အိမ်ကျက်သရေဟာ အိမ်မှာ နေထိုင်တဲ့ အိမ်သူအိမ်သားတွေနဲ့ ဆိုင်သလို အိမ်မှာထားရှိတဲ့ ပရိဘောဂတွေ၊ အပြင်အဆင်တွေဟာလည်း လာဘ်လာဘတွေကို ခေါ်နိုင်စွမ်း ရှိပါတယ်။ 

အရိုးရှင်းဆုံး နေအိမ်အပြင်အဆင်တွေဟာ ကံကောင်းခြင်းတွေ၊ လာဘ်ပွင့်ခြင်းတွေကို ယူဆောင်လာပေးတတ်သတဲ့။ အိမ်သားတွေ ဆဲဆိုခြင်းမရှိ ချစ်ချစ်ခင်ခင် ရှိခြင်းဟာလည်း အိမ်ရဲ့ ကျတ်သရေလို့ ရှေးလူကြီးတွေ ဆုံးမလေ့ ရှိပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်သတိမထားမိပေမယ့် ဖုန်းရွှေနည်းအရ အိမ်ကို လာဘ်လာဘ ပိတ်စေတဲ့ အရာလေးတွေ ရှိပါသေးတယ်။ ဒီဆောင်းပါးလေးမှာတော့ ဖုန်းရွှေနည်းအရ ဖော်ပြထားတဲ့ အိမ်ကိုလာဘ်ပိတ်စေတဲ့ အကြောင်းအချက်လေးတွေကို သတိပြုစရာအဖြစ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။  

- ဧည့်ခန်းအတွင်း ပစ္စည်းတွေ ရှုပ်ပွ မနေစေပါနဲ့။ 
အိမ်ထဲဝင်လိုက်တာနဲ့ ပစ္စည်းတွေက နေရာအစီအစဉ်တကျမရှိဘဲ ရှုပ်ပွနေရင် မြင်တဲ့လူရဲ့ စိတ်မှာ ညစ်နွမ်းစေသလို ကံကောင်းခြင်း လဘ်လာဘတွေဟာလည်း ထွက်ပြေးသွားပါလိမ့်မယ်။ ရှင်းလင်းသပ်ရပ်တဲ့ အခန်းတွေဟာ နေချင့်စဖွယ်ဖြစ်စေပြီး အိမ်မှာ နေထိုင်သူကိုရော အလည်လာသူကိုပါ စိတ်ကြည်လန်းဆန်းစေပါတယ်။ 



- အိမ်ထဲမှာ တောအုပ်သဖွယ် မပြင်ဆင်ပါနဲ့။ 
ဒီနေ့ခေတ်မှာ အိမ်ရှေ့ဝရံတာ၊ အိမ်နောက်ဝရံတာ၊ ပြတင်းပေါက်ဘောင်နဲ့ ဧည့်ခန်းတွင်းမှာ အလှစိုက်အပင်လေးတွေ စိုက်ြံပီးအလှဆင်တာ ခေတ်စားလာပါတယ်။ တကယ်လည်း မျက်လုံးအေးသလို အမြင်တစ်မျိုးလေးနဲ့ လှနေစေတဲ့ Decoration ပါပဲ။ ဒါပေမယ့် "တန်ဆေး၊ လွန်ဘေး" ဆိုသလို အခန်းထဲ အပင်တွေထည့်တာများသွားရင် စိတ်ကို ရှုပ်ထွေးစေပြီး မြင်ရတာ ကျဉ်းကျပ်လာနိုင်ပါတယ်။ လူက စိတ်ရှုပ်ထွေးနေရင် ကံကောင်းခြင်းနဲ့ လာဘ်လာဘတွေဟာလည်း ဝင်လာနိုင်မှာ မဟုတ်ပါဘူး။ 

- ဖယောင်းပုဆိုး၊ ကော်ဇောတွေ ပြဲနေခြင်း၊ အရောင်မညီခြင်း
အိမ်မှာ ဖယောင်းပုဆိုးခင်းထားပေမယ့် အချိန်ကြာလို့ ဖယောင်းပုဆိုး ကွဲထွက်သွားတဲ့အခါ အဲ့ဒီကွဲထွက်သွားတဲ့ နေရာကို အခြားအရောင် ဖယောင်းပုဆိုးနဲ့ ပြန်ခင်းလိုက်တာမျိုး ရှိတတ်ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အရောင်တွေ မညီမညာနဲ့ ရုပ်ဆိုးသွားစေသလို ဖုန်းရွှေအကြံပြုချက်အရ နေအိမ်တွေရဲ့ အခင်းကြမ်းပြင်တွေမှာ အရောင်တွေ မညီညာဘဲ ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်နေခြင်းဟာ ကောင်းမွန်တဲ့ စွမ်းအင်တွေကို အင်အား လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီအချက်လေးကို သတိထားသင့်တယ်နော်။ 

ဒီအချက်လေးတွေကို သတိပြုဆင်ခြင်ဖို့ မမေ့နဲ့နော်။ လူကြီးမင်းတို့အားလုံး စီးပွားလာဘ်လာဘတွေ ဒီရေအလား တိုးတက်အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းဆုခြွေလိုက်ပါတယ်ရှင်။ 

Posted By : John (ShweProperty.com)