အကောင့်ထဲသို့ဝင်မည် အကောင့်သစ်လုပ်ရန်
ကြော်ငြာတင်ရန် အကောင့်

X
အကောင့်သစ်လုပ်ရန် အကောင့်ထဲသို့ဝင်မည်
ဝယ်သူအကောင့် ကြော်ငြာရှင်အကောင့် sell property
ဝယ်ရန် ငှားရန် စီမံကိန်း အသစ်များ
အိမ်ခြံမြေပြပွဲများ အိမ်ခြံမြေလမ်းညွှန် ART OF LIVING
အိမ် ရှာဖွေသူများ
အိမ် ရှာဖွေနေသူများ အိမ်ရှာဖွေသူများ ပို့စ်တင်ရန်
သတင်း အကျိုးဆောင်များ Careers
Bookings
ID ဖြင့်ရှာပါ
ဆက်သွယ်ရန်
ကြော်ငြာတင်ရန် အကောင့်
english
Property Titles
ဝယ်ရန်
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
ရန်ကုန်တိုင်းဒေသကြီး
တိုင်းနှင့်ပြည်နယ်များအားလုံး
ရန်ကုန်တိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး
နေပြည်တော်
ဧရာဝတီတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
ချင်းပြည်နယ်
ကချင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်
မကွေးတိုင်းဒေသကြီး
မွန်ပြည်နယ်
ရခိုင်ပြည်နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ရှမ်းပြည်နယ်
တနင်္သာရီတိုင်းဒေသကြီး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
အလုံ
ဗဟန်း
ဗိုလ်တထောင်
ဒဂုံ
ဒဂုံမြို့သစ်အရှေ့ပိုင်း
ဒဂုံမြို့သစ်အနောက်ပိုင်း
ဒဂုံမြို့သစ်မြောက်ပိုင်း
ဒဂုံမြို့သစ်ဆိပ်ကမ်း
ဒဂုံမြို့သစ်တောင်ပိုင်း
ဒလ
ဒေါပုံ
လှိုင်
လှိုင်သာယာ
လှည်းကူး
မှော်ဘီ
ထန်းတပင်
အင်းစိန်
ကမာရွတ်
ကော့မှုး
ခရမ်း
ကွမ်းခြံကုန်း
ကျောက်တံတား
ကျောက်တန်း
ကြည့်မြင်တိုင်
လမ်းမတော်
လသာ
မရမ်းကုန်း
မင်္ဂလာဒုံ
မင်္ဂလာတောင်ညွှန့်
မြောက်ဥက္ကလာ
ပန်းပဲတန်း
ပုဇွန်တောင်
စမ်းချောင်း
ဆိပ်ကြီးခနောင်တို
ရွှေပြည်သာ
တောင်ဥက္ကလာ
တိုက်ကြီး
တာမွေ
သာကေတ
သံလျင်
သင်္ဃန်းကျွန်း
သုံးခွ
တွံတေး
ရန်ကင်း
ရွှေပေါက်ကံ
ပုလဲမြို့သစ်
အိမ်ခြံမြေ အမျိုးအစား
တိုက်ခန်း
ကွန်ဒို
လုံးချင်းအိမ်
ဆိုင်ခန်း
မြေကွက် / ခြံ
စက်မှုဇုန်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
30000 (သိန်း) နှင့်အထက်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
10 (သိန်း) နှင့်အထက်
ရှာဖွေရန်နှိပ်ပါ
Property Titles
ဝယ်ရန်
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အိမ်ခြံမြေ အမျိုးအစား
တိုက်ခန်း
ကွန်ဒို
လုံးချင်းအိမ်
ဆိုင်ခန်း
မြေကွက် / ခြံ
စက်မှုဇုန်
ရန်ကုန်တိုင်းဒေသကြီး
တိုင်းနှင့်ပြည်နယ်များအားလုံး
ရန်ကုန်တိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး
နေပြည်တော်
ဧရာဝတီတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
ချင်းပြည်နယ်
ကချင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်
မကွေးတိုင်းဒေသကြီး
မွန်ပြည်နယ်
ရခိုင်ပြည်နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ရှမ်းပြည်နယ်
တနင်္သာရီတိုင်းဒေသကြီး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
အလုံ
ဗဟန်း
ဗိုလ်တထောင်
ဒဂုံ
ဒဂုံမြို့သစ်အရှေ့ပိုင်း
ဒဂုံမြို့သစ်အနောက်ပိုင်း
ဒဂုံမြို့သစ်မြောက်ပိုင်း
ဒဂုံမြို့သစ်ဆိပ်ကမ်း
ဒဂုံမြို့သစ်တောင်ပိုင်း
ဒလ
ဒေါပုံ
လှိုင်
လှိုင်သာယာ
လှည်းကူး
မှော်ဘီ
ထန်းတပင်
အင်းစိန်
ကမာရွတ်
ကော့မှုး
ခရမ်း
ကွမ်းခြံကုန်း
ကျောက်တံတား
ကျောက်တန်း
ကြည့်မြင်တိုင်
လမ်းမတော်
လသာ
မရမ်းကုန်း
မင်္ဂလာဒုံ
မင်္ဂလာတောင်ညွှန့်
မြောက်ဥက္ကလာ
ပန်းပဲတန်း
ပုဇွန်တောင်
စမ်းချောင်း
ဆိပ်ကြီးခနောင်တို
ရွှေပြည်သာ
တောင်ဥက္ကလာ
တိုက်ကြီး
တာမွေ
သာကေတ
သံလျင်
သင်္ဃန်းကျွန်း
သုံးခွ
တွံတေး
ရန်ကင်း
ရွှေပေါက်ကံ
ပုလဲမြို့သစ်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
30000 (သိန်း) နှင့်အထက်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
10 (သိန်း) နှင့်အထက်

ရန်ကုန်မြို့သစ် စီမံကိန်းအား လုပ်ငန်းရှင်တစ်ဦးတည်းကိုသာ ပေးမည်ဆိုခြင်းမှာ ဆုံးရှုံးနိုင်ခြေများသည့်အပြင် လုပ်ပုံမမှန်သည့်အတွက် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းမည် မဟုတ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ သုံးသပ်

By Eleven Media Group, Shweproperty.com

Updated at 31 August 2015

ရန်ကုန်မြို့သစ် စီမံကိန်းအား လုပ်ငန်းရှင်တစ်ဦးတည်းကိုသာ ပေးမည်ဆိုခြင်းမှာ ဆုံးရှုံးနိုင်ခြေများသည့်အပြင် လုပ်ပုံမမှန်သည့်အတွက် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းမည် မဟုတ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ သုံးသပ်

ရန်ကုန်မြို့သစ် စီမံကိန်းအား လုပ်ငန်းရှင်တစ်ဦးတည်းကိုသာ ပေးမည်ဆိုခြင်းမှာ ဆုံးရှုံးနိုင်ခြေများသည့်အပြင် လုပ်ပုံမမှန်သည့်အတွက် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းမည် မဟုတ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ သုံးသပ်

By Eleven Media Group, Shweproperty.com

Updated at 31 August 2015

ရန်ကုန်မြို့သစ် တည်ဆောက်မည့် စီမံကိန်းအား လုပ်ငန်းရှင်တစ်ဦးတည်းကိုသာ ပေးမည်ဆိုခြင်းမှာ ဆုံးရှုံးနိုင်ခြေ များပြားနေသည့်အပြင် လုပ်ပုံမမှန်သည့်အတွက် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းနိုင်မည် မဟုတ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။



ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ဇူလိုင်လကုန်ပိုင်းအတွင်း တင်ဒါစတင် ခေါ်ယူခဲ့ပြီးနောက် တင်ဒါလျှောက်လွှာများ ပမာဏ ဖွင့်ဖောက်စိစစ်မည့်ရက်အား မူလက သြဂုတ် ၁၈ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပပြီး အဆိုပြုတင်ဒါ လျှောက်လွှာများကို ချိပ်ပိတ်စာအိတ်ဖြင့် တင်ဒါခေါ်ယူရေး လုပ်ငန်းကော်မတီ ရှေ့မှောက်တွင် တင်သွင်း၍ မှတ်ပုံတင်သွားရန် ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း တင်ဒါလျှောက်လွှာ ဝယ်ယူသူ အများစု၏ တောင်းဆိုချက်များအရ လည်းကောင်း၊ အဆိုပြုလွှာများ၌ ပိုမိုပြည့်စုံ ကောင်းမွန်စွာ ပြုစုတင်သွင်းနိုင်ရေးအတွက် လည်းကောင်း တင်ဒါဖွင့်ဖောက်မည့်ရက်ကို စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီသို့ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြေညာထားသည်။



ရန်ကုန်မြို့သစ်စီမံကိန်း ဆောက်လုပ်မှုနှင့် တင်ဒါခေါ်ယူမည့် နေ့ရက်များအား တွက်ချက်မည်ဆိုပါက သာမန်အဆောက်အအုံ တစ်ခုအတွက်ပင် အချိန်များစွာ ရယူရပြီး ဧက ၃၀၀၀၀ ခန့်ရှိမည်ဆိုသည့် စီမံကိန်းပမာဏအား နှစ်လခန့် ကာလအတွင်း ဒီဇိုင်းနှင့် မြို့ပြဖွံ့ဖြိုးမှုပုံစံ၊ ရေ၊ မီး၊ လမ်း၊ တည်ဆောက်မည့် အဆောက်အအုံဒီဇိုင်းများ တင်ပြရမည် ဆိုသည်မှာ မည်သည့် အင်ဂျင်နီယာများ၊ မည်သည့် ဗိသုကာများမှ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက သုံးသပ်သည်။



“၁၂ ထပ်လောက်ပဲရှိတဲ့ သာမန်အဆောက်အအုံလေးတစ်ခု ဆောက်မယ်ဆိုရင်တောင် ဒီဇိုင်းတွေလိုတယ်။ အချိန်တွေ အများကြီး ယူရပါတယ်။ ဒီလိုမြေကွက်လေးတောင် ဒီလောက်အချိန်ယူနေရပေမယ့် မြေဧက ၃၀၀၀၀ ကို သတ်မှတ်ချိန် အနည်းငယ်အတွင်း ဒီဇိုင်းတွေ၊ အဆောက်အအုံ စီမံကိန်းတွေ၊ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းတွေ ပေးရမယ် ဆိုတာက ဘယ်လိုအင်ဂျင်နီယာ ဘယ်လိုဗိသုကာမှ မလုပ်နိုင်ဘူးဆိုတာ ထင်ရှားပါတယ်” ဟု MKT ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးမြင့်က သုံးသပ်သည်။



ထို့ပြင် ရန်ကုန်မြို့သစ် စီမံကိန်းသည် စီမံကိန်းပမာဏ ကြီးမားလွန်းသည့်အတွက် လက်ရှိသတ်မှတ်သည့် လအနည်းငယ်နှင့် အကောင်အထည် ဖော်ဆောင်နိုင်မည် မဟုတ်ဘဲ နေပြည်တော်၊ ဒဂုံမြို့သစ် စသည့်စီမံကိန်းများကဲ့သို့ စနစ်တကျဖြင့် ကျွမ်းကျင်သော ပညာရှင်များ၊ ဝန်ကြီးဌာနများ ပူးပေါင်း၍ ရေ၊ မီး၊ လမ်း အစရှိသည့် အခြေခံအဆောက်အအုံများ မည်သို့ရအောင် လုပ်ဆောင်ပေးမည်၊ မည်သို့အဆင်ပြေအောင် လုပ်ဆောင်ပေးမည်ဆိုသည့် အချက်များ ရှိနေသင့်သော နိုင်ငံတော်စီမံကိန်းသာ ဖြစ်သင့်ကြောင်း ဦးမျိုးမြင့်က ဆက်လက်ပြောကြားသည်။



“ဒီလောက်ကြီးတဲ့ စီမံကိန်းဆိုတာက နိုင်ငံတော်က လုပ်ရမယ့် စီမံကိန်း။ နေပြည်တော်ကြီး တည်သွားသလို၊ ဒဂုံမြို့သစ်ကြီး တည်သွားသလို အချိန်အများကြီး ယူပြီးမှ ရေဘယ်ကရမယ်၊ မီးဘယ်ကရမယ်ဆိုတာ တွက်ချက်ပြီးမှ တည်ဆောက်ရမယ့် စီမံကိန်းကြီးပါ။ ဒီလောက်အချိန်တိုအတွင်း လုပ်မယ်ဆိုရင် အဲဒီနေရာက ရေငန်တွေပဲ ထွက်တဲ့နေရာ။ အဲဒီအတွက် တံတားတွေပဲ ထိုးကြည့်ပါဦး။ ဘယ်လောက်အချိန်ယူရမလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ စီမံကိန်းကို ကုမ္ပဏီတစ်ခုတည်းက လုပ်မယ်။ အဲဒီ ကုမ္ပဏီက Crisis ဖြစ်သွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီဟာကြီး တစ်ခုလုံးကို ဆောက်မယ်ဆိုပါစို့။ သာမန်တိုက်ကလေး တစ်လုံးလောက်၊ တိုက် ၁၀ လုံးလောက်ဆောက်တဲ့ ကန်ထရိုက်တွေတောင် ထွက်ပြေးနေတာ။ ဒါကြီးတစ်ခုလုံးကို တစ်ယောက်တည်းလုပ်မယ် ဆိုတာကတော့ ကျွန်တော်တို့အမြင်မှာ တော်တော်ကြီး ခက်ခဲပါတယ်။ တကယ်တမ်းတွေးပြီး ကြည့်မယ်ဆိုရင် ဘယ်တော့မှ ဖြစ်ပေါ်လာမယ်မသိတဲ့ တစ်ရေးနိုးအိပ်မက်ကြီးလိုပါပဲ။ ကျွန်တော့်အမြင်အရသာဆို မသေချာတဲ့ ဒီနေရာမျိုးမှာ မြှုပ်နှံမယ့်အစား ဒီဘက်မှာ လက်ရှိအချိန်မှာ အကျိုးဖြစ်ထွန်းမယ့် ဒီဘက်မှာပဲ မြှုပ်နှံပါမယ်။ ဒီစီမံကိန်းကြီး ဖြစ်ထွန်းဖို့ အချိန်အများကြီး လိုအပ်ပါ တယ်။ လူတွေက မသိရင်ဘဲ ဒီစီမံကိန်းကြီး နေ့ချင်းညချင်း ဖြစ်လာမယ်လို့ ထင်နေကြတယ်။ လက်ရှိ မြို့သစ်တွေမှာပဲ အခြေခံအဆောက်အအုံတွေ ပြည့်စုံအောင် လုပ်ပါဦး။ အထပ်မြင့် အဆောက်အအုံတွေ များအောင် လုပ်ပါဦး” ဟု MKT ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးမြင့်က ဆိုသည်။



မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀ အရ ရန်ကုန်မြို့သစ်များ တိုးချဲ့ရန် ဦးစားပေး(၁)တွင် ရန်ကုန်အရှေ့ပိုင်းမြို့သစ် ၁၇၃၇၅ ဧက၊ ဦးစားပေး (၂) ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ် ၂၁၇၁၆ ဧက၊ ဦးစားပေး (၃) သန်လျင်မြို့သစ် ၂၁၁၉၃ ဧက၊ ဦးစားပေး (၄) ဒလမြို့သစ် ၁၅၁၇၃ ဧက၊ ဦးစားပေး (၅) ထန်းတပင်မြို့သစ် ၂၄၇၄၈ ဧက၊ ဦးစားပေး (၆) မှော်ဘီမြို့သစ် ၁၁၅၉၄ ဧကနှင့် ဦးစားပေး (၇) လှည်းကူးမြို့သစ် ၆၉၃၃ ဧက စုစုပေါင်း ၁၁၈၇၃၂ ဧကကို လျာထားပြီး ဦးစားပေး ၁ ဖြစ်သည့် ရန်ကုန်အရှေ့ပိုင်းမြို့သစ်သည် လက်ရှိအခြေခံ အဆောက်အအုံများ ပြည့်စုံမှု မရှိသေးသည့် ဒဂုံမြို့သစ်များ ပါဝင်ပြီး ၎င်းတို့ကို ဦးစွာဖွံ့ဖြိုးအောင် လုပ်ဆောင်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြထားပြီး စီမံကိန်း အဆင့် ၂ အား စတင်လုပ်ဆောင်မည် ဆိုခြင်းကိုလည်း ဝေဖန်မှု အများအပြား ထွက်ပေါ်ခဲ့သည်။



မြန်မာနိုင်ငံတွင် တန်ဖိုးနည်းတိုက်ခန်းများ ဆောက်လုပ်မှု အတွေ့အကြုံ အများအပြား ရှိနေပြီး လက်ရှိအချိန်တွင် လုပ်သားစုဖွဲ့မှုနှင့် အတွေ့အကြုံ အများအပြားရှိသည့် တော်ဝင်ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကိုကိုထွေးနှင့် ပူးပေါင်းလုပ်ဆောင်ရန် နိုင်ငံခြားကုမ္ပဏီ အများအပြား လာရောက်ဆက်သွယ်မှုများ ရှိခဲ့သော်လည်း တော်ဝင်ဆောက်လုပ်ရေးမှ လုပ်ဆောင်သည့် တည်ဆောက်မှုပုံစံမျိုးကို လုပ်ဆောင်နိုင်ခြင်းမရှိ ဖြစ်နေသည့် အနေအထားမျိုးတွင် တော်ဝင်ဆောက်လုပ်ရေး လုပ်ငန်းအား မြေဧက ၁၀၀၀ ဖြင့် တိုက်ခန်းများ တည်ဆောက်ခိုင်းလျှင်ပင် မလွယ်ကူသော အနေအထားတွင် ထိုမျှများပြားသော မြေပမာဏအား လုပ်ငန်းရှင် တစ်ဦးတည်းကိုပေး၍ လုပ်ခိုင်းမည်ဆိုခြင်းမှာ မတွေးတတ်သည့် ဉာဏ်မမီသည့် ကိစ္စရပ်သာဖြစ်ကြောင်း တော်ဝင်ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကိုကိုထွေးက ပြောကြားသည်။



“ရန်ကုန်မြို့သစ် စီမံကိန်းအတွက် သူတို့ လေလံခေါ်ကတည်းက လုပ်ငန်းတစ်ခုတည်းကို ပေးမှာ။ ဒီစီမံကိန်းကြောင့် မြေဈေးတွေကျဖို့ဆိုရင် လုပ်နည်းကိုင်နည်းတွေ လိုတယ်။ ကုမ္ပဏီတစ်ခုတည်းက လက်ဝါးကြီးအုပ်မယ့် ဧကသုံးသောင်းဆိုတာကို ပြန်ပြီးတွက်ကြည့်ရင် လူနေဖို့ ဧက ၁၀၀၀၀ ပဲထား။ ကျန်တာ သူတို့ကြိုက်တာလုပ်ဦး။ ကျွန်တော်တို့ ဆောက်သလို တွက်မယ်ဆိုရင် ဧက ၇၀၀ မှာ တန်ဖိုးနည်းတိုက်ခန်း သုံးသိန်းထွက်မယ်။ ဧက ၇၀၀၀ ဆို တိုက်ခန်းသုံးသန်း ထွက်မယ်။ အဲဒါဆိုရင် တိုက်ခန်းပေါင်း ငါးသန်းလောက် ထွက်မယ်။ လူ ၁၅ သန်းလောက် နေလို့ရမယ့် အနေအထားအတွက် ဧက ၁၀၀၀၀ နဲ့ တင်ရတယ်။ ရန်ကုန်မြို့မှာ လူဦးရေ ဘယ်လောက်ရှိလို့လဲ။ ဒီပမာဏသာ ထွက်လာရင် ဒီဘက်က ရန်ကုန်မြို့ကြီးကို ဘူဒိုဇာနဲ့တောင် ထိုးပစ်လို့ရတယ်။ ဒီလောက်အများကြီးကို တစ်ယောက်တည်း အကောင်အထည်ဖော်ဖို့ဆိုရင် ကျွန်တော်ဆို အခန်းသေးသေးလေးတွေ ဆောက်မယ်။ တစ်နေ့ အခန်း ၂၀၀ နဲ့ ငါးနှစ်ကြာမှ အခန်းသုံးသိန်းပြီးမယ်။ ဒီစီမံကိန်း လုပ်မယ်ဆိုရင် ရန်ကုန်မြို့မှာရှိတဲ့ လုပ်ငန်းရှင်တွေ အကုန်လုံး ဒီစီမံကိန်းထဲမှာ ဝင်လုပ်လည်း မရဘူး။ နိုင်ငံခြားကုမ္ပဏီတွေ ဝင်ဆောက်လည်း ဧက ၇၀၀၀ အတွက် အခန်းသုံးသန်းကို ၁၀ နှစ်နဲ့ ဆောက်လို့မရပါဘူး။ ဆိုလိုချင်တာက ဒီလောက်များတဲ့ မြေတွေကို ဘာလို့တစ်ဦးတည်း ပေးချင်တာလဲ ဆိုတာပါ။ အဲဒါတော့ ကျွန်တော်လည်း မဖြေချင်ပါဘူး” ဟု ဦးကိုကိုထွေးက ပြောကြားသည်။



ရန်ကုန်မြို့တွင် စက်မှုဇုန်မြေဈေးများမှာ လက်ရှိအချိန်တွင် အဆမတန် ကြီးမြင့်နေပြီး ထိုသို့ ကြီးမြင့်နေခြင်းမှာ စက်မှုဇုန်မြေများအား အစိုးရက အကောင်အထည် ဖော်ဆောင်ချိန်တွင် မြေဧက ၆၀၀၀ ခန့်အား လုပ်ငန်းရှင်တစ်ဦးတည်းကိုသာ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းကြောင့် အဆိုပါ လုပ်ငန်းရှင်က မြေကွက်များချုပ်ကိုင်ကာ ကျပ်သိန်းရာဂဏန်း အနည်းငယ်မျှဖြင့် ရရှိထားသည့် မြေကွက်များကို ကျပ်သိန်းထောင်ဂဏန်းများစွာဖြင့် ရောင်းချနိုင်နေသည့်အတွက် မြေဈေးနှုန်းများ အဆမတန် မြင့်တက်နေရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အကြံပေးနှင့် မြို့ပြပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားထားသည်။



ထို့ကြောင့် လက်ရှိအချိန်တွင် လုပ်ဆောင်မည့် ရန်ကုန်မြို့သစ် စီမံကိန်းမှာလည်း လုပ်ငန်းရှင်တစ်ဦးတည်းကိုသာ   ပေးမည်ဆိုခြင်းကြောင့်   မြေဈေးနှုန်းများ ကျဆင်းနိုင်မည် မဟုတ်ကြောင်း ဦးကိုကိုထွေးက ဆက်လက်ပြောကြားသည်။



“ဒီလို တစ်ယောက်တည်းပေးရင် ဒီဘက်က မြေဈေးကျမလားဆိုရင် မကျပါဘူး။ သူတစ်ယောက်တည်း ရထားတဲ့အတွက် မြေဈေးတက်အောင် ကိုင်ထားပြီး ရောင်းတော့မှာပါ။ အဲဒါဆိုရင် မြေ ၃၀၀၀၀ ပဲ တိုးချဲ့၊ တိုးချဲ့ ၇၀၀၀၀ ပဲ လုပ်လုပ်၊ ဧက တစ်သိန်းပဲ တိုးချဲ့တိုးချဲ့ သူ့နေရာနဲ့သူ မဟုတ်ရင် အိမ်ဈေးလည်း မကျဘူး။ မြေဈေးလည်း မကျဘူး။ အိမ်ဈေးမြေဈေးကျဖို့က တိုးချဲ့တဲ့မြေ မရှိဘဲ ရန်ကုန်မြို့ထဲ ပြန်ကြည့်ပါ။ စီမံခန့်ခွဲမှု မှန်မယ်ဆိုရင် လက်ရှိလူဦးရေထက် နှစ်ဆ၊ ၁၀ သန်းလောက် နေလို့ရအောင် လုပ်လို့ရတယ်။ အခြေခံအဆောက်အအုံလည်း အများကြီး တိုးချဲ့စရာ မလိုဘူး။ မြို့သစ်စီမံကိန်းကို ပြန်ကြည့်ပါ။ အခု ဒလမှာ ရေငတ်နေတယ်။ နွေဆိုရင် သွားလှူနေရတယ်။ အဲဒီဘက်မှာ လူဘယ်လောက်ရှိလို့လဲ။ ဟိုဘက်ကမ်းမှာ သောက်ရေချိုရဖို့ အရမ်းခက်ပါတယ်။ ဟိုဘက်မှာ တစ်သိန်းချဲ့ လိုက်ပြီဆိုရင်   မြစ်နှစ်ခွ ဘက်ကနေ ရေသွယ်ပေးမှ အဲဒီလူတွေ ရေသောက်လို့ရမယ်။ ကျွန်တော် တိုက်ခန်းသုံးသိန်း သွားတည်လည်း ပြဿနာတက်မယ်” ဟု ဦးကိုကိုထွေးက ဆိုသည်။



ရန်ကုန်မြို့သစ် စီမံကိန်းအတွက် တင်ဒါဖွင့်ဖောက် စိစစ်ခြင်းကို စက်တင်ဘာ ၂၂ ရက်တွင် ပြုလုပ်မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြေညာထားပြီး ရန်ကုန်မြို့သစ် စီမံကိန်းအတွက် တင်ဒါလျှောက်လွှာ ဝယ်ယူထားသည့် ကုမ္ပဏီ ၅၀ ခန့် ရှိကြောင်းလည်း သိရသည်။ ထို့ပြင် ရန်ကုန်မြို့သစ် စီမံကိန်းအား အစိုးရ၏ ကျန်ရှိသက်တမ်း လအနည်းငယ်အတွင်း မည်သည့်အတွက်ကြောင့် အလျင်စလို အကောင်အထည်ဖော်လိုသနည်းဟု သြဂုတ် ၂၁ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင်   ဒေါက်တာညိုညိုသင်းက မေးခွန်းထုတ်ခဲ့ပြီး ယင်းစီမံကိန်း တင်ဒါခေါ်ယူမှုနှင့် ပတ်သက်၍ မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်   ဆောင်ရွက်ခဲ့ပါသနည်းဟုလည်း ၎င်းက ဆက်လက်မေးခွန်းထုတ်ခဲ့သည်။



အဆိုပါ စီမံကိန်းသည် အာမခံစပေါ်ငွေ ကျပ်ငါးဘီလျံသာ တင်ပြရမည် ဖြစ်သော်လည်း အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ မှ ဘီလျံ ၇၀ အထိ အမြတ်ထွက်နိုင်သည့် စီမံကိန်းဖြစ်နေပြီး အဆိုပါ စီမံကိန်းအတွက် တစ်လကျော် အချိန်ပေး၍ တင်ဒါခေါ်ယူခဲ့မှုမှာ မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်ခဲ့ပါသနည်းဆိုသည့် မေးခွန်းနှင့် တင်ဒါစိစစ်ရေး ကော်မတီကို မည်သည့်စံနှုန်းများဖြင့် ဖွဲ့စည်းထားပါသနည်း။ မည်သည့်အတွက်ကြောင့် စီမံကိန်းဧရိယာ အတွင်းရှိ မြေပိုင်ဆိုင်မှုများကို တရားဝင် ငွေကြေးများဖြင့် ဝယ်ယူပိုင်ဆိုင်ခြင်း ဟုတ်မဟုတ်ကို စုံစမ်းဖော်ထုတ်ခြင်း မပြုပါသနည်းဆိုသည့် မေးခွန်းအများအပြားကို ဒေါက်တာညိုညိုသင်းက မေးမြန်းထားသည်။



အဆိုပါ စီမံကိန်းသည် ငွေမည်းခဝါချမှု အပါအဝင် ဝေဖန်မှုများပြားနေသောကြောင့် ရန်ကုန်မြို့သစ်စီမံကိန်း ပွင့်လင်းမြင်သာမှု ရှိမရှိ တင်ဒါဖွင့်ဖောက် စိစစ်မည့်ရက်တွင် သွားရောက်စောင့်ကြည့်မည်ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်   ဒေါက်တာညိုညိုသင်းက ပြောကြားသည်။



“တင်ဒါဖွင့်ဖောက်စိစစ်တဲ့နေ့မှာ သွားရောက်ကြည့်ရှုမှာပါ။ ကြည့်ချင်တဲ့ လူမှုအဖွဲ့အစည်းတွေ၊ အများပြည်သူထဲက ကြည့်ချင်ရင်လည်း   ခေါ်ဆောင်သွားမှာပါ။ အဲဒီလို လာရောက်ကြည့်ရှုမယ့်အကြောင်း အစိုးရအဖွဲ့ကို ကြိုတင် အကြောင်းကြားသွားမှာပါ။ ပွင့်လင်းမြင်သာမှုနဲ့ သူတို့ အများပြည်သူရှေ့မှာ လုပ်ဆောင်မယ်လို့ သူတို့ပြောထားတယ်။ ဒါကြောင့် ပွင့်လင်းမြင်သာမှု ဘယ်လောက်ရှိသလဲ သွားရောက်စောင့်ကြည့် မှာပါ။ သူတို့ ကြည့်ရှုခွင့်ပေးမယ်လို့ အန်တီထင်တယ်” ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။



ရန်ကုန်မြို့သစ် စီမံကိန်းကို ရန်ကုန်မြို့၏ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေးတူးမြောင်းကြား မြေနေရာများကို လျာထားပြီး ကြည့်မြင်တိုင်၊ တွံတေးနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ် ဧရိယာများ ပါဝင်ကြောင်း သိရသည်။ ယင်းဧရိယာအတွင်းရှိ မြေကွက်များ ခေါ်ဈေးများ မြင့်နေသော်လည်း ယခင်ကဲ့သို့ ဝယ်ယူမည့်သူ နည်းပါးနေကြောင်း ဒေသခံများနှင့် အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

 

Ref : Eleven Media Group

Posted By : Wai Phyoe Aung

Follow Us On    
အိမ်ခြံမြေ လမ်းညွှန်
အိမ်ခြံမြေ ဗဟုသုတ အိမ်ခြံမြေ ရောင်းချနည်း အိမ်ခြံမြေ ဝယ်ယူနည်း အိမ်ခြံမြေ ငှားရမ်းနည်း အကျိုးဆောင် လမ်းညွန်

အိမ်ခြံမြေပြပွဲများ


အိမ်ခြံမြေပြပွဲများ အားလုံးကြည့်ရန်


နောက်ဆုံးရ သတင်းများ

မီတာယူနစ် ဖတ်ချက် မှန် မမှန် ဘယ်လိုစစ်ဆေးကြမလဲ
လျှပ်စစ်ဌာနကို Complain အတက်ဆုံး နှစ်ချက်ပြောပါဆိုရင် မီးမလာတာနဲ့ မီတာခများတာရယ်။ မီးကိစ္စကတော့ တတ်နိုင်သလောက် ရှင်းပြရေးပြပြီးပါပီ။…
ရှောင်ကျဉ်သင့်တဲ့ ကင်ဆာဖြစ်စေတဲ့ အိမ်တွင်းသုံးပစ္စည်းများ
စား၀တ်နေရေးအတွက် အပြင်မှာအလုပ်လုပ်နေကြသူတွေဟာ အလုပ်ကပြန်လာရင် မိမိနားခိုရာအိမ်မှာပဲ အနားယူကြတာ ထုံးစံပါပဲ။ အိမ်ဟာ…
မီးဖိုချောင်ထဲမှာ အညစ်ပတ်ဆုံး နေရာ ၅ ခု
အိမ်သန့်ရှင်းရေးကို သေချာလုပ်နေတယ်ဆိုရင်၊ မီးဖိုချောင်ကိုလည်း သေသေချာချာ သန့်ရှင်းရေးလုပ်ဖို့ လိုပါလိမ့်မယ်။ အထူးသဖြင့်…
မြေတိုင်းလျှောက်ထားနည်း
မြေတိုင်းလျှောက်ထားရန် အောက်ပါအဆင့်များနှင့် လိုအပ်သောစာရွက်စာတမ်းများကို လိုက်နာဆောင်ရွက်ရပါမည်။br / br / လိုအပ်သောစာရွက်စာတမ်းများbr…
မြန်မာ့ရိုးရာ အိမ်ဆောက် လ နှင့် အိမ်ဆောက် ရက် ၊ကြိုးကိုင်ပန္နက်ချနေ့သား…
strongအိမ်ဆောက်လ ရွေးနည်း/strongbr / br / quot;လင်္ကာquot;br / လတန်ခူးမှာ၊အိမ်ဆောက်ခါ၊ချမ်းသာပြည့်ကြွယ်ဝ။br / လကဆုန်ကား၊ဆန်စပါး၊ပေါများကြွယ်တက်လှ။br…
ဂရန်ပျောက်ဆုံးသွားလျှင် အသစ်လျှောက်လို့ရပါသလား ?
(မူလဂရန်ရှိပြီးမြေကိုအကြောင်းအမျိုးမျိုးဖြင့်ဂရန်ပြန်လည် လျှောက်ထားခြင်း) မူလဂရန်ရှိပြီးမြေကို ဂရန်သက်တမ်းကုန်ဆုံး၍…
ခြံစည်းရိုးကာရံခြင်း လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ
ခြံစည်းရိုးကာရံခွင့်လျှောက်ထားရာတွင် လိုအပ်သောစာရွက်စာတမ်းများနှင့် ထောက်ခံချက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ…
အိမ်ဂရန်ကို အပေါင်ထားပြီး ငွေချေးယူထားလို့ ပြန်မဆပ်နိုင်ပါက အိမ်ကို သိမ်းဆည်းနိုင်ပါသလား
nbsp;br / အိမ်ဂရန်ကို အပေါင်ထားတယ်ဆိုတာ ရပ်ကွက်ထဲမှာ ထားတာလား၊ ဒါမှမဟုတ်ရင် ဘဏ်မှာ အပေါင်ထားတာလား ။br / br / ရပ်ကွက်ထဲမှာ အပေါင်ထားရင်…
မြေငှားဂရန်စာချုပ် ပျောက်ဆုံး/ပျက်စီးလျှင် လျှောက်ထားနည်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ မြေငှားဂရန်စာချုပ်မူရင်း ပျောက်ဆုံးသွားခြင်း သို့မဟုတ် ပျက်စီးသွားခဲ့ပါက…
အိမ်ခြံတွင်းစိုက်ထားပါက ခိုက်တတ်တယ်ဆိုတဲ့ အပင်များ
ကိုယ့်ရဲ့အိမ်ခြံအတွင်းမှာ အလှစိုက်အပင်များ သစ်ပင်ကြီးများစိုက်ခြင်းက လူတို့အတွက် စိတ်ကိုလန်းဆန်းစေကာ အလှတရားများနဲ့…
အိမ်ကို ကုန်ကျစရိတ်သက်သာစွာဖြင့် လှပအောင် ပြင်ဆင်နည်းများ
အိမ်တစ်လုံးကို လှပပြီး သက်တောင့်သက်သာဖြစ်အောင် ပြင်ဆင်ဖို့ဆိုတာ ငွေကြေးအများကြီး မလိုအပ်ပါဘူး။ အနည်းငယ်စဉ်းစားဉာဏ်သုံးပြီး…
အိမ်မှာပိုးဟတ်ရှိနေခြင်းက ကျန်းမာရေးကိုထိခိုက်စေသလား
ဟုတ်ပါတယ်၊ အိမ်မှာ ပိုးဟပ်တွေရှိနေရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ပိုးဟပ်များကို ဒုက္ခပေးနိုင်သော ပိုးမွှားများဟု…

    အိမ်ခြံမြေ လမ်းညွှန်

  • အိမ်ခြံမြေ ဗဟုသုတ
  • အိမ်ခြံမြေ ရောင်းချနည်း
  • အိမ်ခြံမြေ ဝယ်ယူနည်း
  • အိမ်ခြံမြေ ငှားရမ်းနည်း
  • အကျိုးဆောင် လမ်းညွန်

အကျိုးဆောင်များအတွက်

သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့

အသင်းဝင်လုပ်ရန်
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ ရယူရန်

နောက်ဆုံးရ သတင်းများ

  • မီတာယူနစ် ဖတ်ချက် မှန် မမှန် ဘယ်လိုစစ်ဆေးကြမလဲ
  • ရှောင်ကျဉ်သင့်တဲ့ ကင်ဆာဖြစ်စေတဲ့ အိမ်တွင်းသုံးပစ္စည်းများ
  • မီးဖိုချောင်ထဲမှာ အညစ်ပတ်ဆုံး နေရာ ၅ ခု
  • မြေတိုင်းလျှောက်ထားနည်း
  • မြန်မာ့ရိုးရာ အိမ်ဆောက် လ နှင့် အိမ်ဆောက် ရက် ၊ကြိုးကိုင်ပန္နက်ချနေ့သား ရွေးနည်း
  • ဂရန်ပျောက်ဆုံးသွားလျှင် အသစ်လျှောက်လို့ရပါသလား ?
  • ခြံစည်းရိုးကာရံခြင်း လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ
  • အိမ်ဂရန်ကို အပေါင်ထားပြီး ငွေချေးယူထားလို့ ပြန်မဆပ်နိုင်ပါက အိမ်ကို သိမ်းဆည်းနိုင်ပါသလား
  • မြေငှားဂရန်စာချုပ် ပျောက်ဆုံး/ပျက်စီးလျှင် လျှောက်ထားနည်း
  • အိမ်ခြံတွင်းစိုက်ထားပါက ခိုက်တတ်တယ်ဆိုတဲ့ အပင်များ
Loading…

ဝယ်ရန်

  • ရန်ကုန်တိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ဧရာဝတီရှိ ရောင်းရန် အိမ်ခြံမြေများ
  • ပဲခူးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • ချင်းပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကချင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကယားပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကရင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • မကွေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မွန်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ရခိုင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • စစ်ကိုင်းတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • ရှမ်းပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • တနင်္သာရီတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
View More

ဝယ်ရန်

  • ရန်ကုန်တိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ရောင်းရန် အိမ်ခြံမြေများ
View More

ငှားရန်

  • ရန်ကုန်တိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ငှားရန် အိမ်ခြံမြေများ
  • ဧရာဝတီတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ပဲခူးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ချင်းပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကချင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကယားပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကရင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • မကွေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မွန်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ရခိုင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • စစ်ကိုင်းတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ရှမ်းပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • တနင်္သာရီတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
View More

ငှားရန်

  • ရန်ကုန်တိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ငှားရန် အိမ်ခြံမြေများ
View More

စီမံကိန်း အသစ်များ

  • ရန်ကုန်တိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • မန္တလေးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • နေပြည်တော်ရှိ ရောင်းရန် စီမံကိန်းများ
  • ဧရာဝတီတွင်ရှိ ရောင်းရန် စီမဲံကိန်းများ
  • ပဲခူးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • ချင်းပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ကချင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ကယားပြည်နယ်တွင် ရောင်းရန် စီမံကိန်းများ
  • ကရင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • မကွေးတွင် ရောင်းရန် စီမံကိန်းများ
  • မွန်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ရခိုင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • စစ်ကိုင်းတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • ရှမ်းပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • တနင်္သာရီတိုင်းရှိ ရောင်းရန် စီမံကိန်းများ
View More

စီမံကိန်း အသစ်များ

  • ရန်ကုန်တိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • မန္တလေးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • နေပြည်တော်ရှိ ရောင်းရန် စီမံကိန်းများ
View More

အခြားအိမ်ခြံမြေများ

  • ရန်ကုန်ရှိ ရောင်းရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ရောင်းရန် ဆိုင်ခန်းများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
View More

အခြားအိမ်ခြံမြေများ

  • ရန်ကုန်ရှိ ရောင်းရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ရောင်းရန် ဆိုင်ခန်းများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
View More

Try our Mobile Apps

Android

Copyright © 2011-2025, ShweProperty.com. All rights reserved.

Privacy Policy|Terms & conditions

Follow Us

Loading…