အိမ် (သို့) တိုက်ခန်းတစ်ခန်း၏ နွေးထွေးပြီး သက်တောင့်သက်သာရှိသော ခံစားချက်ကို အိမ်တွင်း အလှဆင် ဒီဇိုင်းပညာဖြင့် မြှင့်တင်နိုင်သည် ဆိုသည်မှာ လျှို့ဝှက်ချက် တစ်ခု မဟုတ်ပါဘူး။ 
အိမ်အလှဆင် နည်းလမ်းများစွာရှိပြီး နူးညံ့သော ပုံသဏ္ဍာန်များ၊ တည်ငြိမ်သော အရောင် အသုံးအဆောင်များနှင့် သဘာဝ ပစ္စည်းများကဲ့သို့သော အရာများသည် သင်၏ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။

တစ်ခါတစ်ရံတွင် အိမ်တွင်း ဒီဇိုင်းများသည် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကို ဖြစ်စေတတ်ပါတယ်။ အကယ်၍ လိုက်ဖက်သော အရောင်များကို ရွေးချယ်ရာတွင် သတိမထားမိပါက၊ အသေးစိတ် အချက်အလက်များကို အာရုံမစိုက်မိပါက၊ သင်အိမ်အလှဆင်မှုသည် စိတ်ညစ်စရာတစ်ခု ဖြစ်လာနိုင်ပြီး၊ စိုးရိမ်ပူပန်မှုကို တိုးပွားစေကာ စိတ်ဓာတ်ကျခြင်းကိုပင် ပိုမို ဆိုးရွားစေနိုင်ပါသည်။ 

ဒါကြောင့် ဘယ်လိုအရာတွေက မှားနေလဲဆိုတာ အောက်ပါအချက် ( ၄) ချက်ကို ဆက်ဖတ်လိုက်ပါ...

၁။ မှားယွင်းသော အရောင်များ

ဒီဇိုင်း ပညာရှင်များ၏ အဆိုအရ၊ တောက်ပလွန်းသော အဝါရောင်နှင့် အညိုရင့်ရောင်တို့သည် လူတို့ကို စိတ်ရှုပ်ထွေးစေပြီး ဒေါသထွက်လွယ်စေသည်အထိ ဖြစ်စေနိုင်ပါသည်။ 
အနက်ရောင် သို့မဟုတ် မီးခိုးရောင်ကို ရွေးချယ်ခြင်းက စိတ်ဓာတ်ကျခြင်းကို တိုက်ရိုက် ဖြစ်စေသည်ဟု မဆိုနိုင်သော်လည်း၊ ထိုအရောင်များကို မှားယွင်းစွာ အသုံးပြုခြင်း၊ အထူးသဖြင့် အခန်းတွင်း၌ လင်းသောအရောင်အထောက်အကူများ မပါရှိပါက၊  စိတ်ကျန်းမာရေးကို ရေရှည်တွင် ဆိုးကျိုး သက်ရောက်စေပါလိမ့်မည်။

၂။ မကောင်းသော အလင်းရောင်

အလင်းရောင် အားနည်းသော နေရာများ၊ အလင်းရောင် မျှတသော နေရာများနှင့် မီးရောင် လွန်ကဲနေသော နေရာများအကြား ကြီးမားသော ကွာခြားမှု ရှိပါသည်။ အကယ်၍ ထူးခြားသော အရောင်ပါသည့် မီးများကို သုံးရန် စဉ်းစားပါက၊ ဤ ရွေးချယ်မှုသည် အလွန် ခက်ခဲနိုင်ပြီး မျက်စိ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မအီမသာ ဖြစ်မှုမျိုးစုံကို ဖြစ်စေကာ၊ စိုးရိမ်ပူပန်မှုအထိ ဦးတည်သွားနိုင်ပါသည်။

၃။ ပစ္စည်းများ ရှုပ်ပွခြင်း

အိမ်ထဲတွင် ပစ္စည်းများ ရှုပ်ပွနေခြင်းကလဲ မြင်ကွင်းဆိုင်ရာ ဆူညံသံကို ဖြစ်စေပြီး၊ ဦးနှောက်ကို အနားမရအောင် ပြုလုပ်တတ်ပါတယ်။ အမှိုက်ရှုပ်နေတာက စိတ်ဖိစီးမှု ဟော်မုန်းကို မြင့်တက်စေပြီး၊ အာရုံစူးစိုက်မှု ပျက်ပြားခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် "ဘယ်ကစလို့ ဘာလုပ်ရမှန်း မသိ" ဟူသော စိတ်ဓာတ်ကျဆင်းမှုကို ဖြစ်ပေါ်စေတတ်ပါတယ်။

၄။ ချွန်ထက်သော အလှဆင် ပစ္စည်းများ

နောက်ထပ် သတိပြုရမည့်အချက်ကတော့ ချွန်ထက်သော ထောင့်စွန်းများကို ကျွန်ုပ်တို့၏ ဦးနှောက်က အပြုသဘောဆောင်သည့် အရာအဖြစ် မမြင်ခြင်း ဖြစ်သည်။ မသိစိတ်က ၎င်းတို့ကို "အန္တရာယ်" နှင့် တွဲဖက် မှတ်ယူထားသောကြောင့် ဖြစ်သည်။ ထောင့်စွန်း ချွန်ထက်သော ပရိဘောဂ သို့မဟုတ် အလှဆင် ပစ္စည်းများ အများအပြားဖြင့် ဝန်းရံထားခြင်း ခံရပါက သင့်ကို ပိုမို စိတ်ဖိစီးစေပြီး စိုးရိမ်ပူပန်စေနိုင်ပါသည်။

အသေးစိတ် အချက်အလက်တိုင်းသည် အရေးကြီးပါသည်။ သင်၏ ကောင်းမွန်သော စိတ်ကျန်းမာရေးကို ထိန်းသိမ်းရန်နှင့် သင့်အိမ်၏ သက်တောင့်သက်သာ ရှိမှုတွင် ပျော်ရွှင်စွာ အချိန်ဖြုန်းနိုင်ရန် အထက်တွင် ဖော်ပြခဲ့သော အမှားများကို ရှောင်ကြဉ်ဖို့ သေချာပါစေ။

Ref : livehome3d