အုတ်နံရံတွေကို အက်ကြောင်း မဖြစ်စေရန် ဆောင်ရန်၊ ရှောင်ရန် အဓိက အချက်များကို ဖော်ပြပေးလိုက်ပါတယ်။
 
၁။ အုတ်စီခြင်း မလုပ်ခင်မှာ အုတ်များကို ရေစိမ်မထားခြင်း
 
အုတ်သည် ရေစုတ်တတ်သော သဘောရှိသည့်အတွက် ရေစိမ်ထားခြင်းမပြုလုပ်လျှင် အင်္ဂတေမှရေများကို စုပ်ယူကာ နံရံကို အက်စေပါတယ်။
 
အုတ်များကို အသုံးမပြုမီ အနည်းဆုံး ၂ နာရီခန့် ရေစိမ်ထားသင့်ပါတယ်။
 
၂။ အချောကိုင်ရန် ဖျော်ထားသော plaster ခြောက်သွားလျှင် ရေပြန်ရောပြီး သုံးခြင်း
 
ထိုသို့ ပြုလုပ်ခြင်းဟာ ကွန်ကရစ်ရဲ့ Strength ကိုကျစေပါတယ်။ ဖျော်ပြီးပြီးသုံးခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။
 
၃။ plaster ဖျော်ရာတွင် ပါဝင်သော ရေတွင် ကွမ်း၊ သကြား ဓာတ်ပါဝင်နေခြင်း
 
ဖျော်ထားသော plaster တွင် ကွမ်း (သို့) အချိုရည် လို သကြားဓာတ်ပါဝင်နေမယ်ဆိုလျှင် အခြောက်နှေးခြင်း၊ ကွာကျခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
 


၄။ ဖျော်စပ်ရာတွင် ရေပါဝင်မှု အချိုးအစား များနေခြင်း
 
ဖျော်စပ်ရာမှာ ရေများနေရင်လည်း ကျုံ့အားပိုများပြီး နံရံကို အက်စေပါတယ်။ ရေနည်းနေလျှင်လည်း ခြောက်သွေ့မြန်ပြီး နံရံကို အက်စေပါတယ်။ တချို့ ကန်ထရိုက်တာများက ဆွဲရလွယ်အောင် ရေပိုထည့်တတ်ကြပါတယ်။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
သင့်ရဲ့ကျန်းမာရေးပေါ်မှာ သက်ရောက်စေတဲ့ အဲယားကွန်းရဲ့ဆိုးကျိုး (၆)ခု

အိမ်ထဲကျူးကျော်ဝင်ရောက်လာတဲ့ အင်းဆက်ပိုးမွှားတွေကို ဘယ်လိုနှိမ့်နှင်းကြမလဲ

ကျန်းမာရေးကို ထင်မထားလောက်အောင်ထိခိုက်စေနိုင်တဲ့ အိမ်တိုင်းမှာရှိတတ်တဲ့အရာ(၅)မျိုး

ခြင်ပြေးစေဖို့ အိမ်ထဲမှာထားသင့်တဲ့ အပင်လေး (၅) ပင်အကြောင်း
 
Ref & Photo Credit: Myanmar Builder Guide
Posted By: Ra Wai (ShweProperty.com)