အိမ်ရဲ့ စီးပွားလာဘ်လာဘတိုးစေတဲ့ နည်းလမ်းကောင်းများကို သိထားရန်လိုအပ်သလို ဆန့်ကျင်ဘက်အနေနဲ့ ရှောင်ဖယ်သင့်သော အရင်းအမြစ်များကို သိထားခြင်းကလည်း မိမိအိမ်ရဲ့ အကျိုးကို ပိုဖြစ်ထွန်းစေနိုင်ပါသည်။
 
 
အိမ်အဝင်တံခါးမကြီးနဲ့ နောက်ဖေးတံခါး တည့်တည့်ဖြစ်နေသော် ငွေဘယ်လောက်ပဲ ဝင်ဝင် စုမိဖို့ရာ ခက်ခဲတတ်ပါသည်။ တံခါးမကြီးနဲ့ နောက်ဖေးတံခါး တိုးလျှိုပေါက် တည့်တည့်ဖြစ်လေ ငွေဘယ်လောက်ရှာရှာ ခက်ခဲတတ်သည်။ ယတြာသဘောအနေနဲ့ အလယ်မှာ လိုက်ကာခြား ကာကွယ်နိုင်ပါသည်ဟု ဆိုသည်။
 
 
အိမ်ဘေး၊ အိမ်ရှေ့တွေမှာ စိုက်ပျိုးထားတဲ့ အပင်များရဲ့ အကိုင်းအခက်များသည် အိမ်အမိုးပေါ်ကျနေပြီး၊ လေတိုက်သည့်အခါ ပွတ်တိုက်အသံထွက်နေပါက အိမ်ခေါင်ပေါ် တံမြက်စည်းလှည်းသကဲ့သို့ ဖြစ်ပြီး ရှာသမျှ စီးပွားဉစ္စာ မမြဲဖြစ်တတ်ပါသည်။ ဒီတော့ အပင်အကိုင်းအခက်တွေကို အမိုးနဲ့ မထိရလေအောင် ကြိုတင်ရှင်းလင်း ခုတ်ထစ်ထားသင့်ပါသည်။
 
 

 
 
ရှေးယခင်ချိန်များကတော့ “လှေဦးတိုက်၊ လှည်းဦးတိုက်”အိမ်တွေဟာ နေဖို့ရာမသင့်လျော်ဘူး၊ ကျန်းမာရေး ထိခိုက်နိုင်တယ်၊ စီးပွားရေးကျဆင်းခြင်း၊ လုပ်ငန်းအဆင်မပြေဖြစ်ခြင်း၊ အမှုအခင်းများနှင့် ကြုံတွေ့တတ်သည်ဟု အယူအဆလည်းရှိသည်။
 
 
သင်၏အိမ်သည် ထိုသို့ လှေဦး၊ လှည်းဦးတိုက်ရာအရပ်တွင် ကျရောက်နေပါက မာန်ဖီနေတဲ့ ကျားဟိန်းတစ်ကောင်ပုံတူရေးဆွဲပြီး ချိတ်ဆွဲခြင်းဖြင့် ယတြာချေနိုင်သည်ဟု ဆိုသည်။
 
 
အိမ်ရှေ့မျက်နှာစာတွင် ရေအိုးစင်တည်ခြင်း၊ ကြည့်မှန်ဆောင်ခြင်းလည်း ပြုလုပ်နိုင်သည်ဟု သိရပါသည်။အခက်အခဲမှန်သမျှ ကင်းပျောက်သွားစေနိုင်သည့် ရှေးယခင်အစီအရင်တစ်ခုလည်းဖြစ်သည်။
 
 
လာဘ်ရွှင်စေဖို့ဆို မိမိတို့နေအိမ်ရှိ ဘုရားကျောင်းဆောင်တွင်လည်းကောင်း၊ မြင်သာထင်သာရှိသောအမြင့်တစ်နေရာတွင်လည်းကောင်း အောက်ပါ နေ့နံအလိုက်အဆောင်များကို ချိတ်ဆွဲသင့်ပါသည်။
 
 

 
 
တနင်္ဂနွေ - အိုးစည်ရုပ်တု
 
 
တနင်္လာ - ကလပ်ပေါ် ခေါင်းလောင်းတင်ပါ
 
 
အင်္ဂါ -   ဆင်ဖြူတော်ရုပ်တု
 
 
ဗုဒ္ဓဟူး - ရွှေဟင်္သာရုပ်တု
 
 
ကြာသပတေး - ပစ်တိုင်းထောင်ရုပ်တု
 
 
သောကြာ - သဲအိုး
 
 
စနေ - တံခွန် (၉) လက်
 
 
မိမိတို့၏ မွေးနေ့ကျသောရက်၊ နံနက် ၉နာရီ ၄၅ မိနစ် တိတိချိန်တွင် ချိတ်ဆွဲရန်တော့ လိုပါမည်။
 
 
ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
 
လက်ရှိ သင်နေထိုင်တဲ့အိမ်က စီးပွားတက်မည့်အိမ် ဟုတ်၊မဟုတ် ကြည့်မယ်

စီးပွားဥစ္စာ တိုးပွားစေဖို့ ဒီနေ့ ၊ဒီလတွေကိုရွေးပြီး အိမ်ဆောက်ပါ

အိမ်နံပါတ်နှင့် သင့် ကံကြမ္မာ

 
Posted By : Sint Sint (ShweProperty.com)