ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီ အမိန့် ကြေညာစာအမှတ် ၉/၉၉ ဖြင့် ထုတ်ပြန်ထားသော အဆောက် အအုံဆိုင်ရာ နည်းဥပဒေ အပိုဒ် ၂(ဂ) တွင် အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း ဆိုသည်မှာ အဆောက်အအုံတစ်ခုခုကို အ သစ်ဆောက် လုပ်ခြင်း၊ တိုးချဲ့ ဆောက်လုပ်ခြင်း၊ အကြီးစား သို့မ ဟုတ် အသေးစား ပြင်ဆင်ခြင်း သို့မဟုတ် ခြံစည်းရိုးကို မည်သည့် ပစ္စည်းဖြင့် ဖြစ်စေ၊ ကာရံခြင်း၊ ဖြိုချက်ခြင်းတို့ကို ဆိုလိုသည်ဟု ဖော် ပြထားပေသည်။ထို့ပြင် အဆောက်အအုံ ဆိုင်ရာ နည်းဥပဒေ အပိုဒ် (၇၆) တွင် မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ခြင်း မပြုရဟု ပြဋ္ဌာန်းထားပေသည်။

ရန်ကုန်မြို့တော် စည် ပင်သာယာရေး ဥပဒေပုဒ်မ (၂၈) တွင် မည်သူမဆို ဤဥပဒေ ထုတ် ပြန်သည့် နည်းဥပဒေတစ်ရပ်ရပ် ကို ဖောက်ဖျက်ကျူးလွန်ကြောင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ထောင်ဒဏ် (၁) နှစ်အထိဖြစ်စေ၊ ငွေဒဏ် ငါး သောင်းထိဖြစ်စေ၊ ဒဏ်ငွေနှစ်ရပ် စလုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော် ပြထားသည်။ ဤသည်နှင့် ပတ်သက် ၍ ” ဒေါ်ကျင်လှနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ (၂ဝဝ၉) ခုနှစ် မြန်မာ နိုင်ငံ တရားစီရင်ထုံး စာမျက်နှာ (၁) အမှုမှာ ရန်ကုန်မြို့၊ ပုဇွန် တောင်မြို့နယ်၊ စည်ပင်သာယာ တရားရုံးတွင် တရားခံ ဒေါ်ကျင်လှ အပေါ် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ဥပဒေပုဒ်မ (၂၈) အရ ငွေဒဏ် သုံးသောင်းကျပ် ပေး ဆောင်စေရန်နှင့် ငွေဒဏ်မဆောင် ပျက်ကွက်က ထောင်ဒဏ်သုံးလ ကျခံစေရန် အမိန့်ချခဲ့သည်။ ယင်းအမိန့်ကို ဒေါ်ကျင်လှက မကျေနပ်သဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး၊ ရန်ကုန်တိုင်း တရားရုံးနှင့် တရားရုံးချုပ်သို့ ပြင် ဆင်မှု တင်သွင်းရာ အောင်မြင်မှု မရသောကြောင့် အထူးအယူခံ ခုံရုံးသို့ အယူခံဝင်လာသောအမှု ဖြစ်သည်။

အထူးအယူခံခုံရုံးက သုံး သပ်ဆုံးဖြတ်သည်မှာ ယခုအမှု သည် တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်၊သမိန်ဗရမ်းလမ်း၊ အမှတ် (၄၁) နေ ဒေါ်ကျင်လှက ၄င်းပိုင် ဆိုင်သော တစ်ထပ် (ပျဉ်/အုတ်)အဆောက်အအုံအား နောက်ဘက် ရှိ (မီးဖိုဆောင်၊ ရေချိုးခန်း၊ အိမ် သာပါ) အုတ်တိုက်အားချန်လှပ် ပြီး ရှေ့ဘက်ပိုင်းရှိ တစ်ထပ်ပျဉ် ထောင်အား ဖျက်၍ ၁၄ ပေ၊ ၆ လက်မ x ၄ဝ ပေရှိ တစ်ထပ်တိုက် အဆောက်အအုံကို ခွင့်ပြုချက်မဲ့ တိုးချဲ့ဆောက်လုပ်နေမှုအား စစ် ဆေးတွေ့ရှိသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ (၂၈) အရ အရေးယူပေးရန် စည် ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ ဒေါ်စန်းစန်းတင့်က ဦးတိုက် လျှောက်ထား စွဲဆိုသောအမှု ဖြစ် သည်။ တာမွေမြို့နယ် စည်ပင် သာယာ အုပ်ချုပ်ရေးမှူးရုံးမှ မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက အချင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ တရားခံ ဒေါ်ကျင်လှ ၏ တစ်ထပ်ပျဉ်ထောင် နေအိမ် အရှေ့ဘက်ပိုင်းအား စည်ပင်သာ ယာ၏ ခွင့်ပြုချက် မရရှိဘဲ ပြင် ဆင်ဆောက်လုပ်ခဲ့ကြောင်းကို စစ် ဆေးတွေ့ရှိ၍ ဒေါ်ကျင်လှထံ အကြောင်းကြားစာ ပေးပို့ခဲ့ ကြောင်း ထွက်ဆိုထားသည်။

တာမွေမြို့နယ် စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးမှ (ယာ/ အုံ) တာဝန်ခံ ဦးရဲဝင်းက ကွင်း ဆင်းစစ်ဆေးရာတွင် ဒေါ်ကျင်လှ သည် ၎င်းနေအိမ်၏ အနောက် ဘက် တစ်ထပ်ပျဉ်ထောင် အရှေ့ ဘက်ပိုင်းအား ဖျက်၍ အကျယ် ၁၄ ပေ၊ ၆ လက်မ x ၄ဝ ပေ တစ်ထပ်တိုက် အဆောက်အအုံကို ခွင့်ပြုချက်မဲ့ ဆောက်လုပ်နေသည် ကိုတွေ့ရ၍ အုပ်ချုပ်ရေးမှူး၏ နို့ တစ်စာကို ဒေါ်ကျင်လှအား ပေးခဲ့ကြောင်း၊ လိုက်နာခြင်း မရှိ၍ဒေါ်စန်းစန်းတင့်ထံ တင်ပြရာဒေါ်စန်းစန်းတင့်ကဒေါ်ကျင်လှအပေါ်ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးဥပဒေ ပုဒ်မ (၂၈) ဖြင့် တရားလိုပြုလုပ် တရားစွဲဆိုကြောင်း ထွက်ဆိုထားသည်။ တရားခံ ဒေါ်ကျင်လှက အခင်းဖြစ်အိမ်ကို ဆောက်လုပ်နေ စဉ် မြို့နယ်စည်ပင်သာယာရေးရုံး မှ တာဝန်ခံအရာရှိ ဦးရဲဝင်းရောက်ရှိလာ၍ သိရှိသွားကြောင်း၊ အိမ်ပြင်ဆင် ဆောက်လုပ်ခြင်း အပေါ် ရပ်ကွက်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ကန့် ကွက်ရန် မရှိကြောင်း ထောက်ခံ ချက်နှင့် အိမ်နီးချင်းထောက်ခံချက် များကို ဦးရဲဝင်းထံ ပေးခဲ့ကြောင်း ထွက်ဆိုသည်။


ဦးရဲဝင်းက ရ.ယ.ကရုံး ၏ အဆောက်အအုံ ဆောက်လုပ် သည့် ထောက်ခံစာနှင့် အိမ်နီးနား ချင်း ပတ်ဝန်းကျင် ထောက်ခံစာ ကို ကျွန်တော့်အား ပေးခဲ့ဖူးသည် ကို မှတ်မိပါသလားဆိုလျှင် မမှတ် မိကြောင်း ထွက်ဆိုထားသည်။ အိမ်နီးနားချင်းဖြစ်သူ ဦး သိန်းနိုင်က ဒေါ်ကျင်လှနှင့်အိမ်နီးနားချင်းဖြစ်၍ဒေါ်ကျင်လှအိမ်ပြင်ဆင်ဆောက်လုပ်ရာတွင် ကန့်ကွက်ရန်မရှိကြောင်းစာအား ဦး မောင်မောင်သန်း အား ပေးခဲ့သည် ဟူသော ထွက်ဆိုချက် ရှိသဖြင့် ဒေါ်ကျင်လှက ဦးရဲဝင်းထံ ပေးခဲ့ သည်ဟူသော ထွက်ဆိုချက်နှင့် ကွဲ လွဲလျက် ရှိသည်။ သို့ဖြစ်၍ တရားခံ ဒေါ်ကျင်လှ၏ တင်ပြချက်ကို လက်ခံစဉ်းစားရန် မဖြစ်နိုင်ပေ။ တရားခံ ဒေါ်ကျင်လှ သည် ခွင့်ပြုမဲ့ အဆောက်အအုံကို တိုးချဲ့ဆောက်လုပ်ခြင်းမှာ ထင်ရှား နေပြီး ရန်ကုန်မြို့တော် စည်ပင် သာယာရေးဆိုင်ရာ နည်းဥပဒေ ပြဋ္ဌာန်းချက် များကို ချိုးဖောက်ခြင်းဖြစ်သဖြင့် ရန်ကုန်မြို့တော် စည် င်သာယာရေး ဥပဒေပုဒ်မ (၂၈) ကိုကျူးလွန်ကြောင်း ပေါ်လွင်ထင် ရှားနေ သည်။ ထို့ကြောင့် တာမွေမြို့ နယ် စည်ပင်သာယာရေးအဖွဲ့က တရားခံ ဒေါ်ကျင်လှအပေါ် စွဲဆို မှုတွင် ဒေါ်ကျင်လှအပေါ် ချမှတ်ခဲ့ သော မြို့နယ်တရားရုံး၏ အမိန့်နှင့် ယင်းအမိန့်ကို အတည်ပြုခဲ့ သော တရားရုံးအဆင့်ဆင့်၏ အမိန့်မှာ မှားယွင်းခြင်း မရှိသဖြင့် ဤအထူးအယူခံမှုကို ပလပ် ကြောင်း အမိန့်ချမှတ်ခဲ့ပေသည်။

ဤတွင် နောက်ဆက်တွဲဖြစ်ပေါ်တတ်သည်မှာ အဆောက် အအုံကို ခွင့်ပြုချက်မရဘဲ တိုးချဲ့ ပြင်ဆင် အခိုင်အမာ ဆောက်လုပ် ခြင်းကြောင့် စည်ပင်သာယာရေး ဥပဒေအရ အရေးယူ အပြစ်ပေးခံ ရသူသည် ‘အိမ်ငှားဖြစ်ပါက’ အိမ် ရှင်မှ အိမ်ငှား၏ တာဝန်ဖောက် ဖျက်မှုဖြင့် အိမ်နှင်လိုမှု စွဲဆိုပြီး နေ အိမ်မှ ဖယ်ရှားခြင်း ခံရတတ်ပါ သည်။ အလားတူပင် တိုက်ခန်း များတွင်လည်း သက်ဆိုင်ရာမှ ခွင့် ပြုချက်နှင့် မြေရှင် (အိမ်ရှင်) တို့ ၏ ခွင့်ပြုချက် မရှိဘဲ တိုက်ခန်း အတွင်း တိုးချဲ့ပြင်ဆင်ပါက မြေ ရှင် (အိမ်ရှင်) တို့မှ အိမ်နှင်လိုမှု စွဲဆိုခွင့် ရှိသွားမည် ဖြစ်သည်။ ဤသည်နှင့် ပတ်သက် ၍ ‘ဒေါ်အမာနှင့် ဦးကျော်ဝင်း (၄င်း၏ ကိုယ်စားလှယ် ဒေါ်ခင်နွဲ့) ၁၉၉၉ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ (၂၁၆)’ အမှု မှာ ရန်ကုန်တိုင်း၊ ကျောက်တံတား မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်း၊ အမှတ် (၂၈၅) ဟု ခေါ်တွင်သော နှစ်ထပ် အိမ်၏ မြေညီထပ်အခန်းကို အိမ် ရှင် ဦးကျော်ဝင်းက အိမ်ငှား ဒေါ် အမာအား ငှားရမ်းထားသည်။

အိမ် ငှား ဒေါ်အမာသည် အိမ်ရှင်၏ ခွင့်ပြုချက် မရရှိဘဲ တိုက်နံရံကို ဖောက်ထွင်း၍ ထပ်ခိုးပြုလုပ်သဖြင့် ဦးကျော်ဝင်းက ဒေါ်အမာ အပေါ် အိမ်ငှားတာဝန်ဖောက် ဖျက်မှု ကျူးလွန်သည်ဆိုကာ မြို့ပြ ဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၂ (၁)(က)၊ နှင့် (ဂ) တို့အရ အိမ်ခန်းမှ ဖယ်ရှား ပေးစေလိုမှု စွဲဆိုသည်။ မြို့နယ်တရားရုံးက စွဲဆို သည့် အမှုကို ပလပ်ခဲ့သဖြင့် ဦး ကျော်ဝင်းက ရန်ကုန်တိုင်းတရားရုံး သို့ အယူခံဝင်ရာ အောင်မြင်ခြင်း မရှိ၍ တရားရုံးချုပ်သို့ ဆက်လက် အယူခံဝင်ရောက်သည့်အခါ တရား ရုံးချုပ်က တိုင်းတရားရုံးနှင့် မြို့နယ် တရားရုံးတို့၏ စီရင်ချက်နှင့် ဒီဂရီ ကို ပယ်ဖျက်၍ ဦးကျော်ဝင်း စွဲဆို သည့်အတိုင်း အနိုင်ဒီဂရီ ချမှတ် ပေးလိုက်သည်။ ဤတွင် ဒေါ်အမာက တရားရုံးချုပ်၏ စီရင်ချက်နှင့် အမိန့်အပေါ် အထူးအယူခံခုံရုံးသို့ အယူခံ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ အထူးအယူခံခုံရုံးက သုံး သပ်ဆုံးဖြတ်သည်မှာ မူလတရား လို ဦးကျော်ဝင်းက အချင်းဖြစ် ဥပစာ တည်ရှိရာဒေသတွင် အိမ်ငှား က အိမ်ရှင်သဘောမတူဘဲ ထပ် ခိုးဆောက်လုပ်နိုင်သည့် ဓလေ့ထုံး စံမရှိကြောင်း အခိုင်အမာ သက်သေအထောက် အထားများ တင်ပြ ခဲ့သည်။

တရားပြိုင် ဒေါ်အမာက အချင်းဖြစ်ဒေသတွင် အချို့ အဆောက်အအုံများ၌ ထပ်ခိုးများ ရှိကြောင်းသာ တင်ပြပြီး ယင်းထပ် ခိုးများကို အိမ်ငှားများက အိမ်ရှင် သဘောတူညီချက် မရဘဲ ဆောက် လုပ်ခြင်းဖြစ်ကြောင်း၊ တစ်စုံတစ် ရာ တင်ပြနိုင်ခြင်း မရှိပေ။ ထို့ပြင် မြို့နယ်စည်ပင်သာယာ အုပ်ချုပ် ရေးရုံးသို့ ခွင့်ပြုချက် တောင်းခံ ခြင်းလည်း မတွေ့ရပေ။ ထို့ကြောင့် အချင်းဖြစ် ဥပစာ တည်ရှိရာ ဒေသတွင် အိမ် ငှားက အိမ်ရှင်သဘောမတူဘဲ ထပ်ခိုးဆောက်လုပ်သည့် ဓလေ့ထုံးစံမရှိကြောင်း ပေါ်လွင်ထင်ရှား သည်။ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ (၁ဝ၈) တွင် အခြားနည်း ဆန့်ကျင်သည့် ပဋိဉာဉ် သို့ မဟုတ် ဒေသဓလေ့ထုံးစံမရှိလျှင် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို အငှားချထားသူနှင့် ငှားရမ်းသူတို့ သည် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရာ၌ အခွင့်အရေးနှင့် တာဝန်များ ကို အပြန်အလှန် ရရှိထမ်းဆောင် ကြရမည်ဖြစ်ကြောင်းပြဋ္ဌာန်းထား သည်။ ယင်းဥပဒေပုဒ်မ (၁ဝ၈) အရ အငှားချထား သူ၏ သဘော တူညီချက်မရှိဘဲ ငှားရမ်းသူသည် အငှားချထားသည့် ပစ္စည်းအပေါ် အမြဲတမ်း အဆောက်အအုံမဆောက် လုပ်နိုင်ပေ။

ယခုအမှုတွင် အိမ်ရှင်ဦးကျော်ဝင်း၏ ခွင့်ပြုချက်မရဘဲဒေါ်အမာ (အိမ်ငှား)က ဥပစာတွင် မူလမရှိသော ထပ်ခိုးဖြစ်ပေါ် လာစေရန်အတွက် အုတ်နံရံအား ဖောက်ထွင်း၍ ယက်မတပ်ဆင်ခြင်း၊ သစ်သံတို့ဖြင့် ရိုက်စွဲ၍ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းသည် ဥပစာ တွင် မူလက မရှိခဲ့သောအရာကို အခိုင်အမာတည်ဆောက်ခြင်း သဘော သက်ရောက်သဖြင့် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥ ပဒေ ပုဒ်မ (၁ဝ၈)ပါ အိမ်ငှားတာဝန်ကိုဖောက်ဖျက်ရာ ရောက်ပေသည်။ ထို့ကြောင့် အချင်းဖြစ် ဥပစာတွင် အိမ်ငှားက ထပ်ခိုးပြု လုပ်ခဲ့ခြင်း သည် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ (၁ဝ၈) အရ အိမ်ငှားက တာဝန်ဖောက် ဖျက်ခြင်းဖြစ်သဖြင့် ဦးကျော်ဝင်း စွဲဆိုသည့် အတိုင်း အနိုင်ဒီဂရီ ချမှတ်ပေးခဲ့သော တရားရုံးချုပ်၏ အမိန့်ကို အတည်ပြုကြောင်း အထူးအယူခံခုံရုံးက အမိန့်ချမှတ် ခဲ့ပေသည်။ ထိုအချက်များအရ အိမ် ငှားများအနေဖြင့် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြု ချက်နှင့် အိမ်ရှင်၏ ခွင့်ပြုချက်မရ ဘဲ အဆောက်အအုံ တိုက်ခန်းတို့ ကို တိုးချဲ့ပြင်ဆင် ‘အခိုင်အမာ’ တည်ဆောက်ခဲ့ပါက တရားရုံးတွင် အိမ်နှင်လိုမှု စွဲဆိုခံရပြီး နေအိမ်မှ ဆင်းပေးရသည့်အဖြစ်မျိုး ကြုံတွေ့ နိုင်သဖြင့် သတိပြု ဆင်ခြင်နိုင်ရန် အကြံပြု ရေးသားလိုက်ပါသည်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အိမ်ခြံမြေတိုက်ခန်း၀ယ်ယူရာတွင် ဘာကြောင့်သတင်းစာကြော်ငြာထည့်သင့်တာလဲ

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

နိုင်ငံရပ်ခြားတွင် အလုပ်သွားလုပ်နေသူက အိမ်မြေဝယ်မည်ဆိုလျှင်

အိမ်ခြံမြေဝယ်ပြီး ငွေအကျေမချေမီ သိထားသင့်တဲ့ အချက်များ


Credit By :ထီယု ( ဥပဒေ အတိုင်ပင်ခံ )
Posted By :Chan Myae (ShweProperty.com)