စာရဲ့ အဆုံးထိဖတ်ရှုပြီးသွားရင်တော့ ယခင် သင်နေနေကျ အိမ်လေးကို ငွေကြေးအကုန်အကျနည်းနည်းနဲ့ အိမ်အသစ်ကဲ့သို့ ဖန်တီးပြောင်းလဲနိုင်မည့် စိတ်ကူးစိတ်သန်းကောင်းများစွာ ပေါ်ထွက်လာစေမည်ဟု ရည်ရွယ်ပါသည်။
 
 
၁။ ပန်းချီကားချပ်၊ ဓာတ်ပုံများချိတ်ဆွဲထားရှိပါ
 
 
သင့်ရဲ့ စိတ်ကူးထဲကအတိုင်း ရှုခင်းပုံ ဖြစ်စေ၊ သင့်အကြိုက်ပန်းချီတစ်ချပ်ဖြစ်စေ နံရံပေါ် ချိတ်ဆွဲအလှဆင်ပါ။ အိမ်နံရံများကို ဟာလာဟင်းလင်းအတိုင်းထားရှိခြင်းထက် အနုပညာမြောက်တဲ့ ရုပ်ပုံပန်းချီကားချပ်များ ချိတ်ဆွဲကာ အလှဆင်ပါက ကြည့်ရှုသူကိုလည်း စိတ်ကူးဉာဏ်ကွန့်မြူးစေသည်။
 
 
၂။ ကြည့်မှန်များ တပ်ဆင်အလှဆင်ပါ
 
 
ကြည့်မှန်များထားရှိခြင်းဖြင့် အခန်းတွင်းအလင်းရောင်ပို ရရှိစေနိုင်ပြီး အခန်းပုံစံကို ပိုပြီး ကျယ်လာသယောင် ခံစားရစေပါသည်။
 
 

 
 
၃။  ဘီးတပ်ကိရိယာများ အသုံးပြုပေးပါ
 
 
ဆိုလိုသည်မှာ ပရိဘောဂများကို တသတ်မတ်တည်း ထားရှိခြင်းထက် မကြာခဏ နေရာအပြောင်းအရွှေ့ထားရှိခြင်းဖြင့် နေနေကျအိမ်ဖြစ်သော်လည်း တစ်မျိုးဆန်းသစ်မှုကို ပေးစွမ်းနိုင်သည်။ ဉပမာ - အောက်ခြေတွင် ဘီးတပ်ဆင်ထားသော စားပွဲခုံ၊ ထိုင်ခုံ၊ ဘီရို၊ အိပ်ရာများကို အသုံးပြုခြင်းဖြင့် ရွှေ့ရာတွင်လည်း လွယ်ကူစေနိုင်တဲ့ အပြင် သန့်ရှင်းရေးပြုလုပ်ရာတွင်လည်း လူပိုမလို မိမိဘာသာ နိုင်နိုင်နင်းနင်းစီမံနိုင်မည်။
 
 
၄။ Wallpaper များနဲ့ အလှဆင်နည်း
 
 
အခန်းတွင်းနံရံ ဆေးပြန်သုတ်ပါက ပေပွမှု ပိုများနိုင်သလို အချိန်လည်းပိုပေးရမည်ဖြစ်သည်။ ဒါ့အပြင် အိမ်သုတ်ဆေးအနံ့များနဲ့ ပျောက်ရန်နှင့် ဆေးသားခြောက်ရန်လည်း အချိန်ယူရပေမည်။ သို့ဖြစ်ပါ၍ အိပ်ခန်း၊ ဧည့်ခန်းများကို ပြန်လည်မွမ်းမံတဲ့အခါ အကောင်းဆုံးနဲ့ အသက်သာဆုံးနည်းလမ်းမှာ နံရံကပ် အလှစက္ကူများ ပြောင်းလဲတပ်ဆင်ခြင်းပင်ဖြစ်ပါသည်။
 
 
 ၅။ အလှစိုက်အပင်အိုးများ ထားရှိပါ
 
 
အပင်အိုးထားရှိခြင်းဖြင့် မျက်စိပဒေသာအလှကိုလည်း တိုးပွားစေနိုင်သလို အခန်းတွင်းလေထုကိုပါ အေးမြသန့်စင်ပေးနိုင်သေးသည်။ အခန်းတွင်း ပြတင်းပေါက်နားဖြစ်စေ၊ နေရောင်အလွယ်တကူရောက်နိုင်သော နေရာတွင် အပင်များ ထားရှိခြင်းဖြင့် အခန်းရဲ့ အလှမှာလည်း ပိုမိုပေါ်လွင်သွားပေမည်။ ထိုသို့ အလှဆင်ခြင်းဖြင့် ငွေကြေးကုန်ကျမှုနှုန်းကိုလည်း အထိုက်အလျော့ လျှော့ချပေးနိုင်ပါသည်။
 
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
လေလည်းသန့်၊ လာဘ်လည်းပွင့်စေတဲ့ အိမ်တွင်းစိုက်အပင်ငယ်များ
 
အညံ့တွေပြုံစေလို့ အိမ်ပတ်ဝန်းကျင်တွင် မစိုက်သင့်သော အပင်တစ်ချို့
 
ဧည့်သည်များကိုပါ အထင်ကြီးသွားစေနိုင်မယ့် အိမ်ခန်း အပြင်အဆင်
 
နေချင်စဖွယ်အိမ်လေးဖြစ်စေဖို့ရာ လက်ရန်းနှင့် လှေကားထစ်များ အလှဆင်နည်း
 
Written By: Aye Sandar , Shweproperty.com
Posted By: Sint Sint, ShweProperty.com