အကောင့်ထဲသို့ဝင်မည် အကောင့်သစ်လုပ်ရန်
ကြော်ငြာတင်ရန် အကောင့်

X
အကောင့်သစ်လုပ်ရန် အကောင့်ထဲသို့ဝင်မည်
ဝယ်သူအကောင့် ကြော်ငြာရှင်အကောင့် sell property
ဝယ်ရန် ငှားရန် စီမံကိန်း အသစ်များ
အိမ်ခြံမြေပြပွဲများ အိမ်ခြံမြေလမ်းညွှန် ART OF LIVING
အိမ် ရှာဖွေသူများ
အိမ် ရှာဖွေနေသူများ အိမ်ရှာဖွေသူများ ပို့စ်တင်ရန်
သတင်း အကျိုးဆောင်များ Careers
Bookings
ID ဖြင့်ရှာပါ
ဆက်သွယ်ရန်
ကြော်ငြာတင်ရန် အကောင့်
english
Property Titles
ဝယ်ရန်
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
ရန်ကုန်တိုင်းဒေသကြီး
တိုင်းနှင့်ပြည်နယ်များအားလုံး
ရန်ကုန်တိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး
နေပြည်တော်
ဧရာဝတီတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
ချင်းပြည်နယ်
ကချင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်
မကွေးတိုင်းဒေသကြီး
မွန်ပြည်နယ်
ရခိုင်ပြည်နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ရှမ်းပြည်နယ်
တနင်္သာရီတိုင်းဒေသကြီး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
အလုံ
ဗဟန်း
ဗိုလ်တထောင်
ဒဂုံ
ဒဂုံမြို့သစ်အရှေ့ပိုင်း
ဒဂုံမြို့သစ်အနောက်ပိုင်း
ဒဂုံမြို့သစ်မြောက်ပိုင်း
ဒဂုံမြို့သစ်ဆိပ်ကမ်း
ဒဂုံမြို့သစ်တောင်ပိုင်း
ဒလ
ဒေါပုံ
လှိုင်
လှိုင်သာယာ
လှည်းကူး
မှော်ဘီ
ထန်းတပင်
အင်းစိန်
ကမာရွတ်
ကော့မှုး
ခရမ်း
ကွမ်းခြံကုန်း
ကျောက်တံတား
ကျောက်တန်း
ကြည့်မြင်တိုင်
လမ်းမတော်
လသာ
မရမ်းကုန်း
မင်္ဂလာဒုံ
မင်္ဂလာတောင်ညွှန့်
မြောက်ဥက္ကလာ
ပန်းပဲတန်း
ပုဇွန်တောင်
စမ်းချောင်း
ဆိပ်ကြီးခနောင်တို
ရွှေပြည်သာ
တောင်ဥက္ကလာ
တိုက်ကြီး
တာမွေ
သာကေတ
သံလျင်
သင်္ဃန်းကျွန်း
သုံးခွ
တွံတေး
ရန်ကင်း
ရွှေပေါက်ကံ
ပုလဲမြို့သစ်
အိမ်ခြံမြေ အမျိုးအစား
တိုက်ခန်း
ကွန်ဒို
လုံးချင်းအိမ်
ဆိုင်ခန်း
မြေကွက် / ခြံ
စက်မှုဇုန်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
30000 (သိန်း) နှင့်အထက်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
10 (သိန်း) နှင့်အထက်
ရှာဖွေရန်နှိပ်ပါ
Property Titles
ဝယ်ရန်
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အိမ်ခြံမြေ အမျိုးအစား
တိုက်ခန်း
ကွန်ဒို
လုံးချင်းအိမ်
ဆိုင်ခန်း
မြေကွက် / ခြံ
စက်မှုဇုန်
ရန်ကုန်တိုင်းဒေသကြီး
တိုင်းနှင့်ပြည်နယ်များအားလုံး
ရန်ကုန်တိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး
နေပြည်တော်
ဧရာဝတီတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
ချင်းပြည်နယ်
ကချင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်
မကွေးတိုင်းဒေသကြီး
မွန်ပြည်နယ်
ရခိုင်ပြည်နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ရှမ်းပြည်နယ်
တနင်္သာရီတိုင်းဒေသကြီး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
အလုံ
ဗဟန်း
ဗိုလ်တထောင်
ဒဂုံ
ဒဂုံမြို့သစ်အရှေ့ပိုင်း
ဒဂုံမြို့သစ်အနောက်ပိုင်း
ဒဂုံမြို့သစ်မြောက်ပိုင်း
ဒဂုံမြို့သစ်ဆိပ်ကမ်း
ဒဂုံမြို့သစ်တောင်ပိုင်း
ဒလ
ဒေါပုံ
လှိုင်
လှိုင်သာယာ
လှည်းကူး
မှော်ဘီ
ထန်းတပင်
အင်းစိန်
ကမာရွတ်
ကော့မှုး
ခရမ်း
ကွမ်းခြံကုန်း
ကျောက်တံတား
ကျောက်တန်း
ကြည့်မြင်တိုင်
လမ်းမတော်
လသာ
မရမ်းကုန်း
မင်္ဂလာဒုံ
မင်္ဂလာတောင်ညွှန့်
မြောက်ဥက္ကလာ
ပန်းပဲတန်း
ပုဇွန်တောင်
စမ်းချောင်း
ဆိပ်ကြီးခနောင်တို
ရွှေပြည်သာ
တောင်ဥက္ကလာ
တိုက်ကြီး
တာမွေ
သာကေတ
သံလျင်
သင်္ဃန်းကျွန်း
သုံးခွ
တွံတေး
ရန်ကင်း
ရွှေပေါက်ကံ
ပုလဲမြို့သစ်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
30000 (သိန်း) နှင့်အထက်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
10 (သိန်း) နှင့်အထက်

နောက်ဆုံးရ အိမ်ခြံမြေသတင်း (သတင်းဆောင်းပါး)

By ငြိမ်းပီတိဇော်, Shweproperty.com

Updated at 26 October 2011

နောက်ဆုံးရ အိမ်ခြံမြေသတင်း (သတင်းဆောင်းပါး)

နောက်ဆုံးရ အိမ်ခြံမြေသတင်း (သတင်းဆောင်းပါး)

By ငြိမ်းပီတိဇော်, Shweproperty.com

Updated at 26 October 2011

ရန်ကုန်


ရန်ကုန် အိမ်ခြံမြေ ရောင်း၊ဝယ်၊ငှား အခြေအနေကား သြဂုတ်လကုန်မှ စပြီး စက်တင်ဘာ လဆန်းအထိ လုံးချင်း၊ မြေကွက်များ၊ စက်မှုဇုံ မြေကွက်များ၊ အဆင့်မြင့် တိုက်ခန်းများ အရောင်းအဝယ် ပါးခဲ့သည်။ အငှားလောက်သာ ရှိနေခဲ့သည်။ ဒေါ်လာဈေးကျ၍ အိမ်ခြံမြေ ဈေးကွက်လည်း အေးရသည့် သဘောပင်ဖြစ်သည်။


သို့ရာတွင် အခြားနေရာများ၌ အလုပ်မဖြစ်သည့်တိုင် အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံမြစ်သစ် ဆိပ်ကမ်းမြို့နယ်၊ ယုဇန၊ သာကေတ နှင့် ရွှေပြည်သာတို့တွင်ကား ဆက်တိုက် အရောင်းအဝယ် ဖြစ်နေခဲ့ကြသည်။


သို့သော် စက်တင်ဘာလလယ်တွင် သက်တမ်းလွန် မော်တော်ကားများကိစ္စပေါ်လာခြင်း၊ ကားဟောင်းတွေ ဈေးတက်ခြင်း၊ စလစ်တွေရောင်းဝယ်ခြင်း ကားဈေးကွက်ဂယက်က ငလျင်လှုပ်သလို ယိမ်းထိုးတော့သည်။

ယင်း ကားကိစ္စ ၏အကျိုးဆက်က တာသွားလှသည်။ ကားသစ်တင်သွင်းမှုကို ပုဂ္ဂလိကတွေအထိ လုပ်ပိုင်ခွင့်ချပေးမည်ဆိုတော့ လုပ်ငန်းရှင်တွေက ကားအရောင်းပြခန်းဖွင့်ဖို့ နေရာကောင်းတွေမှာ မြေလိုက်ဝယ်တော့သည်။ ထို့ပြင် တချိန်တည်းမှာ ပုဂ္ဂလိကဘဏ်များအတွက် မြို့နယ်အနှံ့ ဘဏ်ခွဲတွေဖွင့်ရန်ကိစ္စကလည်း အပြိုင်အဆိုင်ဖြစ်လာပြန်သည်။


ထိုသို့သော ကားအရောင်းပြခန်းများနှင့် ဘဏ်ခွဲများဖွင့်နိုင်ရေး အခြေအနေများရှိလာသောကြောင့် လမ်းမတန်းနေရာကောင်းများက မြေညီထပ်တွေ အရောင်းရော အငှားပါ အရောင်းအဝယ်ဖြစ်နေကြသည်။

ပြည်လမ်းမတွင်မူ မူလသိန်း(၇၀) မှ ယခု သိန်း(၁၀၀)ကျော်၊ ကမ္ဘာအေးဘုရားလမ်းတွင် မူလသိန်း(၄၀) မှ ယခု သိန်း(၇၀)၊ အင်းစိန်လမ်းမကြီးတွင် ယခင် သိန်း(၄၀) မှ ယခု သိန်း(၆၀) အထိ ငှားရမ်းခတွေ ဈေးတက်ကုန်သည်။ဒဂုံမြို့သစ်လိုနေရာမျိုးမှာပင်လျှင် အဆောက်အအုံမပါသော မြေကွက်လွတ်(၁၂၀’ x ၈၀’) တစ်ကွက်လျှင် ငှားရမ်းခ(၁၅)သိန်း အထိ ဖြစ်လာလေတော့သည်။


အထက်ပါတို့မှာ ကားပယောဂနှင့် ဘဏ်များပယောဂကြောင့် ရိုက်ခတ်မှုကို ဖော်ပြခြင်းဖြစ်ပြီး ၎င်းနှစ်ရပ်နှင့် ဆိုင်ဆိုင် မဆိုင်ဆိုင် ယခုအောက်တိုဘာလထဲတွင် ဖြစ်သမျှ ရန်ကုန် အိမ်ခြံမြေ ဂရပ်မျဉ်းအား တင်ပြပေးရန် ရှိပါသည်။ပထမဆုံး မြို့တွင်းရှိ တိုက်ခန်းဈေးနှုန်းတို့ကို ဖော်ပြလိုက်ပါသည်။


ဒဂုံမြို့နယ်


လမ်းအမည်    အလွှာ ယူနစ် ဈေးနှုန်း
ဗိုလ်ရာညွှန်လမ်း ၄  ၁ ပေပတ်လည်  ၈၀၀၀၀(ဝန်းကျင်)
နဝဒေးလမ်း
 ၈  ၁ ပေပတ်လည်  ၂၀၀၀၀(ဝန်းကျင်)
နဝဒေးလမ်  ၆  ၁ ပေပတ်လည်  ၂၅၀၀၀(ဝန်းကျင်)
ယောမင်းကြီးလမ်း  ၇  ၁ ပေပတ်လည်  ၂၀၀၀၀(ဝန်းကျင်)



လသာမြို့နယ်


လမ်းအမည်    အလွှာ ယူနစ် ဈေးနှုန်း
လမ်း - ၂၀ လမ်းသွယ် ၅  ၁ ပေပတ်လည်  ၃၀၀၀၀(ဝန်းကျင်)
၂၂  လမ်း
၅  ၁ ပေပတ်လည်   ၃၀၀၀၀(ဝန်းကျင်)
လသာလမ်း  ၆  ၁ ပေပတ်လည်  ၂၀၀၀၀(ဝန်းကျင်)
လသာလမ်း  ၅  ၁ ပေပတ်လည်  ၂၅၀၀၀(ဝန်းကျင်)



ကျောက်တံတားမြို့နယ်


လမ်းအမည်    အလွှာ ယူနစ် ဈေးနှုန်း
ဆိပ်ကမ်းသာလမ်း ၅  ၁ ပေပတ်လည်  ၄၀၀၀၀(ဝန်းကျင်)
ဆိပ်ကမ်းသာလမ်း
၃  ၁ ပေပတ်လည်   ၅၀၀၀၀(ဝန်းကျင်)
လမ်း ၄၀  ၆  ၁ ပေပတ်လည် ၁၅၀၀၀(ဝန်းကျင်)
၃၈ လမ်း  ၆  ၁ ပေပတ်လည်  ၂၅၀၀၀(ဝန်းကျင်)

မရမ်းကုန်းမြို့နယ်


လမ်းအမည်    အလွှာ ယူနစ် ဈေးနှုန်း
ပြည်လမ်း ၈  ၁ ပေပတ်လည်  ၂၀၀၀၀(ဝန်းကျင်)
ပြည်လမ်း ၄  ၁ ပေပတ်လည်   ၅၀၀၀၀(ဝန်းကျင်)
၈ မိုင် မြိုင်ဟေဝန်  ၆  ၁ ပေပတ်လည် ၁၅၀၀၀(ဝန်းကျင်)
၈ မိုင် မြိုင်ဟေဝန်  ၅  ၁ ပေပတ်လည်  ၂၀၀၀၀(ဝန်းကျင်)


လောလောဆယ် မြို့ထဲပိုင်းနေရာကောင်းတွေမှာ ရှိသော လူကုံထုံကြိုက် သိန်းထောင်ကျော်တန် ခြံဝန်းများမှာကား အရောင်းအဝယ် အနည်းငယ်သာ ဖြစ်လျက် ရှိသည်။ ထိုသို့ အရောင်းအဝယ်လေးနေရခြင်းမှာ ရင်းနှီးမြုပ်နှံသူများအနေဖြင့် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်လာမှုနှင့် စီးပွားရေးပေါ်လစီ ပြောင်းလဲလာနိုင်သည့် အနေအထားကို စောင့်ကြည့် အကဲခတ်နေကြသောကြောင့် ဖြစ်သည်ဟု သုံးသပ်ကြတာတွေ့ရသည်။

မည့်သည့်အခြေအနေမျိုးပင်ဖြစ်စေ ဆင်ခြေဖုံးဖြစ်သော တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ရွှေပြည်သာ၊ သာကေတ နှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်များရှိ သိန်း (၅၀၀) အောက် မြေကွက်များ အဝယ်ပြန်လိုက်လာကြောင်းတွေ့ရသည်။


အထူးသဖြင့် ဒဂုံအရှေ့ပိုင်း မြို့နယ် မြေကွက်များ ဈေးထက်ဝက်တက်လာပြီး ပွဲစားတွေ အလုပ်ဖြစ်လျက်ရှိကြပုံကား ထူးခြားဖြစ်စဉ်ပင် ပြောရတော့မည်။ ယခင်တုန်းက (၁၃) သိန်း လောက်ရှိရုံနှင့် ပေ - ၂၀ မြေကွက်ကို ရခဲ့သည့်တိုင် ယခုကား သိန်း(၃၀) ပေးတာတောင် မရောင်းချင်ကြတော့ပေ။ ၁၃၃ နှင် ၁၂၅ ရပ်ကွက်တွေက ဈေးပိုကောင်းသည်ဟုလည်း သိရသည်။


ဒဂုံမြို့သစ် အရှေ့ပိုင်း၊ မြောက်ပိုင်း မြေကွက်တွေ(၃၊ ၁၀၊ ၁၁၊ ၁၃၊ ၁၄၊ ၁၅၊ ၁၀၈၊ ၁၁၈၊ ၁၁၉၊ ၁၂၀၊ ၁၂၁၊ ၁၂၂၊ ၁၂၃၊ ၁၂၄၊ ၁၂၆၊ ၁၃၀၊ ၁၃၁၊ ၁၃၂၊ ၁၃၅၊ ၁၃၆၊ ၁၃၉) တို့အပြင် မြောက်ဒဂုံ ရာဇဓိရာဇ်လမ်းပေါ်က (၄၀’ x ၁၀၀’) မြေကွက်များနှင့် ဗိုလ်ဗထူးလမ်းပေါ်က U-9, U-10 မြေကွက်များပါ ရသလောက် ဝယ်ယူလိုကြောင်း ကြော်ငြာတစ်ခု သို့မဟုတ် နှစ်ခုလောက်ကတော့ ကြေးမုံ သတင်းစာ အချပ်ပိုရောင်စုံမှာ နေ့စဉ်တွေ့နေကြရသည်။ ဒါသည်ပင်လျှင် ဈေးကွက်ဧ။် သရုပ်မှန်ဟု ယူဆရမည်သို့ ရှိပါသည်။


ထို့ပြင် နေရာအလိုက် အထူးပြု၍ ဈေးတက်သွားတာတွေလည်း ရှိသေးသည်။ ၎င်းအနက် တစ်ခုကား မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းပေါ်မှ မြေကွက်များဧ။် ဈေးနှုန်း ဂယက်ဖြစ်သည်။


အေဝးပြေးကားစခန်း(အောင်မင်္ဂလာ)ကို စော်ဘွားကြီးကုန်းမှသည် မင်္ဂလာဒုံ ပြောင်းရွေ့လာပြီးနောက် ခရေပင်လမ်း စန်းပွင့်လာ၏။


ယခင် သိန်းဆယ်ဂဏန်း မြေကွက်တွေက ယခု သိန်းရာချီ၍ ဈေးခေါ်လာကြ၏ ရိပ်မွန်လုံးချင်း ဆောက်လုပ်ရောင်းချပြီး လူစည်လာ၏ ။ ထို့ကြောင့်ပင် မြေတစ်ကွက်ဆိုလျှင် သိန်း(၁၁၀၀) အထိ ပေးဝယ်ခြင်းခံလိုက်ရတာမျိုး ဖြစ်လာသည်။ မကြာမီ ရထားလမ်း ဂုံးကျော်တံတား ဆောက်ဦးမှာဆိုတော့ ကြာလျှင် ယခုထက် တက်ရိပ်ရှိသည်ဟု သုံးသပ်ရမည့် အနေအထားပင်။


ခရေပင်လမ်းထက် အာနိသင်ထက်တာက ကမ်းနားလမ်း စီမံကိန်း၏ ။ မဟာလှုပ်ရှားမှု ဖြစ်သည်။ကြည့်မြင်တိုင် သီရိမင်္ဂလာဈေး မှသည် ဗိုလ်တထောင်၊ ဗန္ဓုလ၊ သာကေတ တိုင်ရင်းသား ကျေးရွာ၊ ရတနာလမ်း၊ ဧရာဝဏ်လမ်း မှသည် အမှတ်(၂) လမ်းမကြီး အထိပေါက်သော လမ်းမကျယ်ကြီး တစ်လျှောက်ရှိ အိမ်၊ မြေကွက်၊ တိုက်ခန်းတွေက ရွှေသားပကတိ အသွင်ပြောင်းသွား၏ ။


ဧရာဝဏ်တစ်လျှောက် ဝယ်သူမရှိလို့ ပစ်ထားခဲ့သော (၂) သိန်းတန် မြေကွက်တွေ (၁၀) သိန်း၊ (၁၅) သိန်း ဖြစ်လာဧ။် လမ်းမတန်းတွေက သိန်း(၁၀၀) မှ သိန်း (၁၅၀) သိန်း ဖြစ်လာသည်။ အတွင်းဘက်မှာတောင် သိန်း(၆၀)၊(၇၀) လောက်အထိ ဈေးခေါ်လာကြသည်။


သာကေတ ရတနာအိမ်ရာ ဆိုသည်ကား အပိုင်း (၄) ပိုင်း တွဲနေပြီး နေရာအလိုက် သိန်း(၇၅၀) ဝန်းကျင်မှသည် သိန်း(၁၅၀၀) အထိဈေးမြောက်သွားဧ။် ပဲခူးမြစ်လမ်းတွင် (၄၀’x ၆၀’) ကို သိန်း(၁၅၀) ခန့်ဖြင့် ရောင်းဝယ်ကြသည်။


အထက်ဖော်ပြပါ ခရေပင်လမ်းနှင့် ကမ်းနားလမ်းဂယက်အဖြစ် ပုံမှန် စီဆင်းနေသော ကျန်ဒေသများဧ။် အနေအထားမှာ ပုံမှန်သာဖြစ်သည်။သာဓက အဖြစ် မီးမောင်းထိုးဖော်ပြရာဝယ် ဒဂုံအရှေ့ပိုင်း(၉) ရပ်ကွက်တွင် ပေ(၄၀’ x ၆၀’) မြေကွက်ကို သိန်း(၆၀)၊ မြောက်ဒဂုံ(၃၄) ရပ်ကွက် ပေ(၄၀’ x ၆၀’) ပျဉ်ထောင် တစ်ထပ်အိမ်ပါ မြေကွက်ကို သိန်း(၃၅၀) ဝန်းကျင် အရောင်းအဝယ်ဖြစ်သည်။


မရမ်းကုန်းမြို့နယ် မြေသီးသန့် (၅၀’ x ၁၀၀’) ကို သိန်း(၂၀၀၀) နှင့် ဈေးတည့်ဧ။် အမှတ်(၃) လမ်းမကြီးတွင် (၈၀’ x ၁၀၀’) ကို သိန်း(၅၀၀) နှင့် အရောင်းအဝယ်ဖြစ်သည် ဆိုပါသည်။ မြို့ပြင်မှာ ဝယ်ကြခြင်းကား ကားကြီးတွေ ထားရန်၊ ကားအရောင်းပြခန်းများ ဖွင့်ရန်၊ လောင်စာဆီဆိုင်တွေ ဖွင့်ရန် အတွက်ဖြစ်ပြီး ငါးကန်နေရာတွေကိုတောင် အလွတ်မပေးပဲ လိုက်ဝယ်နေကြသော အခြေအနေဖြစ်သည်။


လတ်တလော စက်မှုဇုံတွေကား အငှားသာများပြီး ဒဂုံဆိပ်ကမ်းမှာ (၈၀’ x ၁၀၀’) ဂိုဒေါင်ကို တစ်လ(၁၀) သိန်း၊ (၁၀၀’ x ၂၀၀’) ကို ကျပ်သိန်း (၂၀) ရှိသည်။လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေလင်ဗန်းတို့မှာတော့ (၈၀’ x ၂၀၀’) ရုံးခန်းပါကို (၂၅) သိန်း ဝန်းကျင်နှင့် ဂိုဒေါင်သက်သက်(၆၀’ x ၁၀၀’) ကို (၁၀) သိန်းဟု ဆိုကြသည်။


ကွန်ဒိုဈေးကွက်ကား အဝယ်ပါးပြီး အငှားတွေသာ အလုပ်ဖြစ်လျက်ရှိသည်။ အချို့သော ကွန်ဒိုတွေက ကွန်ဒိုအင်္ဂါရပ်နှင့် မကိုက်ညီမှု၊ ကြော်ငြာတွင် ဖော်ပြထားသော အင်္ဂါလက္ခဏာနှင့် ကတိကဝတ်ဝန်ဆောင်မှုများမှာ အပြောနှင့် လက်တွေ့ကွာဟမှု စသည်တို့ကြောင့် အလုပ်ဖြစ်သင့်သလောက် မဖြစ်ကြရှာပေ။ ထို့ပြင် လူများစု မဝယ်ယူနိုင်သော ဈေးနှုန်း အနည်းဆုံး သိန်း(၇၀၀) မှသည် (၁၀၀၀-၁၂၀၀) ဖြစ်နေတာကလည်း ခလုတ်တစ်ခုဟု ဆိုနိုင်သည်။


မန္တလေး


မန္တလေးဒေသဧ။် အိမ်၊ခြံ၊မြေ လောကတွင် ကျောက်အရောင်း အဝယ်သမားများနှင့် ကားဝယ်ရောင်းသမားများကပါ ဝင်ရောက် ရင်းနှီးမြုပ်နှံလာသောကြောင့် မြေဈေးများ မြင့်တက်လာပြီး အရောင်းအဝယ်တွေ ပိုမိုဖြစ်ထွန်းလာခဲ့သည်။ ၁၉၈၈ နောက်ပိုင်းမှာ ပိုမိုသိသာလာသည်။ ငွေတက်နိုင်သော “လက်ကြီးသမား” များက ထိုးဖောက်လာခြင်းကြောင့် အထိတ်တလန့်ဈေးတွေ နားမဆံ့အောင် ကြားလာရ၏။


ယခု စက်တင်ဘာ(၁၉) မှစ၍ ဂရန်အသစ်တွေ ထုတ်ပေးလာသောကြောင့် ပိုမိုလှုပ်ရှား လာရပြန်ပါသည်။ ယခင်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ကြွေသားစက္ကူ(White Card) ဖြင့် ထုတ်ပေးခဲ့ဖူးရာ အတုလုပ်မှုများ ထူပြောလာခဲ့ဧ။် ထို့ကြောင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဌာနက မန္တလေး ခြောက်မြို့နယ်အတွင်း မြေဂရန်များကို လုံခြုံရေးအမှတ်တံဆိပ်၊ ဂရန်စာအုပ်နံပါတ်ပါသော သားရေဖုံး ဂရန်စာအုပ်များဖြင့် လဲလှယေ်ပေးနေပြီးဖြစ်သည်။ထို့ကြောင့်ပင် အကျဟူ၍ မရှိဖူးဘဲ တက်ပြီးရင်းတက်နေသော မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက်က ပန်းပန်လျက်ရှိပြန်၏။


ထို့ပြင် ပြည်ကြီးတံခွန် မြို့နယ်အတွင်းတွင် ရှိသော “နန” နှင့် “ပပ” မြေကွက်တွေက အရောင်းအဝယ် ပိုမိုသွက်လက်လာပြန်သည်။ ၂၀၀၉ ခုနှစ်ခန့်က သိန်း(၂၅၀) ပမာဏလောက်နှင့် မူရင်းပိုင်ရှင်က လက်လွှဲရောင်းခဲ့သည်။ ၂၀၁၁ သြဂုတ်လရောက်တော့ အရောင်းအဝယ်တွေ ဖြိုင်လာခဲ့သည်။ ပထမဆင့်သမားက ဒုတိယလူသို့ သိန်း(၃၀၀)ဖြင့်ရောင်းပြန်ဧ။် တတိယဆင့် ပုဂ္ဂိုလ်က သိန်း(၄၀၀) လောက်နှင့် ဝယ်ခဲ့သည်။


ယခုတော့ သိန်း(၅၀၀) အထိ ခေါ်လာကြပြန်ပြီ။ ဖိုးရာဇာ လမ်းပေါ်က မြေတွေကတော့ လမ်းဖောက်လာပြီမို့ သိန်း(၆၀၀) အထိ မြှင့်လာတော့သည်ဆိုပါသည်။“နန” နှင့် “ပပ” အမျိုးအစားမြေက စုစုပေါင်း မြေကွက်ပေါင်း တစ်သောင်းကျော်ရှိသည် ဆိုပါသည်။


နေပြည်တော်


ယခင်က ဈေးတွေ တစ်ဟုန်ထိုးတက်ခဲ့ဖူးသော ပေါင်းလောင်း(၂) ရပ်ကွက်၊ ဘောဂဝတီ ရပ်ကွက်၊ ရာဇဌာနီ လမ်းမကြီး ဝဲယာ၊ ဥတ္တရသီရိ မြို့ကွက်သစ်။ ဒက္ခိဏသီရိ မြို့ကွက်သစ်၊ သိုက်ချောင်း၊ ပြည်စံအောင် ရပ်ကွက်၊ ဇမ္မူသီရိမြို့ ရွှေကြာပင် ရပ်ကွက် စသည်တို့တွင် သြဂုတ်လကစ၍ ဈေးငြိမ်ကာ အဝယ်မရှိဖြစ်သွားသည်။


လက်ရှိကာလ၌ ပုဗ္ဗသီရိတစ်ခုသာ အရောင်းအဝယ် ရှိသည်ကိုတွေ့ရသည်။ မြေကွက်လွတ် (၄၀’ x ၆၀’) လမ်းတွင်းပိုင်း သိန်း(၃၅) မှ သိန်း(၄၀)နှင့် အိမ်ပါလျှင် သိန်း(၇၀)၊(၈၀)ဖြင့် ရောင်းဝယ်နေကြသည်။ ကွန်ကရစ်လမ်းဘေး ဝဲယာများ အိမ်ပါ သိန်း(၂၅၀)၊(၃၀၀) ဖြစ်သည်။ရာဇဌာနီလမ်းမကြီးဘေး (၈၀’ x ၆၀’) ကွက်များရှိ တစ်ထပ်တိုက်၊ နှစ်ထပ်တိုက် စသည် အဆင့်အတန်းပေါ်မူတည်ပြီး သိန်း(၅၀၀၀) မှ (၁၀၀၀၀) ရောင်းကြသည်။


ပျဉ်းမနား ပေါင်းလောင်း (၂) တွင် (၄၀’ x ၆၀’) ကို လမ်းနှင့် အဆောက်အဦးလိုက်ပြီး သိန်း(၃၅၀) မှသည် ထောင်ကျော်အထိ ရှိသည်။ သပြေကုန်းဈေးအနီး (၆၀’ x ၆၀’) ကွက်နှင့် အဆောက်အအုံပေါ်မူတည်ပြီး သိန်း(၁၅၀၀) နှင့် အထက်တွင် ဈေးရှိသည်။


နောက်ထပ်သတင်းရင်းမြစ်တစ်ခု အဆိုအရ သြဂုတ်လ နောက်ဆုံးပါတ်က စ၍  နေပြည်တော်သုံး လိုင်းဖုန်းများကို မြေကွက်နှင့် တွဲ၍ ရောင်းချပေးနေပြီးဟု သိရသည်။ သပြေကုန်းက ကျောက်မျက်မြေကွက်သစ်တွေမှာ စချပေးနေတာဟု ဆိုကြသည်။ ဘောဂသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ဇမ္မူသီရိ၊ သပြေကုန်း စတာတွေမှာ ချပေးမည့် မြေကွက်များတွင်လည်း ၎င်းလိုင်းဖုန်းကို တွဲလျက် ရရှိမည်ဟုသိရသည်။


ညောင်ဦး


စက်တင်ဘာလအတွင်းက ညောင်ဦးမြို့ဧ။် အိမ်၊ခြံ၊မြေ ဈေးကွက်တွင် လှုပ်လှုပ်ရှားရှားဖြစ်ကာ ဝယ်လက်တွေ ခေါင်းထောင်ခဲ့ဖူးတာရှိသည်။ ဟိုတယ်ဇုံအတွက် မြေကွက်တွေချပေးသောကြောင့်ဟု ဆိုသည်။ ၎င်းတို့မှာ မြင်းကပါဝန်းကျင်၌ ပုဂံဟိုတယ်ဇုံ(၁)၊ ပုဂံမြို့ ရွှေတွင်းရပ် သီဟပတေ့ ဘုရားအနီးမှာ ဇုံ(၂)၊ ညောင်ဦးအရှေ့ဘက် ကျောက်ကူမင်ဘုရား အနောက်မြောက်မှာ ဇုံ(၃)၊ ပုဂံမြို့သစ် ဂန့်ဂေါရွာအနီးမှာ ပုဂံဟိုတယ်ဇုံ(၄) စသည်တို့ တည်ဆောက်ရန်ဖြစ်သည်။ ဧကတစ်ပိုင်းကို သိန်း(၂၀၀) ခန့်အထိ ဈေးဖြစ်ခဲ့သည်။သို့သော် ယခုအခါ ဆောက်ရန်နေရာ အတည်တကျ သတ်မှတ်ထုတ်ပြန်မှု မရှိသေးတာကြောင့် အရောင်းအဝယ်တွေ ပြန်ငြိမ်သွားသည်ဟု သိရသည်။


တောင်ကြီး


တောင်ကြီး အိမ်၊ခြံ၊မြေ အနေအထားကား အဝယ်လှိုင်လာသဖြင့် မြေဈေးတို့ နှစ်ဆ သုံးဆခန့် တက်သွားတာတွေ့ရသည်။ တောင်ကြီး အရှေ့ဘက် လွိုင်လင်၊ ပင်လုံဘက်နှင့် ရှမ်းပြည်နယ်ကလူတွေ ဆင်းဝယ်လာကြတာဖြစ်သည်။ ငွေဈေး မငြိမ်သည့်အတွက် ရွှေစုသူထက် မြေစုသူတွေ ပိုများလာသည့် သဘောပင်ဖြစ်သည်။


လွန်ခဲ့သော(၂) နှစ်ခန့်က သိန်း(၈၀၀၀) ခန့်ဖြင့် ဝယ်ထားသော မြေတစ်ကွက်ကို ယခုပြန်ရောင်းတော့ သိန်း(၂၀၀၀၀) ခန့်ရသော သာဓကတစ်ခုရှိသည်။ ရွာသာသာနေရာမျိုးကိုတောင် လမ်းဘေးဆိုလျှင် သိန် လေးငါးခြောက်ဆယ် ဖြစ်ကုန်ပြီဟု ကြားရသည်။


မြစ်ကြီးနား


မြစ်ကြီးနားမြို့တွင် လူနေထူထပ်လာမှုကြောင့် လည်းကောင်း၊ အငြိမ်းစာ ဝန်ထမ်းများနှင့် လုပ်သက်ရင့် ဝန်ထမ်းများအတွက် အိမ်ပိုင်၊ မြေပိုင်ဘဝမျိုး နေခွင့်ရရေး ဇောင်းပေးကာ ၂၀၀၆ ခုနှစ်ကတည်းက အိမ်ရာမြေများ တိုးချဲ့ချထားခွင့် ပြုပေးခဲ့သည်။


မြစ်ကြီးနားမြို့ ရွှေအိုက်နှင့် ရွှေပြည်သာ တိုးချဲ့ရပ်ကွက်များတွင် ချထားပေးခဲ့တာဖြစ်သည်။ သို့သော် အချို့မြေကွက်များ၌ ယခု ၂၀၁၁ ခုနှစ်ရောက်သည့်တိုင် သတ်မှတ်ငွေလည်းမသွင်း၊ ခြံကာ အိမ်ဆောက်ခြင်းလည်း မပြုသောကြောင့် ၎င်းမြေများကို ပြန်လည်သိမ်းယူပြီး နောက်ထပ်လျှောက်ထားသူ လူသစ်ကို လွှဲပြောင်းချထားမည်ဟု ကြော်ငြာလာရသည်ဟု ကြားသိရသည်။


လပွတ္တာ


လပွတ္တာမြို့ကွက်နှင့် (၃) မိုင်ခန့်အကွာ ပင်လယ်ရေမျက်နှာပြင်ထက် ပေ(၅၀) အမြင့်ရှိ မြေနေရာတွင် စက်မှုဇုံမြေများရော လူနေရန် မြေကွက်များပါ ထုတ်ဖော်ရောင်းချပေးလာကြောင်း သိရသည်။


စက်မှုဇုံမြေကွက်များမှာ (၄၀’ x ၂၀၀’) တစ်ကွင်လျင် သိန်း(၁၆၀) နှုန်း ဖြစ်သည်။ လူနေမြေကွက်(၂၅၁၄) ကွက်ရှိရာ (၁၀၁၉) ကွက် ရောင်းချပြီး အနေအထားတွင်ရှိသည်။ စက်မှုကွက်(၂၂) ကွက် အနက် လက်ကျန်(၁၄)ကွက်သာ ရှိတော့သည်ဟုလည်း ဆိုပါသည်။စက်မှုဇုံတွင် (၂၄)နာရီ မီးရရန် စီမံထားပေးပြီး အအေးခန်း စက်ရုံအချို့မှာ စတင်၍ပင် လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။


ထားဝယ်


ထားဝယ်မြို့ရှိ အိမ်ခြံမြေ အများစုမှာ ရေနက်ဆိပ်ကမ်း အရှိန်ကြောင့် ဈေးတွေ တစ်ဟုန်ထိုးမြင့်တက်ခဲ့ဖူးတာရှိသည်။ သို့သော် ယခုအခါ ထူးခြားစွာ အေးစက်ငြိမ်သက်သွားပြီးဟု ဆိုကြ၏။


ယင်းအကြောင်းဇစ်မြစ်ဧ။် ပထမအချက်မှာ ထားဝယ်ရေနက်ဆိပ်ကမ်း ကြီးကျယ်စည်ကားလာမည့် အနာဂတ်အပေါ် အလွန်အကျွံ မျှော်လင့်မှုဖြင့် ရန်ကုန်၊ မန္တလေး စသည့် အရပ်တကာမှ လာရောက်မြှပ်နှံသူများ အဆမတန် များပြားလာသောကြောင့် ဈေးတွေ မတော်မတရား မြောက်တက်ကုန်ခဲ့ခြင်းများ ရှိခဲ့တာဖြစ်သည်။


ထူးခြားပုံက ယခင် ကျပ်(၁၀) သိန်းအောက်သာ ဝဲနေသော ပေ(၄၀’ x ၈၀’) မြေကွက်က သိန်း(၂၀၀) အထိ မိုးထိုးသွားခဲ့သည်။ သို့သော် ယခုတော့ ခေါ်ဈေးသာရှိပြီး ငုတ်တုတ်ကြီး ကျန်ခဲ့ပြီ ဖြစ်သည်။ ရောင်းသူကလည်း အောက်ဈေးနှုန်းနှင့် အရှုံးခံပြီး မရောင်းနိုင်၊ ဝယ်မည့်သူကလည်း မလာနှင့် ပကတိအငြိမ်ဘဝရောက်သွား၏။


ဒုတိယ အချက်မှာ ဆိပ်ကမ်းဆောက်လုပ် အရှိန် နှေးကွေးသောကြောင့်ဟုလည်း ဆိုကြပါသည်။ မည်သို့ပင်ဆိုစေ မြို့ထဲပိုင်းလူနေရန် အိမ်၊ခြံ၊မြေကား နေရာနှင့် အကျယ်အဝန်းပေါ် မူတည်၍ သိန်းထောင်ဂဏန်းမှာ သောင်းဂဏန်းအထိတော့ မြည်နေဆဲ ရှိသေးသည်ဟု ကြားသိရသည်။



ငြိမ်းပီတိဇော်
(၁၀.၁၀.၂၀၁၁)



မှတ်ချက်။  ။ မြန်မာတပြည်လုံးရှိ အိမ်၊ခြံ၊မြေ သတင်းများအား အခြေအနေပေးလျှင် ပေးသလို အချိန်နှင့် တစ်ပြေးညီ တင်ပြသွားနိုင်ရေး အစဉ်လုံ့လထုတ် ပြင်ဆင်လျက် ရှိပါကြောင်း ကြိုတင် အစီရင်ခံအပ်ပါသည်။

Follow Us On    
အိမ်ခြံမြေ လမ်းညွှန်
အိမ်ခြံမြေ ဗဟုသုတ အိမ်ခြံမြေ ရောင်းချနည်း အိမ်ခြံမြေ ဝယ်ယူနည်း အိမ်ခြံမြေ ငှားရမ်းနည်း အကျိုးဆောင် လမ်းညွန်

အိမ်ခြံမြေပြပွဲများ


အိမ်ခြံမြေပြပွဲများ အားလုံးကြည့်ရန်


နောက်ဆုံးရ သတင်းများ

ဉာဏ်ထက်စေမယ့် အစားအစာ (၁၀)မျိုး
1. nbsp; nbsp; ပန်းဂေါ်ဖီစိမ်း (Broccoli)br / br / ပန်းဂေါ်ဖီစိမ်းမှာ ဦးနှောက်ဆဲလ်အသစ်တွေ ဖွံ့ဖြိုးစေနိုင်တဲ့ ကိုလင်းပါ၀င်ပြီး အာရုံခံနာဗ်ကြောစနစ်လုပ်…
အမွှေးတိုင်အငွေ့က လူ့ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေပါသလား
Incense sticks လို့ခေါ်သော အမွှေးတိုင်က ထွက်လာတဲ့ incense smoke လို့ခေါ်သော အမွှေးတိုင်အငွေ့ သည် လူ့ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေပါသလားဆိုတဲ့…
Inverter စက်တွေ မပျက်စီး မလောင်အောင်၊ လျှပ်စစ်အန္တရာယ်ကင်းဝေးအောင် ဘာတွေ သတိထားရမလဲ
မီးလာမီးပျက်များတဲ့ ခုလို ကာလတွေမှာ တန်ဖိုးကြီးလျှပ်စစ်ပစ္စည်းတွေ၊ နာမည်ကြီး နိုင်ငံခြား Inverter brand တံဆိပ်အမျိုးမျိုးတွေ…
မြေရှင်လက်မှတ်မထိုးပဲ တိုက်ခန်းဝယ်ယူရင် ဘာတွေဆိုးကျိုး ရှိနိုင်သလဲ
ဆရာ တိုက်ခန်းဝယ်ယူတဲ့နေရာမှာ မြေရှင် လက်မှတ်ထိုးဖို့လိုတယ်ဆိုတဲ့ ဥပဒေ မရှိဘူးလို့သိရပါတယ်။nbsp;br / br / တကယ်လို့မြေရှင်လက်မှတ်မထိုးပဲ…
ဆန်ကို ကြည်နေအောင် ဆေးတာက ကျန်းမာစေရဲ့လား
ကဲ hellip;. အရင်ဆုံး ဒီကနေ မေးချင်တာ ထမင်းချက်ခါနီးတိုင်း ဆန်ဆေးရည်ကို ကြည်နေအောင်ဆိုပြီး ဆန်ကို ရေနဲ့ အထပ်ထပ်များ ဆေးမိနေသေးလား…
မီတာခသက်သာအောင် လျှပ်စစ်ဓာတ်အားကို ချွေတာနိုင်သည့် နည်းလမ်းများ
မီတာခ သက်သာစေဖို့ ကိုယ်တတ်နိုင်တဲ့ နည်းလမ်းနဲ့ ဘယ်လို ဖြေရှင်းလို့ရလဲဆိုတာ ဒီဆောင်းပါးကနေဖော်ပြပေးလိုက်ပါတယ်။br /…
ရေခဲသေတ္တာအပေါ်မှာ ဒါတွေ လုံးဝမတင်ပါနဲ့
သင့်အိမ်က ရေခဲသေတ္တာအပေါ်က နေရာလွတ်ကို ပစ္စည်းတချို့တင်ထားဖို့ စိတ်ကူးနေရင် အခုပဲရပ်လိုက်ပါ။ ရေခဲသေတ္တာအပေါ်နေရာကို…
ငလျင်အပြီး အစားအစာ စိတ်ချရအောင် ဘယ်လိုလုပ်မလဲ
ငလျင်အပြီး အစားအစာနှင့်ရေ ညစ်ညမ်းမှုကြောင့် ရောဂါဖြစ်နိုင်ခြေမြင့်ပါသည်။ မသန့်ရှင်းသောအစားအစာနှင့်ရေသည် ဝမ်းပျက်ဝမ်းလျှော၊…
အိမ်ရာတိုက်ခန်းတွေ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုကျပျက်စီးခဲ့ရင် အခန်းရှင်အတွက်…
ကိုယ်က အထပ်မြင့်တိုက်ခန်းလေးတစ်ခန်း ဝယ်ထားတယ်။nbsp;br / ရေကြီးလို့၊ မီးလောင်လို့၊ ငလျှင်လှုပ်လို့၊ မြေပြိုလို့ စတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့်…
သောက်သုံးရုံတင်မဟုတ်ဘဲ အိမ်မှာအသုံးဝင်မယ့် ဘီယာရဲ့ ကောင်းကျိုး
ဘီယာကို သောက်သုံးရုံတင်မဟုတ်ဘဲ အိမ်မှာ အသုံးဝင်တဲ့နည်းလမ်းတွေ ရှိတယ်ဆိုတာကို သင်သိပါသလား။br / br / အများစုအတွက် အပန်းဖြေဖို့…
ဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံခဲ့ရင်
ရာသီဥတုတွေက ဖောက်ပြန်မှုတွေ များနေတာကြောင့် လူသားတွေမှာ ခံစားရနိုင်တဲ့ ဘေးအန္တရာယ်တွေကလည်း ဒုနဲ့ဒေးပါ။ ဘေးအန္တရာယ်…
Earthquake Drunk Syndrome (PEDS): ငလျင်အပြီး ခေါင်းမူးဝေဒနာ
ပြင်းထန်သော ငလျင်လှုပ်ပြီးနောက် အချို့လူများတွင် quot;Earthquake Drunkquot; syndrome (သို့မဟုတ် Post-Earthquake Dizziness Syndrome - PEDS) ဟုခေါ်သည့် ထူးဆန်းသော လက္ခဏာများ…

    အိမ်ခြံမြေ လမ်းညွှန်

  • အိမ်ခြံမြေ ဗဟုသုတ
  • အိမ်ခြံမြေ ရောင်းချနည်း
  • အိမ်ခြံမြေ ဝယ်ယူနည်း
  • အိမ်ခြံမြေ ငှားရမ်းနည်း
  • အကျိုးဆောင် လမ်းညွန်

အကျိုးဆောင်များအတွက်

သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့

အသင်းဝင်လုပ်ရန်
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ ရယူရန်

နောက်ဆုံးရ သတင်းများ

  • ဉာဏ်ထက်စေမယ့် အစားအစာ (၁၀)မျိုး
  • အမွှေးတိုင်အငွေ့က လူ့ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေပါသလား
  • Inverter စက်တွေ မပျက်စီး မလောင်အောင်၊ လျှပ်စစ်အန္တရာယ်ကင်းဝေးအောင် ဘာတွေ သတိထားရမလဲ
  • မြေရှင်လက်မှတ်မထိုးပဲ တိုက်ခန်းဝယ်ယူရင် ဘာတွေဆိုးကျိုး ရှိနိုင်သလဲ
  • ဆန်ကို ကြည်နေအောင် ဆေးတာက ကျန်းမာစေရဲ့လား
  • မီတာခသက်သာအောင် လျှပ်စစ်ဓာတ်အားကို ချွေတာနိုင်သည့် နည်းလမ်းများ
  • ရေခဲသေတ္တာအပေါ်မှာ ဒါတွေ လုံးဝမတင်ပါနဲ့
  • ငလျင်အပြီး အစားအစာ စိတ်ချရအောင် ဘယ်လိုလုပ်မလဲ
  • အိမ်ရာတိုက်ခန်းတွေ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုကျပျက်စီးခဲ့ရင် အခန်းရှင်အတွက် ပိုင်ဆိုင်မှု သုည ဖြစ်သွားနိုင်လား
  • သောက်သုံးရုံတင်မဟုတ်ဘဲ အိမ်မှာအသုံးဝင်မယ့် ဘီယာရဲ့ ကောင်းကျိုး
Loading…

ဝယ်ရန်

  • ရန်ကုန်တိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ဧရာဝတီရှိ ရောင်းရန် အိမ်ခြံမြေများ
  • ပဲခူးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • ချင်းပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကချင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကယားပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကရင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • မကွေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မွန်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ရခိုင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • စစ်ကိုင်းတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • ရှမ်းပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • တနင်္သာရီတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
View More

ဝယ်ရန်

  • ရန်ကုန်တိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ရောင်းရန် အိမ်ခြံမြေများ
View More

ငှားရန်

  • ရန်ကုန်တိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ငှားရန် အိမ်ခြံမြေများ
  • ဧရာဝတီတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ပဲခူးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ချင်းပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကချင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကယားပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကရင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • မကွေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မွန်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ရခိုင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • စစ်ကိုင်းတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ရှမ်းပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • တနင်္သာရီတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
View More

ငှားရန်

  • ရန်ကုန်တိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ငှားရန် အိမ်ခြံမြေများ
View More

စီမံကိန်း အသစ်များ

  • ရန်ကုန်တိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • မန္တလေးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • နေပြည်တော်ရှိ ရောင်းရန် စီမံကိန်းများ
  • ဧရာဝတီတွင်ရှိ ရောင်းရန် စီမဲံကိန်းများ
  • ပဲခူးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • ချင်းပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ကချင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ကယားပြည်နယ်တွင် ရောင်းရန် စီမံကိန်းများ
  • ကရင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • မကွေးတွင် ရောင်းရန် စီမံကိန်းများ
  • မွန်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ရခိုင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • စစ်ကိုင်းတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • ရှမ်းပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • တနင်္သာရီတိုင်းရှိ ရောင်းရန် စီမံကိန်းများ
View More

စီမံကိန်း အသစ်များ

  • ရန်ကုန်တိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • မန္တလေးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • နေပြည်တော်ရှိ ရောင်းရန် စီမံကိန်းများ
View More

အခြားအိမ်ခြံမြေများ

  • ရန်ကုန်ရှိ ရောင်းရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ရောင်းရန် ဆိုင်ခန်းများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
View More

အခြားအိမ်ခြံမြေများ

  • ရန်ကုန်ရှိ ရောင်းရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ရောင်းရန် ဆိုင်ခန်းများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
View More

Try our Mobile Apps

Android

Copyright © 2011-2025, ShweProperty.com. All rights reserved.

Privacy Policy|Terms & conditions

Follow Us

Loading…