အပင်တွေထဲမှာ လူတွေအတွက် ကျန်းမာရေးအကျိးကျေးဇူးပြုတဲ့အပင်တွေများစွာရှိပါတယ်။ တစ်ချို့အပင်တွေဆိုရင် အိပ်ခန်းထဲမှာထားသင့်ပြီး ညဘက်ကောင်းကောင်းအိပ်ပျော်စေတယ်လို့လေ့လာသူတွေကဆိုထားကြပါတယ်။ ဘယ်လိုအပင်မျိုးတွေက အိပ်ခန်းမှာထားသင့်လဲကြည့်လိုက်ကြရအောင်။
 
စပယ်ပန်းပင်
 
စပယ်ပင်မှာ အိပ်ခန်းထဲထားသင့်တဲ့အပင်တစ်မျိုးလို့သုတေသနပြုဖော်ပြထားကြပြီး စပယ်ပန်းလေးတွေရဲ့ရနံ့မှာ ကောင်းကောင်းအိပ်ပျော်စေပြီး စိတ်ဖိစီးမှုကိုလျော့ကျစေတယ်လု့ိဆိုထားကြပါတယ်။ စပယ်ပန်းသင်းသင်းလေးကိုရှုရှိုက်လိုက်ခြင်းဖြင့် အိပ်ချင်စိတ်ကိုဖြစ်စေကာ စိတ်ကိုပေါ့ပါးလန်းဆန်းစေတယ်လို့ဖောြ်ပထားကြပါတယ်။
 


ဇီဇဝါပန်းပင်
 
၂၀၁၀ခုနှစ်မှာလေ့လာတွေ့ရှိချက်အရ ဇီဇဝါပန်းလေးတွေဟာ လူ့ခန္ဓာကိုယ်ကိုကျန်းမာလန်းဆန်းစေပြီး ဦးနှောက်ကိုဖွံ့ဖြိုးစေပါတယ်။ ညဘက်ကောင်းကောင်းအိပ်ပျော်စေပြီး ကောင်းမွန်တဲ့အာရုံခံစားမှုကိုရရှိစေတယ်လို့ဆိုထားပါတယ်။
 
ရှားစောင်းလက်ပတ်ပင်
 
ရှားစောင်းလက်ပတ်ပင်မှာ ညစ်ညမ်းတဲ့လေထုတွေကိုသန့်စင်ပေးတဲ့အတွက် အိပ်ခန်းထဲမှာ ထားသင့်တဲ့အပင်တစ်မျိုးအဖြစ်ဖောြ်ပထားကြပါတယ်။ ညဘက်အချိန်မှာ အိပ်ခန်းထဲလေထုကို သန့်ရှင်းပေးတဲ့အတွက် လတ်ဆတ်တဲ့လေထုကိုရရှိစေပြီး နှစ်ခြိုက်စွာအိပ်မောကျစေတယ်လို့ဖော်ပြထားပါတယ်။ ရှားစောင်းလက်ပတ်ပင်မှာထိ  မီးလောင်အပူတွေကို သက်သာစေတဲ့ဆေးဘက်ဝင်အပင်တစ်မျိုးလို့လည်းသိရှိရပါတယ်။
 
ဒေစီပန်းပင်
 
ဒေစီပန်းပင်မှာလည်း ရှားစောင်းလက်ပတ်ပင်လိုမျိုး လေထုကိုသန့်ရှင်းလတ်ဆတ်စေပြီး အိမ်ထဲဘယ်နေရာမှာမဆိုစိုက်ပျိုးလို့သင့်တော်တဲ့အပင်မျိုးဖြစ်ပါတယ်။ အိပ်ခန်းထဲမှာထားပြီး စိုက်ပျိုးထားခြင်းဖြင့် သန့်ရှင်းလတ်ဆတ်တဲ့လေကိုရှုရိုက်ရတဲ့အတွက် အိပ်ရေးဝဝအိပ်ပျော်စေနိုင်တယ်လို့ဖောြ်ပထားပါတယ်။  
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
အဲကွန်းသုံးတဲ့ အိမ်တိုင်း ၊ဆိုင်တိုင်း သတိထားရမည့် ကောင်းကျိုး ဆိုးကျိုးများ 
 
သိသူဖော်စားမသိသူကျော်သွားအိမ်သုံးဆားရဲ့အသုံးဝင်ပုံများ 
 
အိမ်တွင်းအပင်လေးတွေရဲ့ ကောင်းကျိုးများ
 
Credit By: Yangon Life
Posted By: Ra Wai (ShweProperty.com)