အိမ်သန့်ရှင်းရေး အခန်းသန့်ရှင်းရေးလုပ်တယ်ဆိုတာ အပေါ်ယံကြည့်ရင်တော့ သာမာန်နေ့တဒူဝအလုပ်တစ်ခုပဲလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် အများစုမသိကြတာက အိမ်သန့်ရှင်းရေးလုပ်ခြင်းက ကျန်းမာရေးပိုကောင်းစေသလို စိတ်ခံစားမှုအပေါ်လည်း ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုရှိပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေလဲဆိုတော့
 
(၁) စိတ်ပျော်ရွှင်စေတယ်
 
အိမ်ထဲက မလိုတော့တဲ့ပစ္စည်းတွေရှင်းသွားတဲ့အတွက် စိတ်ခံစားမှုပိုကောင်းစေပြီး သပ်သပ်ရပ်ရပ် ရှင်းရှင်းလင်းလင်းရှိနေတဲ့ သင့်အိမ်ရဲ့မြင်ကွင်းက သင့်စိတ်ကိုပျော်ရွှင်လာစေမှာသေချာပါတယ်။
 
(၂) စိတ်ဖိစီးမှုတွေလျော့စေတယ်
 
အိမ်သန့်ရှင်းရေးလုပ်တဲ့အခါ ခန္ဓာကိုယ်ကိုလှုပ်လှုပ်ရှားရှား လုပ်ပေးရတဲ့အတွက် သွေးလည်ပတ်မှုပိုမိုကောင်းမွန်စေပြီး စိတ်ဖိစီးခြင်း စိတ်ခံစားချက်မကောင်းခြင်းများကို လျော့ကျသက်သာစေနိုင်ပါတယ်။



(၃) ဖန်တီမှုးစွမ်းရည်ကောင်းစေတယ်
 
ရှုပ်ပွနေတဲ့ နေအိမ်ဝန်းကျင်နဲ့ အိမ်ခန်းအတွင်းကမလိုအပ်တဲ့ပစ္စည်းတွေက သင့်ကိုအာရုံစူးစိုက်ဖို့ခက်ခဲစေတဲ့အတွက် စိတ်ရှုပ်ထွေးပင်ပန်းရခြင်းတွေကိုဖြစ်စေပါတယ်။ နေအိမ်ခန်းကို သပ်သပ်ရပ်ရပ်ရှင်းလင်းထားလိုက်မယ်ဆိုရင်တော့ စိတ်ခံစားမှုကောင်းမွန်ပြီး အတွေးအခေါ်အသစ်တွေ ဖန်းတီးမှုစွမ်းရည်တွေပါတိုးတက်လာစေမှာပါ။
 
(၄) ကောင်းကောင်းအိပ်ပျော်တယ်
 
ညအိပ်တဲ့အခါ သင့်အိပ်ခန်းထဲမှာပစ္စည်းတွေနဲ့ရှုပ်နေတာကို မျက်စိမှိတ်ထားလို့မမြင်ရပေမယ့် သင့်စိတ်ကတော့ ဒီအရှုပ်အထွေးတွေကိုခံစားမိပါတယ်။ သင်အိပ်ရာနဲ့အိပ်ခန်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ရှင်းလင်း လိုက်တာက သင့်ကိုပိုမိုကောင်းမွန်စွာအိပ်ပျော်စေမှာဖြစ်ပါတယ်။
 

ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
 
နိမိတ်ကောင်းများ ရောင်ပြန်ဟပ်စေမည့် အိမ်ခန်း မှန် ချိတ်ဆွဲနည်း

အိမ်မှာနေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းတွေမှာ ပုန်းကွယ်နေတဲ့ ထိပ်တန်းလျှို့ဝှက်ချက်များ

အစွန်းဟူသမျှ ချွတ်ပေးနိုင်မည့် အိမ်တွင်းနည်းလမ်းများ

အိမ်ပြောင်းတဲ့အခါ ကွဲတတ်တဲ့ပစ္စည်းတွေမကွဲအောင် ဘယ်လိုထုတ်ပိုးရမလဲ?

Credit By: Kwee
Posted By : Ra Wai, ShweProperty.com