မီးကွင်းဂမုန်းပင်သည် အလွန်ပင်ဆေးဖက်ဝင်သော အဖိုးတန်အပင်တစ်မျိုး ဖြစ်ပါသည်။ ၄င်းအပင်ကို နေရာတိုင်းမှာ လွယ်ကူစွာ မြင်တွေ့နိုင်ပါသည်။

(၁) နှာခေါင်းသွေးလျှံအတွက် မီးကွင်းဂမုန်း

နှာခေါင်းသွေးလျှံဖြစ်လာပါက မီးကွင်းဂမုန်းပင်ကို ရေစင်အောင်ဆေးကာထောင်း၍ ၄င်းအဖတ်ကို နှာခေါင်းပေါ် အုံပေးပါက နှာခေါင်းသွေးတိတ်စေပါသည်။

(၂) ဆီးရောဂါ၊ ဆီးကျောက်ရောဂါ

ဆီးရောဂါအမျိုးမျိုးနှင့် ဆီးကျောက်ရောဂါများအတွက် မီးကွင်းဂမုန်းကို ရေ ၃ ခွက် ၁ ခွက်တင် ကျို၍ သကြားအနည်းငယ်နှင့် သောက်ပေးပါက ဆီးရောဂါအမ်ျိုးမျိုးကို သက်သာပျောက်ကင်းစေပါသည်။

(၃) နားကိုက်၊ နားပြည်ယို

မီးကွင်းဂမုန်း၏ အရွက်သန့်သန့်ကို အရည်ညစ်ယူ၍ ကိုက်နေသော နားကို ခပ်ပေးပါက နားကိုက်၊ နားပြည်ယိုရောဂါများကို ပျောက်ကင်းစေပါသည်။



(၄) ဝမ်းကိုက်နေလျှင်

မီးကွင်းဂမုန်း၏ သတ္ထုရည်ကို သောက်ပေးပါက ဝမ်းကိုက်၊ ဝမ်းဖော၊ ဝမ်းယောင်ရောဂါကို သက်သာပျောက်ကင်းစေပါသည်။ အရွက်နုကို ပဲလှော်ထောင်းအမှုန့်နှင့် ရော၍ သုပ်စားနိုင်ပါသည်။

(၅) ချောင်းဆိုး၊ သလိပ်ကပ်

ချောင်းဆို သလိပ်ကပ်ဖြစ်ပါက မီးကွင်းဂမုန်းအရွက်ကိုထောင်း၍ အရည်ညစ်ယူကာ ၄င်းဆေးရည်ကို သကြားခဲ၏ အမှုန့်နှင့် ရောသောက်ပေးလျှင် ချောင်းဆိုး သလိပ်ကပ်များ ပျောက်ကင်းစေပါသည်။

(၆) သွေးကင်ဆာ

သွေးကင်ဆာဖြစ်နေလျှင် မီးကွင်းဂမုန်း၏ ပင်စည်နှင့်အရွက်တို့ကို ရေစင်အောင်ဆေးကာ ကြိတ်၍ အရည်ညစ်ယူကာ ၅ မိနစ်ခန့် အပူပေး(ကျို၍) ခဏအအေးခံကာ ထမင်းစားဇွန်းဖြင့် မနက်တစ်ဇွန်း၊ ညတစ်ဇွန်း သောက်နိုင်ပါသည်။ တစ်ပတ်ကို ၃ ရက်ဖြင့် တစ်လလောက် သောက်ပါက ကင်ဆာဆဲလ်များကို လျှော့ချပေးစေနိုင်ပါသည်။

Credit By : apannpyaymedia
Posted By : Ra Wai (ShweProperty.com)