင်းဒေသကြီး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
အလုံ
ဗဟန်း
ဗိုလ်တထောင်
ဒဂုံ
ဒဂုံမြို့သစ်အရှေ့ပိုင်း
ဒဂုံမြို့သစ်အနောက်ပိုင်း
ဒဂုံမြို့သစ်မြောက်ပိုင်း
ဒဂုံမြို့သစ်ဆိပ်ကမ်း
ဒဂုံမြို့သစ်တောင်ပိုင်း
ဒလ
ဒေါပုံ
လှိုင်
လှိုင်သာယာ
လှည်းကူး
မှော်ဘီ
ထန်းတပင်
အင်းစိန်
ကမာရွတ်
ကော့မှုး
ခရမ်း
ကွမ်းခြံကုန်း
ကျောက်တံတား
ကျောက်တန်း
ကြည့်မြင်တိုင်
လမ်းမတော်
လသာ
မရမ်းကုန်း
မင်္ဂလာဒုံ
မင်္ဂလာတောင်ညွှန့်
မြောက်ဥက္ကလာ
ပန်းပဲတန်း
ပုဇွန်တောင်
စမ်းချောင်း
ဆိပ်ကြီးခနောင်တို
ရွှေပြည်သာ
တောင်ဥက္ကလာ
တိုက်ကြီး
တာမွေ
သာကေတ
သံလျင်
သင်္ဃန်းကျွန်း
သုံးခွ
တွံတေး
ရန်ကင်း
ရွှေပေါက်ကံ
ပုလဲမြို့သစ်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
30000 (သိန်း) နှင့်အထက်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
10 (သိန်း) နှင့်အထက်

စက်မှုဇုန်များ အမှိုက်သိမ်းဝန်ဆောင်မှုအတွက် သြစတြေးလျကုမ္ပဏီကဒေါ်လာ ၁၁ သန်း ရင်းနှီးမြှုပ်နှံ

By Sint Sint, Shweproperty.com

Updated at 21 December 2020

စက်မှုဇုန်များ အမှိုက်သိမ်းဝန်ဆောင်မှုအတွက် သြစတြေးလျကုမ္ပဏီကဒေါ်လာ ၁၁ သန်း ရင်းနှီးမြှုပ်နှံ

စက်မှုဇုန်များ အမှိုက်သိမ်းဝန်ဆောင်မှုအတွက် သြစတြေးလျကုမ္ပဏီကဒေါ်လာ ၁၁ သန်း ရင်းနှီးမြှုပ်နှံ

By Sint Sint, Shweproperty.com

Updated at 21 December 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၏အမှိုက်သိမ်းဝန်ဆောင်မှုအတွက် ဩစတြေးလျကုမ္ပဏီက ဒေါ်လာ ၁၁ သန်းရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရပါတယ်။ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များတွင် အမှိုက်သိမ်းသည့်ဝန်ဆောင်မှုလုပ်ငန်းကို လည်ပတ်ရန် အမေရိကန်ဒေါ်လာ ၁၁ သန်းကျော် ရင်းနှီးမြှုပ်နှံသွားမည်ဟု TYTC Service ကုမ္ပဏီ ပြောကြားထားပါတယ်။အဆိုပါ စက်မှုဇုန် ၂၉ ခုတွင်အမှိုက် သိမ်းသည့်ဝန်ဆောင်မှုလုပ်ငန်းကို ၂၀၁၆ ခုနှစ်ကတည်းကတိုင်းအစိုးရ၏ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်ခဲ့ဘဲ အခုအချိနိမှ သာ လုပ်ငန်းစတင်ခြင်းဖြစ်သည်။လက်ရှိအချိန်တွင် လှိုင်သာယာစက်မှုဇုန် (၂) ရှိ စက်ရုံများ၌ အမှိုက်သိမ်းသည့် ဝန်ဆောင်မှုလုပ်ငန်းကို စတင်လုပ်ကိုင်မည်ဖြစ်ပြီး အခြားသောစက်မှုဇုန်များကိုမူ တဖြည်းဖြည်းတိုးချဲ့သွားမည်ဟု TYTC Service ကုမ္ပဏီကကြေညာထားပါတယ်။

 

ဩစတြေးလျနိုင်ငံအခြေ စိုက် ထိုကုမ္ပဏီသည် ၂၄၀ လီတာဆံ့သည့် အမှိုက်ပုံးများမှ ၁,၄၀၀ လီတာဆံ့သည့် အမှိုက်ပုံးများအထိ အသုံးပြုကာစက်ရုံများမှထွက်ရှိသည့် အမှိုက်များကို သိမ်းဆည်းမှာလည်းဖြစ်ပါတယ်။ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် စက်မှုဇုန်နယ်မြေတွင် ၂၄၀ လီတာဆံ့သည့် အမှိုက်ပုံးကို ကျပ် ၁,၀၀၀ ဖြင့် သိမ်းဆည်းသော်လည်း TYTC Service ကုမ္ပဏီသည် ကျပ် ၁,၂၀၀ ဖြင့် သိမ်းဆည်း မည်ဖြစ်သည်။ကုမ္ပဏီအနေဖြင့် အမှိုက်စွန့်ပစ်ခကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို ပေးရမှာဖြစ်ကြောင်း သိရပါတယ်။TYTC Service ကုမ္ပဏီ သည် မြန်မာနိုင်ငံတွင်မွေးဖွားသည့် ဩစတြေးလျနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်ပြီး ပြည်ပနိုင်ငံတွင်အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်း၌ နှစ်ပေါင်း ၂၀ ခန့် အတွေ့အကြုံ ရှိသည်ဟုထုတ်ပြန်ထားပါတယ်။လက်ရှိအချိန်တွင် အမှိုက်များကို ပြန်လည်အသုံးပြုခြင်း အဆင့်အထိ ဝန်ဆောင်မှုပေးနိုင်ခြင်းမရှိသေးသော်လည်း စက်ရုံများသည်နေ့စဉ်ထွက်ရှိသည့် အမှိုက်ပမာဏအလိုက် အမှိုက်ကန်များကိုမှာယူအသုံး ပြုနိုင်ရန်ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရပါတယ်။

 

TYTC Service ကုမ္ပဏီသည် စက်မှုဇုန် ၂၉ ခုတွင် အမှိုက်သိမ်းဆည်းခြင်းဝန်ဆောင်မှုကို ၁၀ နှစ်ကြာ လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီလည်းဖြစ်ပါတယ်။ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နမိတ်အတွင်းအခွန်အခများ စည်းကြပ်ကောက်ခံသည့် မြို့နယ်များရှိ လမ်းမကြီးများနှင့် လမ်းသွယ်များမှ အမှိုက်များကို စနစ်တကျ လှဲသိမ်းယူစွန့်ပစ်ခြင်း။အခွန်အခကောက်ခံသောမြို့နယ်များ မြို့နယ်/ရပ်ကွက်များတွင် ပြည်သူများအမှိုက် စွန့်ပစ်ရန်သင့်လျော်သော အမှိုက်သိမ်းစနစ်များကို စီမံဆောင်ရွက်ပေးခြင်း။အမှိုက်သိမ်းစနစ်များကို အစဉ်ဆောင်ရွက်နိုင်ရေးအတွက် အမှိုက်စွန့်ပစ်ရန် နေရာသတ်မှတ်ခြင်း၊ အမှိုက်ကန်များ တည်ဆောက်ခြင်း၊ အမှိုက်ပုံးများ ချထားပေးမှုများ စီမံဆောင်ရွက်ခြင်း။

 

အခွန်အခ ကောက်ခံခြင်းမပြုသော အစိုးရဌာန အဆောက်အအုံများ၊ ပရိဝုဏ်များ၊ ဝန်းခြံများအတွင်း အမှိုက်သရိုက်ရှင်းလင်းရေး၊ ထွက်ရှိအမှိုက်များကို ဌာနကသတ်မှတ်သော အမှိုက်စွန့်ပစ်နေရာသို့ သယ်ယူစွန့်ပစ်ရေးများ ညွှန်ကြားဆောင်ရွက်ခြင်း။သိမ်းဆည်းပြီးသောအမှိုက်များကို အပြီးသတ်စွန့်ပစ်ရန်အတွက် အစီမံများပြုလုပ်ခြင်း။အများပြည်သူသုံး အဆင့်မြင့်အခပေးအိမ်သာများကို သန့်ရှင်းစွာထားရှိပေးခြင်း။သုဿာန်များကို စနစ်တကျဖွင့်လှစ်၍ မြေမြှုပ်ခြင်း၊ မီးသင်္ဂြိုဟ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။ပတ်ဝန်းကျင်ညစ်ညမ်းမှုကာကွယ်ရန် ရေထု၊ လေထု၊ မြေထုညစ်ညမ်းခြင်း၊ အသံဆူညံခြင်း အနံ့၊ အလင်းရောင် စသည်တို့အတွက်ဓါတ်ခွဲစမ်းသပ်ခြင်း၊ လိုအပ်သောအကာအကွယ်များ ပြုလုပ်စီမံကွပ်ကဲ ညွှန်ကြားအုပ်ချုပ်ပေးခြင်း။

 

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကို ဥပဒေ၊ နည်းဥပဒေ အမိန့်ညွှန်ကြားချက်များအတိုင်း အရေးယူဆောင်ရွက်ခြင်း။

 

(၂) အမှိုက်အမျိုးအစားများခွဲခြားခြင်း

 

မီးဖိုချောင်ထွက်အမှိုက်ဆိုသည်မှာ ခြံထွက်အမှိုက်မှအပ နေအိမ်များ၊ အိမ်ခန်းများနှင့် မီးဖိုချောင်များမှ အသုံးမလို၍ စွန့်ပစ်သော အခြားအမှိုက်သရိုက်များကို ဆိုလိုသည်။ခြံထွက်အမှိုက်ဆိုသည်မှာ ခြံအတွင်းခုတ်ထွင်ရှင်းလင်းရာမှ ထွက်ရှိလာသော သစ်ပင်၊ သစ်ကိုင်း၊ သစ်ခက်များ၊ ခြုံနွယ်များ၊ အသုံးမလို၍ စွန့်ပစ်သော အဆောက်အအုံအစိတ် အပိုင်းများ၊ ပရိဘောဂအဟောင်း အပျက်များကို ဆိုလိုခြင်းဖြစ်သည်။  စက်ရုံ၊ အလုပ်ရုံထွက် အမှိုက်ဆိုသည်မှာ စက်ရုံနှင့်  အလုပ်ရုံများမှ အသုံးမလို၍ စွန့်ပစ်သော အမှိုက်များကို ဆိုလိုသည်။

 

တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်ဆိုသည်မှာတည်ဆောက်ရေးလုပ်ငန်းများမှ စွန့်ပစ်သော အမှိုက်ကိုဆိုလိုသည်။ စီးပွားရေးလုပ်ငန်းထွက် အမှိုက်ဆိုသည်မှာ စီးပွားရေးလုပ်ငန်းမှ အသုံးမလို၍ စွန့်ပစ်သော ပစ္စည်းများကိုဆိုလိုသည်။သာမာန်အမှိုက်ဆိုသည်မှာ ခြံထွက်အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေး လုပ်ငန်းထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်တို့မှအပ မီးဖိုချောင်ထွက်အမှိုက်စနစ် နှင့် အခြားအမှိုက်သရိုက်များကို ဆိုလိုသည်။စက်ဆုပ်ဖွယ်ရာဆိုသည်မှာ တိရိစ္ဆာန်အသေကောင်၊ တိရိစ္ဆာန်ချေး၊ ပုပ်စပ်နံစော်သည့် အရာဝတ္ထု၊ မနှစ်မြို့ဖွယ်ရာသွေး၊ အရည် (ဝါ) အညစ်အကြေးကို ဆိုလိုသည်။ဆေးရုံဆေးခန်း စွန့်ပစ်ပစ္စည်းဆိုသည်မှာ မြို့တော်နယ်နမိတ်အတွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်၊ အသင်းအဖွဲ့ပိုင်ဆေးရုံများ၊ ဆေးကုသခန်းများနှင့် ဆေးပေးခန်းများမှ အသုံးမလို၍ စွန့်ပစ်သောပစ္စည်းများကို ဆိုလိုသည်။

 

 

(၃) မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးမှဆောင်ရွက်ပေးလျက်ရှိသည့်အမှိုက်သိမ်း စနစ်များနှင့် အချိန်၊ စွန့်ပစ်ခွင့်ရှိသည့် အမှိုက်အမျိုးအစား အမှိုက်ကန်စနစ်။ ညနေ ၆:၀၀နာရီ မှ ည၁၁:၀၀နာရီအထိ တစ်ကြိမ်၊ နံနက် ၆:၀၀နာရီ မှ ၁၀:၀၀နာရီအထိ တစ်ကြိမ်။အမှိုက်ပုံးစနစ်။ မြို့နယ်များတွင် ချထားပေးသော Euro Standard Size အမှိုက်ပုံးများတွင်လည်းကောင်း၊ အမှိုက်ကန်များတွင်လည်းကောင်း သတ်မှတ်ထားသည့် အချိန်အတိုင်း စွန့်ပစ်နိုင်ပါသည်။

 

ခေါင်းလောင်းတီးစနစ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းရရှိထားသည့် နေ့ရက်နှင့် အချိန်များတွင် ယာဉ်/ လှည်းဖြင့် ခေါင်လောင်းတီးအမှိုက်သိမ်းစနစ်ကို ဆောင်ရွက်ပါသည်။ အမှိုက်ထုပ်ကောက်အမှိုက်သိမ်းစနစ်။ (ပြည်သူများ အမှိုက်ပစ်ချိန်နှင့် ဌာနမှ အမှိုက်သိမ်းချိန်အား တိကျစွာသတ်မှတ်ပြီး သိမ်းသောစနစ်) ရပ်ကွက်အုပ်ချုပ် ရေးမှူးများ/ နေထိုင်သူများမှ ညှိနှိုင်းထားသည့် နေ့၊ ရက်၊ အချိန်များအတိုင်း လှည်း/ ယာဉ်များ ဖြင့် လိုက်လံသိမ်းသောစနစ် ကျင့်သုံးဆောင်ရွက်ရပါမည်။အထက်ပါအမှိုက်သိမ်းစနစ်(၄)ခုစလုံးတွင်ကော်မတီမှသတ်မှတ်ပေးထားသည့်အမှိုက်အိတ်အစိမ်းအပြာများဖြင့်လုံခြုံစွာ ချည်နှောင်၍ စွန့်ပစ်ပေးရပါမည်။ မီးဖိုချောင်ထွက် အမှိုက်များကိုသာ စွန့်ပစ်ရမည်ဖြစ်ပါသည်။အခြားအမှိုက်များကို စွန့်ပစ်လိုပါက On Call စနစ်ဖြင့် စွန့်ပစ်နိုင်ပါသည်။

 

(၄) အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ်

 

အမှိုက်အစိုများဖြစ်သော မီးဖိုချောင်ထွက်အမှိုက်များ၊ စားကြွင်းစားကျန်များ၊ ဘုရားပန်းများ အစရှိသည့် အမှိုက်များကို အစိမ်းရောင်အိတ်ဖြင့် လုံခြုံစွာ ချည်နှောင်၍ နေ့စဉ် စွန့်ပစ်နိုင်ပါသည်။ အမှိုက်အခြောက်များဖြစ်သော စက္ကူစ၊ ဖော့ဘူး၊ ပလတ်စတစ်၊ ကစားစရာအကျိုးအပဲ့များ၊ သတ္ထုအပိုင်းအစများ၊ ဝါယာကြိုးစများ အစရှိသည့် အမှိုက်စများကို အပြာရောင်အိတ်ဖြင့် လုံခြုံစွာချည်နှောင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့များတွင် စွန့်ပစ်နိုင်ပါသည်။

 

(၅) မြို့နယ်အလိုက်ကောက်ခံသည့်သန့်ရှင်းရေးဆောင်ရွက်ခနှုန်းထားများ

 

ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီနယ်နိမိတ် အတွင်းရှိမြို့နယ်ပေါင်း (၃၂)မြို့နယ်ကို အောက်ပါအတိုင်း အုပ်စု(၃)စုခွဲ၍ (၃)လလျှင် တစ်ကွာတာ သတ်မှတ်ပြီး(ဒဂုံဆိပ်ကမ်းမြို့နယ်(ယုဇနအိမ်ရာ)(၁)လတစ်ကြိမ်) သန့်ရှင်းရေးဆောင်ရွက်ခအား On Line စနစ်ဖြင့်ပြေစာထုတ်ပြီး ၁၀/၂၀၁၄မှစ၍ ကောက်ခံလျက်ရှိပါသည်။

 

ဆောင်ရွက်လျက်ရှိသည့် အမှိုက်သိမ်းစနစ်များနှင့် အချိန်၊ စွန့်ပစ်ခွင့်ရှိသည့် အမှိုက်အမျိုးအစား

 

ဖွံ့ဖြိုးမှုရှိသည့်မြို့နယ်(၁၅)မြို့နယ်အတွက် တစ်ရက်လျှင် ၂ဝိ/-နှုန်းဖြင့် (၃)လ တစ်ကွာတာ ၁၈ဝဝိ/-

 

ဖွံ့ဖြိုးမှုရှိသည့်(၁၅)မြို့နယ်နှင့် ဆက်စပ်နေသော မြို့နယ်(၁၀)မြို့နယ်အတွက် တစ်ရက်လျှင် ၁၅/-နှုန်းဖြင့် (၃)လ တစ်ကွာတာ ၁၃၅ဝိ/-

 

ဆင်ခြေဖုံးမြို့နယ်(၇)မြို့နယ်အတွက် တစ်ရက်လျှင် ၁ဝိ/-နှုန်းဖြင့် (၃)လ တစ်ကွာတာ ၉ဝဝိ/-

 

အထက်ပါကောက်ခံမှုမှာ အိမ်တိုင်ရာရောက် Door to Door သိမ်းဆည်းပေးခြင်းမဟုတ်ဘဲ ကော်မတီမှ သတ်မှတ်ထားသော အမှိုက်သိမ်းစနစ်များဖြင့် မီးဖိုချောင်ထွက် အမှိုက်များကိုသာ စွန့်ပစ်မှုအတွက် ကောက်ခံခြင်းဖြစ်ပါသည်။

 

(၆) စီးပွားရေးအမှိုက်သိမ်းဆည်းကောက်ခံခြင်းများ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ စီးပွားရေးလုပ်ငန်းများမှ Hotel, Motel, Inn, Guest House များနှင့် ဆေးရုံ/ ဆေးခန်းများ၏ အမှိုက်သိမ်းဆည်းခကို လုပ်ငန်းအမျိုးအစား/ အရွယ်အစားပေါ် မူတည်၍ နှုန်းထားများကို အောက်ပါအတိုင်း သတ်မှတ်ကောက်ခံလျက်ရှိပါသည်။

 

စီးပွားရေးလုပ်ငန်းများ အနည်းဆုံး (၅၀ဝိ)မှ အများဆုံး (၆၀၀၀၀ဝိ)ထိ ၊ ဆေးရုံ/ ဆေးခန်း အနည်းဆုံး (၁၅၀ဝိ)မှ အများဆုံး (၆၀၀၀၀ဝိ)ထိ ၊ Hotel, Motel, Inn, Guest House များ အနည်းဆုံး (၇၀၀ဝိ)မှ အများဆုံး (၄၀၀၀၀ဝိ)ထိ

 

(၇) သီးခြားအမှိုက်သိမ်းဆည်းခ (On Call)။ မီးဖိုချောင်ထွက် အမှိုက်နှင့် သာမန်စီးပွားရေး လုပ်ငန်းမှအမှိုက် များမှအပ တည်ဆောက် ရေးလုပ်ငန်းထွက်အမှိုက်များ၊ စက်ရုံ၊ အလုပ်ရုံထွက် အမှိုက်များ၊ ခြံထွက်အမှိုက်များနှင့် သန့်ရှင်းရေးဆောင်ရွက်ခ ကောက်ခံခြင်းမရှိသော နေရာများမှထွက်သော အမှိုက်များကို သိမ်းဆည်းလိုပါက ဌာနမှ သတ်မှတ်ထားသော အောက်ပါ ယာဉ်အမျိုးအစားအလိုက်နှုန်းထား များ ပေးသွင်း၍ ငှားရမ်းစွန့်ပစ်နိုင်ပါသည်-

 

 

မည်သူမျှ ခြံထွက်အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်း ထွက်အမှိုက်၊ ဆေးရုံ၊ ဆေးခန်းစွန့်ပစ်ပစ္စည်းများ၊ ဘေးအန္တရာယ်ဖြစ်စေသော စွန့်ပစ်အမှိုက်များ၊ အီလက်ထရောနစ်စွန့်ပစ်အမှိုက်များနှင့် စက်ဆုပ်ဖွယ်အရာများကို ကော်မတီက သီးသန့်သတ်မှတ်ထားသည့် နေရာမှအပ သာမန်အမှိုက်စွန့်ပစ်ရန် စီမံထားရှိသည့် အမှိုက်ပုံး၊ အမှိုက်ကန်နှင့်အမှိုက်ပုံရန်သတ်မှတ်ထားသည့် နေရာတွင်လည်းကောင်း၊ အခြားနေရာတွင်လည်းကောင်း စွန့်ပစ်ခြင်းမပြုရ။

 

မည်သူမျှ အဆောက်အအုံမြေညီထပ်နှင့် အထပ်အလွှာအဆင့်ဆင့်မှ အမှိုက် သို့မဟုတ် စက်ဆုပ်ဖွယ်အရာကို ရေမြောင်းအတွင်းသို့ဖြစ်စေ၊ အများပြည်သူနှင့်သက်ဆိုင်သော လမ်းပေါ်သို့ဖြစ်စေ၊ ခြံဝင်းအတွင်းသို့ဖြစ်စေ၊ လှဲချခြင်း၊ ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက်စေခြင်း သို့မဟုတ် စွန့်ပစ်စေခြင်းမပြုရ။

 

မည်သူမျှ ပန်းဥယျာဉ်၊ ပန်းခြံ၊ အားကစားကွင်း၊ ကွပ်လပ်မြေများအတွင်းသို့ဖြစ်စေ၊ ရေမြောင်းအတွင်းသို့ ဖြစ်စေ၊ အများပြည်သူနှင့်သက်ဆိုင်သော လမ်းပေါ်သို့ဖြစ်စေ၊ နောက်ဖေးလမ်းကြားသို့ဖြစ်စေ၊ အမှိုက် သို့မဟုတ် စက်ဆုပ်ဖွယ်အရာကို လှဲချခြင်း၊ ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက်စေခြင်း သို့မဟုတ် စွန့်ပစ်စေခြင်းမပြုရ။

 

မည်သူမျှ အမှိုက်ပုံး၊ အမှိုက်ကန် သို့မဟုတ် အမှိုက်ပုံရန်သတ်မှတ်ထားသော နေရာတွင် ကော်မတီ၏ ခွင့်ပြုချက် မရှိဘဲ တူးခြင်း၊ ဆွခြင်း၊ သို့မဟုတ် ပြန့်ကျဲခြင်း မပြုရ။မည်သူမျှ အမှိုက်ပုံနေရာတွင် စုပုံပြီးသောအမှိုက်ကို မြေဆွေးအဖြစ် ပြောင်းလဲအသုံးပြုရန်ဖြစ်စေ၊ အခြားနည်း အသုံးပြုရန်ဖြစ်စေ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ယူဆောင်ခြင်းမပြုရ။မည်သူမျှ စက်ရုံ၊ အလုပ်ရုံနှင့်စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်မှ စွန့်ပစ်သော ရေဆိုးများကို ကော်မတီက သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ သန့်စင်စေရန် ဆောင်ရွက်ထားခြင်းမရှိဘဲ ရေမြောင်းများနှင့် မြစ်ချောင်း များအတွင်းသို့ စွန့်ထုတ်ခြင်း၊ စီးဆင်းစေခြင်းမပြုရ။

 

မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ သုသာန်တွင် မြေမြှုပ်ထားသော သို့မဟုတ် ဂူသွင်းထားသော အလောင်းကို တူးဖော်ခြင်းသော်လည်းကောင်း၊ အအေးတိုက်အတွင်း ထားရှိသောအလောင်းကို ပြန်လည် ယူဆောင် ခြင်းသော်လည်းကောင်း မပြုရ။မည်သူမျှ  ကော်မတီ၏ခွင့်ပြုချက်မရရှိဘဲ ဂူကိုဖောက်ထွင်းခြင်း၊ ဖျက်ဆီးခြင်း၊ ပြောင်းရွှေ့ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း မပြုရ။မည်သူမျှ ခွင့်ပြုချက်မရှိဘဲ-

 

- သုသာန်မှအပ အခြားနေရာတစ်ခုခုတွင် အလောင်းကိုသင်္ဂြိုဟ်ခြင်း၊ အအေးခန်းဖြင့် ထားသိုခြင်းမပြုရ။

 

- မိမိပိုင်အဆောက်အအုံကို အအေးတိုက်၊ အသုဘရှုအဆောင် သို့မဟုတ် မီးသင်္ဂြိုဟ်စက်အဖြစ် တည်ဆောက်ခြင်း၊ အသုံးပြုခြင်း သို့မဟုတ် လုပ်ကိုင်ခြင်းမပြုရ။

 

- မည်သူမျှ ကော်မတီက ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်မရှိဘဲ အသုဘယာဉ်လုပ်ငန်း သို့မဟုတ် ခေါင်းအမျိုးမျိုး ပြုလုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရ။

 

- မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အလောင်းသယ်ယာဉ်များနှင့် အသုဘယာဉ်များကို ကော်မတီက သတ်မှတ်ထားသည့် နေရာမှအပ အခြားနေရာတွင် ထားရှိခြင်း မပြုရ။

 

- မည်သူမျှ မည်သည့်စွန့်ပစ်အမှိုက်အမျိုးအစားကိုမဆို ကော်မတီက သတ်မှတ်ထားသော နေရာမှအပ မိမိပိုင်ခြံဝင်း၊ လုပ်ငန်းခွင်၊ အခြားပြင်ပမည်သည့် တစ်နေရာရာတွင်မဆို မီးရှို့ခြင်းမပြုရ။

 

 

 

- မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ စွန့်ပစ်အမှိုက်များကို သိမ်းဆည်းခြင်း၊ ထိုသို့ သိမ်းဆည်းအမှိုက်များကို ကော်မတီက သတ်မှတ်ထားသော အမှိုက်စွန့်ပစ်ရန်နေရာနှင့် အခြားနေရာများသို့ သယ်ယူစွန့်ပစ်ခြင်း မပြုရ။

 

- မည်သူမျှ စက်ရုံ၊ အလုပ်ရုံနှင့်စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ်မှ လေထုညစ်ညမ်းမှုဖြစ်စေနိုင်သော စွန့်ပစ်အခိုးအငွေ့များကို သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ သန့်စင်စေရန် ဆောင်ရွက်ထားခြင်းမရှိဘဲ လေထုအတွင်းသို့ စွန့်ပစ်ခြင်း၊ စွန့်ထုတ်ခြင်းမပြုရ။စသဖြင့်လည်း  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သတ်မှတ်ထားပါတယ်။ 

 

နောက်ဆုံးရ သတင်းများ

 

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

 

COVID-19 ကြောင့် စိန်ခေါ်မှုများ ကြုံတွေ့နေရသော်လည်း စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလားအလာကောင်း များရှိနေဆဲဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

 

အလုပ်အကိုင်အခွင့်အလမ်းတစ်သိန်းခန့် ဖန်တီးပေးနိုင်မည့် ညောင်နှစ်ပင်စီမံကိန်း

 

ဂျပန်ကဘူတာရုံလို့ထင်မှတ်မှားလောက်တဲ့ ဖြူးဘူတာရုံ အသစ်တည်ဆောက်ပြီးတော့မယ်

 

Written By : Khine Zar (ShweProperty.com)

Posted By : Sint Sint (ShweProperty.com)

Follow Us On    
အိမ်ခြံမြေ လမ်းညွှန်
အိမ်ခြံမြေ ဗဟုသုတ အိမ်ခြံမြေ ရောင်းချနည်း အိမ်ခြံမြေ ဝယ်ယူနည်း အိမ်ခြံမြေ ငှားရမ်းနည်း အကျိုးဆောင် လမ်းညွန်

အိမ်ခြံမြေပြပွဲများ


အိမ်ခြံမြေပြပွဲများ အားလုံးကြည့်ရန်


နောက်ဆုံးရ သတင်းများ

အိမ်မှာပိုးဟတ်ရှိနေခြင်းက ကျန်းမာရေးကိုထိခိုက်စေသလား
ဟုတ်ပါတယ်၊ အိမ်မှာ ပိုးဟပ်တွေရှိနေရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ပိုးဟပ်များကို ဒုက္ခပေးနိုင်သော ပိုးမွှားများဟု…
မိုးရာသီမှာ ကွန်ကရစ်လောင်းမယ်ဆို သတိထားပြင်ဆင်ထားသင့်သည့်အချက်များ
nbsp;ဆောက်လုပ်ရေး လုပ်ငန်းများဟာ nbsp;တစ်နှစ်ပတ်လုံး လည်ပတ်နေရတဲ့ လုပ်ငန်းဖြစ်ပြီး နွေ၊မိုး၊ဆောင်းရာသီဥတု (၃)မျိုးစလုံးများလုပ်ဆောင်ရတဲ့…
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
nbsp;br / မြေဧကကို ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်ချက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်၏…
အိမ်သုတ်ဆေး ဘယ်လောက်ဝယ်ရမလဲ တွက်နည်း
အခန်းတစ်ခန်း၏နံရံများကို ဆေးသုတ်ရန် လိုအပ်သောဆေးပမာဏကိုတွက်ဆမည်ဆိုလျှင် နံရံများ၏အလျားအရှည်zwnj;ပေများအားလုံးကိုပေါင်းပါ။br…
မိုက်ခရိုဝေ့ နဲ့ ပက်သက်ပြီး မှားသိနေတာလေးတချို့
မိုက်ခရိုဝေ့ ဆိုတာ ခေတ်သစ်ချက်ပြုတ်နည်းပညာတွေထဲမှာ အရမ်းအဆင်ပြေပြီး သုံးရလွယ်ကူတဲ့ မီးဖိုချောင်သုံး ပစ္စည်းတစ်ခုပါ။…
ဗီဇပြောင်း COVID ကူးစက်ခြင်းမှ ကာကွယ်ရန်နှင့် လိုက်နာသင့်တဲ့အချက်များ
ကမ္ဘာ့သတင်းမီဒီယာများနှင့် ကျန်းမာရေးအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ ထိုင်း၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ ဥရောပနှင့်…
မြေငှားစာချုပ် (ဂရန်) အကြောင်းသိကောင်းစရာများ
မြေငှားမယ့်သူများအတွက် မြေမငှားခင် သိသင့်သောအချက်များဖြစ်သည့် မြေငှားစာချုပ် (ဂရန်) အသစ်ထုတ်ပေးခြင်း၊ မြေငှားစာချုပ်…
တိုက်ခန်းအမည်ပြောင်း လျှောက်ထားဖို့ ဘာတွေလိုလဲ ?
မြို့နယ်စည်ပင်သာယာရေးရုံးသို့ တိုက်ခန်းအမည်ပြောင်းလဲရန် လျှောက်ထားရာတွင် သတ်မှတ်ထားသော လျှောက်လွှာပုံစံနှင့်အတူ…
ကွန်ကရစ်ဖျော်စပ်ရာမှာ အဓိကပါဝင်တဲ့ ဘိလပ်မြေအကြောင်း
တိုက်တာအဆောက်အအုံတွေမှာ RC Material လို့ ပြောလိုက်ရင် အဓိကပါဝင်တာက ကွန်ကရစ်နဲ့ သံချောင်းရှည်တွေပဲ ဖြစ်ပါတယ်။ ကွန်ကရစ်ထဲမှာဆိုရင်…
အိမ်သန့်ရှင်းရေးအတွက် ဆားကို အသုံးပြုနိုင်သည့်နည်းလမ်းများ
ဆားဟာ ဟင်းချက်ရာမှာသာမက အိမ်သန့်ရှင်းရေးလုပ်ရာမှာလည်း အလွန်အကျိုးရှိစေပါတယ်။br / br / အိမ်သုံးဆားကို အသုံးပြုပြီး မီးဖိုချောင်၊…
မိုးတွင်းမှာ မှိုမစွဲအောင် ဘယ်လိုကာကွယ်ကြမလဲ
မိုးတွင်းမှာ မှိုစွဲတာဟာ တော်တော် စိတ်ပျက်ဖို့ကောင်းတဲ့ အရာပါ။ ပဋိဇီဝဆေးတွေ ဖော်စပ်တဲ့အခါ မှိုကို အသုံးပြုတယ် ဆိုပေမယ့်…
ကလေးငယ်ငယ်ရှိတဲ့ အိမ်မှာ မိဘတွေ မျက်ခြေမပြတ်သင့်တဲ့ ပစ္စည်းတချို့
အိမ်မှာ ကလေးငယ်ငယ် လေးတွေ ရှိလား။ တွေ့ကရာ ပါးစပ်ထဲ ကောက်ထည့်တတ်တဲ့ အရွယ်တွေ၊ တစ်အိမ်လုံး မျောက်ရှုံးအောင် ဆော့ကစားတတ်တဲ့…

    အိမ်ခြံမြေ လမ်းညွှန်

  • အိမ်ခြံမြေ ဗဟုသုတ
  • အိမ်ခြံမြေ ရောင်းချနည်း
  • အိမ်ခြံမြေ ဝယ်ယူနည်း
  • အိမ်ခြံမြေ ငှားရမ်းနည်း
  • အကျိုးဆောင် လမ်းညွန်

အကျိုးဆောင်များအတွက်

သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့

အသင်းဝင်လုပ်ရန်
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ ရယူရန်

နောက်ဆုံးရ သတင်းများ

  • အိမ်မှာပိုးဟတ်ရှိနေခြင်းက ကျန်းမာရေးကိုထိခိုက်စေသလား
  • မိုးရာသီမှာ ကွန်ကရစ်လောင်းမယ်ဆို သတိထားပြင်ဆင်ထားသင့်သည့်အချက်များ
  • မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
  • အိမ်သုတ်ဆေး ဘယ်လောက်ဝယ်ရမလဲ တွက်နည်း
  • မိုက်ခရိုဝေ့ နဲ့ ပက်သက်ပြီး မှားသိနေတာလေးတချို့
  • ဗီဇပြောင်း COVID ကူးစက်ခြင်းမှ ကာကွယ်ရန်နှင့် လိုက်နာသင့်တဲ့အချက်များ
  • မြေငှားစာချုပ် (ဂရန်) အကြောင်းသိကောင်းစရာများ
  • တိုက်ခန်းအမည်ပြောင်း လျှောက်ထားဖို့ ဘာတွေလိုလဲ ?
  • ကွန်ကရစ်ဖျော်စပ်ရာမှာ အဓိကပါဝင်တဲ့ ဘိလပ်မြေအကြောင်း
  • အိမ်သန့်ရှင်းရေးအတွက် ဆားကို အသုံးပြုနိုင်သည့်နည်းလမ်းများ
Loading…

ဝယ်ရန်

  • ရန်ကုန်တိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ဧရာဝတီရှိ ရောင်းရန် အိမ်ခြံမြေများ
  • ပဲခူးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • ချင်းပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကချင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကယားပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကရင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • မကွေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မွန်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ရခိုင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • စစ်ကိုင်းတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • ရှမ်းပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • တနင်္သာရီတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
View More

ဝယ်ရန်

  • ရန်ကုန်တိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ရောင်းရန် အိမ်ခြံမြေများ
View More

ငှားရန်

  • ရန်ကုန်တိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ငှားရန် အိမ်ခြံမြေများ
  • ဧရာဝတီတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ပဲခူးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ချင်းပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကချင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကယားပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကရင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • မကွေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မွန်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ရခိုင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • စစ်ကိုင်းတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ရှမ်းပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • တနင်္သာရီတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
View More

ငှားရန်

  • ရန်ကုန်တိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ငှားရန် အိမ်ခြံမြေများ
View More

စီမံကိန်း အသစ်များ

  • ရန်ကုန်တိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • မန္တလေးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • နေပြည်တော်ရှိ ရောင်းရန် စီမံကိန်းများ
  • ဧရာဝတီတွင်ရှိ ရောင်းရန် စီမဲံကိန်းများ
  • ပဲခူးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • ချင်းပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ကချင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ကယားပြည်နယ်တွင် ရောင်းရန် စီမံကိန်းများ
  • ကရင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • မကွေးတွင် ရောင်းရန် စီမံကိန်းများ
  • မွန်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ရခိုင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • စစ်ကိုင်းတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • ရှမ်းပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • တနင်္သာရီတိုင်းရှိ ရောင်းရန် စီမံကိန်းများ
View More

စီမံကိန်း အသစ်များ

  • ရန်ကုန်တိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • မန္တလေးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • နေပြည်တော်ရှိ ရောင်းရန် စီမံကိန်းများ
View More

အခြားအိမ်ခြံမြေများ

  • ရန်ကုန်ရှိ ရောင်းရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ရောင်းရန် ဆိုင်ခန်းများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
View More

အခြားအိမ်ခြံမြေများ

  • ရန်ကုန်ရှိ ရောင်းရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ရောင်းရန် ဆိုင်ခန်းများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
View More

Try our Mobile Apps

Android

Copyright © 2011-2025, ShweProperty.com. All rights reserved.

Privacy Policy|Terms & conditions

Follow Us

Loading…