“မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်း အိမ်မြေဝယ်ရင် အရောင်းအဝယ် စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံ တင်ရုံးမှာ မှတ်ပုံတင်ချုပ်ဆိုမှ တရားဝင်တယ်ဆိုတော့ တိုက်ခန်း အရောင်းအဝယ်တွေမှာ ကတိစာ ချုပ်တွေနဲ့ ချုပ်ဆိုနေတာတွေက တရားဝင်ရဲ့လား သူငယ်ချင်း” ဟု မိတ်ဆွေတစ်ဦးက ဆွေးနွေးလာပါ သည်။

“သူငယ်ချင်း ပြောသလို ဥပဒေအရဆိုရင်တော့ တိုက်ခန်း ကလည်း မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်လို့ အရောင်းအဝယ်မှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုဖို့လိုမှာ ဖြစ်တယ်။ ဒီနေရာမှာ အရောင်း အဝယ်စာချုပ် အမျိုးအစားလို့ပဲ လွယ်လွယ်ပြောတာပေါ့။ စာချုပ် အမျိုးအစားပုံစံ နှစ်မျိုးရှိတယ် သူငယ်ချင်း”

“မင်းပြောမှပဲ နားပိုရှုပ်သွား ပြီထင်တယ်”

“ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ ၅၄ မှာ ပထမအမျိုးအစား က ပစ္စည်းရောင်းချရန် ပဋိညာဉ် (Contract for Sale) ကို ချုပ်ဆိုကြ တာဖြစ်တယ်။ တစ်နည်းအားဖြင့် ပြောရရင် အရောင်းပဋိညာဉ် (Sale Contract) စာချုပ်ဖြစ် တယ်”

“အဲဒါက ဘယ်လိုပုံစံလဲ”

“ဥပဒေနဲ့ အညီတရားဝင် အ ရောင်းအဝယ်အဆင့်မဟုတ်သေး ဘူး။ အဲဒီ ပဋိညာဉ် စာချုပ်မှာ တိုက်ခန်းအရောင်းအဝယ်အတွက် မည်သို့ မည်ပုံ လွှဲပြောင်းယူမယ်၊ အမည်ပြောင်းပေးရေးကိစ္စ၊ ငွေဘယ်လိုပေးချေမယ်ဆိုတဲ့ ကိစ္စ တွေကို အသေးစိတ်ဖော်ပြပြီး အရောင်းအဝယ်ကတိပြု စာချုပ် ချုပ်ဆိုတာဖြစ်တယ်”

“ဒါဆို ကတိစာချုပ် အဆင့်ပဲ ရှိမှာပေါ့”

“ဟုတ်ပါတယ်။ ဒါကြောင့် အဲဒီလို အရောင်းအဝယ် စာချုပ် မျိုးဆိုရင် မှတ်ပုံတင်ဖို့ မလိုအပ် သေးဘူး။ တိုက်ခန်းအရောင်းအ ဝယ် ကတိစာချုပ်လို့ ခေါင်းစီးတပ် ပြီး ချုပ်ဆိုကြတာဖြစ်တယ်။ လက် ရှိတံဆိပ်ခေါင်းဥပဒေအရ ကတိ စာချုပ်တွေမှာ အခွန်တံဆိပ်ခေါင်း သုံးရာကျပ် ထမ်းဆောင်ရပါတယ်”

“စရန်ပေး စာချုပ်တွေလည်း ကတိစာချုပ်အဖြစ် ချုပ်ဆိုကြရ တာပေါ့နော်”

“ဟုတ်ပါတယ် တစ်ဖက်နဲ့ တစ်ဖက် ကတိမပျက်ကွက်နိုင် အောင် စရန်ငွေပေးပြီး အရောင်း အဝယ် ကတိစာချုပ် ချုပ်ဆိုကြ တာ ဖြစ်တယ်”


“ဒါဆိုရင် တိုက်ခန်းအရောင်း အဝယ်လုပ်တဲ့ နေရာမှာ အရောင်း အဝယ်ကတိစာချုပ်နဲ့ပဲ လုံ လောက်တယ်လို့ ဆိုလိုတာပေါ့”

“သူငယ်ချင်းကို ရှင်းအောင် ပြောရရင် တရားရုံးချုပ်က ဆုံး ဖြတ်ထားတဲ့ ဦးအေဝမ်းခေါ် ဦးမြတ်စိုးနှင့် ဒေါ်ရာဘီယာ (၄င်း ၏ ကိုယ်စားလှယ်စာရသူ မလှ မြင့်) ၁၉၈၆ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၂၈ အမှုမှာ ဦးအေဝမ်းက ဒေါ်ရာဘီယာ အပေါ် အိမ်ငှားတာဝန်ဖောက် ဖျက်မှုဖြင့် တိုက်ခန်းမှ ဖယ်ရှားပေး ရန် အိမ်နှင်လိုမှုစွဲဆိုခြင်းဖြစ် သည်။ ဒေါ်ရာဘီယာက မူလအိမ် ငှား ဦးမြဟန်ဆိုသူထံမှ အပျောက် စနစ်ဖြင့် ဝယ်ယူထားသော တိုက် ခန်းဖြစ်ကြောင်း တိုက်ခန်း အ ရောင်းအဝယ် ကတိစာချုပ်ကို သက်သေခံအဖြစ် တင်ပြသည်။ ဦးအေဝမ်းက တန်ဖိုးငွေသုံးသောင်း သုံးထောင်ဖြင့် ရောင်းချထားသော စာချုပ်ဖြစ်သဖြင့် စာချုပ်စာတမ်း မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၁၇ (၁) ပိုဒ်ခွဲ (ဃ) အရ ပစ္စည်းတန်ဖိုး ငွေကျပ် တစ်ရာအထက်တွင် ရှိ သဖြင့် မှတ်ပုံ မတင် မနေရသော စာချုပ်အမျိုးအစားတွင် ပါဝင် သောကြောင့် မှတ်ပုံတင်မထား၍ သက်သေခံအဖြစ် လက်မခံထိုက် ကြောင်း ကန့်ကွက်ခဲ့သည်။ တရား ရုံးချုပ်က ဆုံးဖြတ်သည်မှာ အချင်း ဖြစ် တိုက်ခန်း အရောင်းအဝယ် ကတိစာချုပ် ချုပ်ဆိုစဉ် အချိန်က ကတိ စာချုပ် ၌ ဦးမြဟန်သည် မိမိ ပိုင်ဆိုင်သော တိုက်ခန်းကို ဒေါ်ရာ ဘီယာအား ငွေကျပ်သုံးသောင်းသုံး ထောင်ဖြင့် ၅-၁ဝ-၁၉၈ဝ နေ့က အပြီးအပိုင် လွှဲပြောင်းရောင်းချ လိုက်သည်။ တိုက်ခန်း အမည် ပြောင်းခနှင့် အမည်ပြောင်းပေးရန် တာဝန်ယူသည်ဟု ဖော်ပြထား သည်။ ထို့ကြောင့် ကတိစာချုပ် ချုပ်ဆိုစဉ် အချိန်မှာ ဦးမြဟန်က ဒေါ်ရာဘီယာအားတိုက်ခန်း လွှဲ ပြောင်းမှု ဆုံးခန်းတိုင် မပြီးမြောက် သေးပေ။ ထိုစာချုပ်သည် ကတိ ပဋိညာဉ်အဆင့်သာရှိသေးသဖြင့် စာချုပ်စာတမ်းမှတ်ပုံတင် အက် ဥပဒေအရမှတ်ပုံ တင်ရန် မလိုအပ် ပါ”လို့ ဆုံးဖြတ်လမ်းညွှန်ထားခဲ့ တယ်။

“ဒီလိုဆိုရင် တိုက်ခန်းအ ရောင်းအဝယ် စာချုပ် ချုပ်ဆိုစဉ် မှာ ရောင်းသူက တာဝန်ယူမှု အ ပိုင်းတွေ ကျန်သေးရင် အရောင်း အဝယ် ကတိစာချုပ်အဖြစ်ပဲ ချုပ် ဆိုရမယ့် သဘောပေါ့နော်”

“မှန်ပါတယ်၊ နောက်တစ်မျိုး ကတော့ အပြီးအပိုင် အရောင်း အဝယ်စာချုပ် (Sale Deed) ဖြစ် တယ်”

“အဲဒါက အရောင်းအဝယ် အပြီးအပြတ် စာချုပ် ချုပ်တဲ့ သဘောပေါ့”

“ဟုတ်ပါတယ်။ ဘယ်လို ဆောင်ရွက်ပေးရမယ်ဆိုတဲ့ ကတိ အချက်တွေ မလိုတော့ဘူး၊ ပစ္စည်း တန်ဖိုးကို အကြေချေပြီး၊ ပစ္စည်းကို လက်ရောက်ရယူနေထိုင်တဲ့ အခြေ အနေမျိုးကို ဆိုလိုတယ်။ အဲဒီ အခြေအနေမျိုးဆိုရင်တော့ လက်ရှိ စာချုပ်စာတမ်းမှတ်ပုံတင် အက် ဥပဒေအရ ပစ္စည်းတန်ဖိုး ငွေကျပ် တစ်သိန်းနှင့်အထက် အရောင်း အဝယ်ပြုမယ်ဆိုရင် စာချုပ်စာ တမ်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ် ဆိုရမယ်လို့ ပြောရမှာဖြစ်တယ်၊ ဒါမှ ဥပဒေအရ တရားဝင်မှာဖြစ် တယ်”

“ဒါဆိုရင် မှတ်ပုံတင် စာချုပ် မဖြစ်မနေချုပ်ဆိုရမယ့် သဘော ပေါ့”

“ရှင်းအောင် ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးမောင်ခင်နှင့် ဦးထွန်းစိန်ပါ (၂) ၁၉၈ဝ မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ ၄၂ အမှုမှာ ဦးမောင် ခင်က ဦးထွန်းစိန်တို့နေသည့် တိုက်ခန်းသည် မိမိပိုင် တိုက်ခန်း ဖြစ်ကြောင်း မြွက်ဟကြေငြာ၍ လက်ရောက်ရ လိုကြောင်း တရားစွဲ ဆိုသည်။ ဦးထွန်းစိန်က အချင်း ဖြစ် တိုက်ခန်းကို ဦးမောင်ခင်က အမွေအဖြစ် ပေးထားပြီးဖြစ် ကြောင်း မှတ်ပုံတင် မထားသော စာချုပ်ကို တင်ပြသည်။ ယင်း စာချုပ်အရ မိမိတို့သည် အချင်း ဖြစ် တိုက်ခန်း၏ ပိုင်ရှင်များဖြစ် သည်ဟု တင်ပြခြင်းဖြစ်သည်။ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းနှင့် ပတ်သက််၍ လွှဲပြောင်းလာခြင်း ကိစ္စကို တင်ပြခြင်းဖြစ်သဖြင့် မှတ် ပုံတင် အက်ဥပဒေပုဒ်မ ၄၉ အပို၌ (ဂ) အရ၊ မှတ်ပုံတင်ရမည်ဖြစ် သောကြောင့် သက်သေခံအဖြစ် လက်မခံနိုင်ကြောင်း ဥပဒေနှင့် အညီတရားဝင်လွှဲပြောင်းရယူခြင်း မဟုတ်ကြောင်း ဆုံးဖြတ်ညွှန်ပြခဲ့ပါ တယ်။


ဒါကြောင့် အရောင်းအ ဝယ်ပဲဖြစ်ဖြစ်၊ အမွေပေးခြင်းနဲ့ပဲ ဖြစ်ဖြစ်၊ တစ်နည်းနည်းနဲ့ မရွှေ့မ ပြောင်းနိုင်သော ပစ္စည်းကို ပိုင်ရှင် က တစ်ဦးတစ်ယောက်ကို လွှဲ ပြောင်းပေးမယ်ဆိုရင် မှတ်ပုံတင် စာချုပ် ချုပ်ဆိုမှ ဥပဒေနဲ့အညီ တရားဝင်မှာဖြစ်တယ်။ တစ်ခုရှိ တာက အပျောက်စနစ်နဲ့ တိုက်ခန်း တွေ လွှဲပြောင်းရောင်းချရင် မှတ်ပုံ တင် စာချုပ် ချုပ်ရမယ်လို့ ကွန်ဒို ဥပဒေလို အတိအကျပြဋ္ဌာန်းထား တဲ့ ဥပဒေတော့ မရှိဘူး”

“ကွန်ဒို တိုက်ခန်းတွေမှာ တော့ အတိအကျ ပြဋ္ဌာန်းထားတာ ရှိတယ်ပေါ့”

“ရှိတယ်၊ ရောင်းချခြင်း အပါ အဝင် တိုက်ခန်းကို ပေးကမ်းစွန့် လွှတ်စတဲ့ တစ်နည်းနည်းနဲ့ လွှဲ ပြောင်းရင် မှတ်ပုံတင်စာချုပ် ချုပ် ဆိုရမယ်လို့ (ကွန်ဒို) စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းထားတယ်။ ဒါကြောင့် တိုက်ခန်းတွေ ရောင်း ဝယ်လွှဲပြောင်းတဲ့အခါ ဥပဒေ ဘောင်အတွင်းကနေ ရောင်းသူက ပြုလုပ်ပေးရမယ့် တာဝန်များပါရှိ တဲ့ တိုက်ခန်း အရောင်းအဝယ် ကတိစာချုပ်တွေကိုသာ ချုပ်ဆိုကြ တာဖြစ်တယ်”လို့ ရှင်းပြလိုက်မိပါသည်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

လူနေထိုင်ခွင့်မရသေးသည့် တိုက်တွင် ငှားရမ်းနေထိုင်ခဲ့လျှင်

အိမ်ခြံမြေ တိုက်ခန်း ဝယ်ယူသူတို့၏ ဥပဒေပါ အခွင့်အရေး

စရန်ငွေ ပေးချေခြင်းနှင့် ဥပဒေပါ အခွင့်အရေး

အိမ်ခြံမြေကို ပေါင်မယ်ဆိုရင်

Credit By : ထီယု (ဥပဒေအတိုင်ပင်ခံ) Zaygwet Journal
Posted By : Ra Wai, ShweProperty.com