By 7daydaily, Shweproperty.com
Updated at 8 December 2016
မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းရခြင်းသည် ပြည် တွင်း၊ ပြည်ပအခြေအနေနှစ်ရပ် စလုံးကြောင့်ဖြစ်ကြောင်း မြန်မာ နိုင်ငံတော် ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြည် ထောင်စုလွှတ်တော်၌ ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားသည်။
ပြည်တွင်းအခြေအနေသည် ဘတ်ဂျက်လိုငွေမြင့်မားလာခြင်း၊ ပြည်ပကုန်သွယ်မှု လိုငွေမှာ ၂၀၁၄ ဇန်နဝါရီကစ၍ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး သာမန်စာရင်းလိုငွေ ဖြစ်ပေါ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း၎င်းက ရှင်းပြသည်။ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများအပါအဝင် ပြည်ပမှ နိုင်ငံခြားငွေစီးဝင်မှုသည် ပြည်တွင်းနိုင်ငံခြားငွေလိုအပ်ချက်ကိုပြည့်မီအောင် လုံလောက်မှုမရှိကြောင်း ရှင်းပြသည်။
ပြည်ပအခြေအနေမှာ အမေ ရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းမြှင့်တင်မည့် မူဝါဒကြောင့် အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက် ကြောင်း ဒေါ်ခင်စောဦးက ဆိုသည်။ တရုတ်နိုင်ငံက ယွမ်ငွေတန် ဖိုးချခြင်း၊ ကမ္ဘာ့ရွှေဈေးမြင့်တက် ခြင်းတို့သည် ဒေသတွင်း နိုင်ငံများ နည်းတူ မြန်မာကျပ်ငွေတန်ဖိုးကျ ဆင်းသည့် အကြောင်းရင်းများဖြစ် ကြောင်း ၎င်းက ဆိုသည်။
ကုန်ထုတ်လုပ်မှု တိုးမြှင့် ခြင်း၊ ပို့ကုန်တိုးမြှင့်ရေးအကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နောင်လာမည့်ကာလများ၌ (ကာလလတ်)နိုင် ငံခြားငွေပေး ငွေယူရှင်းတမ်း အခြေအနေကောင်းမွန် လာပြီး နိုင်ငံခြားသုံး ငွေဝယ်လို အားနှင့် ရောင်းလိုအား မျှတလာ ပါက ကျပ်ငွေတန် ဖိုးခိုင်မာလာ မည်ဖြစ်ကြောင်း ဒေါ်ခင်စောဦး က ပြောသည်။ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းတွင် အားနည်းချက်များရှိသကဲ့သို့ အားသာချက် များရှိကြောင်း ၎င်းကဆိုသည်။ ကျပ်ငွေတန်ဖိုးကျဆင်းပါက ပြည်ပတင်ပို့မှုယှဉ်ပြိုင်နိုင်စွမ်းမြင့်ပြီး ပို့ကုန်တင်ပို့သူများအတွက် အားသာသည့် အခြေအနေဟု ဆိုသည်။
သို့သော် သွင်းကုန်တွင် ကုန်ကျစရိတ်ပိုမိုမြင့်မားပြီး ငွေဖောင်းပွမှုနှုန်းဖိအားကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိအခြေအနေတွင် ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲ လှယ်နှုန်း၏ နေ့စဉ်အတက်အကျ ပြောင်းလဲမှုကို နည်းနိုင်သမျှနည်း စေရန်နှင့် ငွေလဲလှယ်နှုန်းများ၏ ကွာဟချက်ကို ၂ ရာခိုင်နှုန်း ဘောင်အတွင်းရှိနေရန် အဓိကထားဆောင်ရွက်နေသည်ဟုဆိုသည်။
၂၀၁၅ မတ်လကုန်အထိ မြန်မာနိုင်ငံ စုစုပေါင်းနိုင်ငံခြားသုံး သီးသန့်ငွေပမာဏသည် အမေရိ ကန်ဒေါ်လာ ၁၀ ဒသမ ၀၃ ဘီလီ ယံရှိပြီး နိုင်ငံပိုင်နိုင်ငံခြားသုံးသီးသန့်ငွေပမာဏသည် အမေရိကန်ဒေါ်လာ၅ ဒသမ ၄၉ ဘီလီယံရှိကာ ဗဟိုဘဏ်၏ လက်ဝယ်တွင် ၈၇ ရာခိုင်နှုန်းအထိ ရှိသည်။
ပုဂ္ဂလိကပိုင် နိုင်ငံခြားသုံး သီးသန့်ငွေပမာဏမှာ အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၅၄ ဘီလီ ယံရှိပြီး နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကပိုင်ဘဏ်များ၏ လက် ဝယ်တွင်ရှိသည်ဟုဆိုသည်။
Ref : 7daydaily
Photo Credit : Social
Posted By : Htet Mhuu'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ