အိမ်တွေမှာ ဝိညာဉ်မရှိဘူးဆိုပေမယ့် အိမ်ရဲ့တည်နေရာအခြေအနေ၊ပတ်ဝန်းကျင်တွေနဲ့ အခြားအမျိုးမျိုးသောအကြောင်းအရာတွေကြောင့် နေထိုင်တဲ့ လူကို စီးပွားတက်စေတဲ့အီမ်၊အကျိုးပြုတဲ့အိမ်နဲ့ အကျိုးမပြုတဲ့အိမ်၊ အကျိုးမပြုတဲ့အပြင်လူတွေကိုပါ ဒုက္ခရောက်စေနိုင်တဲ့အိမ်ဆိုပြီး အမျိုးအစားတွေရှိတတ်ပါတယ်။ ဒီနေ့တော့ Shwe Property က ဖုန်းရွှေနည်းအရ လူခိုက်တတ်တဲ့အိမ်ကို ပြုပြင်နည်းလေးတွေ ပြောပြပေးလိုက်ပါတယ်။ 

(၁) လေဝင်လေထွက်ကောင်းအောင်ထားပါ 

​အိမ်ရဲ့နေရာတိုင်းကို လေကောင်းလေသန့်တွေဝင်နိုင်အောင် ထားပေးပါ။ပြတင်းပေါက်တွေကို နေရောင်ခြည်ဝင်နိုင်အောင် မနက်ခင်းတွေမှာ ဖွင့်ထားတာမျိုးလုပ်ပေးသင့်ပါတယ်။ ဒါမှ ကောင်းမွန်တဲ့ ဓာတ်တွေက အိမ်ထဲကိုစီးဆင်းလာမှာဖြစ်ပြီး မကောင်းတဲ့ ဓာတ်တွေကို ဖယ်ရှားသွားနိုင်မှာပါ။

(၂) အိမ်ကို ရှင်းလင်းနေအောင်ထားပါ

အိမ်ကရှုပ်ပွနေတဲ့အခါ မကောင်းတဲ့အငွေ့အသက်တွေ energy တွေက ရှုပ်ထွေးနေတဲ့နေရာကြားထဲတွေမှာ ခိုအောင်းနေတတ်ပါတယ်။ အိမ်မှာပျက်စီးနေတဲ့ ထိုင်ခုံ၊စားပွဲလို ကျိုးပဲ့နေတဲ့အသုံးအဆောင်တွေရှိမယ်ဆိုရင်လည်း မကောင်းတဲ့ energy တွေက အဲဒီပစ္စည်းတွေမှာ ကပ်တွယ်နေနိုင်ပါတယ်။ ဒါကြောင့် အိမ်ကိုရှင်းလင်းနေအောင်ထားပြီး အသုံးမလိုတဲ့ပစ္စည်းတွေကို ပစ်တန်ပစ်၊ ပေးတန်ပေးလုပ်ပေးသင့်ပါတယ်။ 



(၃) စိန်နားပန်ပန်း အနံ့ပေးပါ

စိန်နားပန်လို့မြန်မာလိုအနီးစပ်ဆုံးခေါ်ကြတဲ့ Sage ဟာ မကောင်းတဲ့အငွေ့အသက်တွေ negative energy တွေကို ဖယ်ရှားပေးနိုင်တယ်လို့ အမေရိကန်​တွေက ယုံကြည်ကြပါတယ်။ ဒါကြောင့် အိမ်မှာ မကောင်းတဲ့ negative energy တွေရှိနေတယ်လို့ထင်ရင်၊လူကို ခိုက်နေတယ်လို့ယူဆရရင် တစ်အိမ်လုံးကို Sageနဲ့ မှိုင်းတိုက်ပေးလိုက်ပါ။ ပြီးရင် Sage ရဲ့မီးခိုးငွေ့တွေနဲ့အတူ အိမ်ထဲက မကောင်းတဲ့အရာတွေအားလုံးကို ဖယ်ရှားပြီးပြီလို့ မှတ်ယူလိုက်ရပါမယ်။ 

(၄) နံရံတွေကို အဝါရောင်ခြယ်ပါ 

အရောင်တွေဟာ ဖုန်းရွှေနည်းလမ်းမှာ အရေးပါတဲ့ သဘာဝပစ္စည်းတွေဖြစ်ပါတယ်။ အိမ်ရဲ့ နံရံတွေကို အဝါရောင်ခြယ်ထားမယ်၊ အဝါရောင် နံရံကပ်စက္ကူလိုမျိုး ကပ်ထားမယ်ဆိုရင် အိမ်ကိုပိုပြီးတော့ ကျယ်စေသလို အိမ်ထဲမှာ မကောင်းတဲ့ဓာတ်သဘောတွေရှိမယ်ဆိုရင်လည်း ဖယ်ရှားပေးပြီးတစ်ယောက်ယောက်က အောက်လမ်းနည်းတွေနဲ့ တိုက်ထားမယ်ဆိုရင်လည်း မထိရောက်ဘဲ ပြယ်လွင့်သွားစေနိုင်တဲ့ စွမ်းအင်ရှိပါတယ်။ ဒါကြောင့် အိမ်နံရံတွေအခန်းတွေကို ပြုပြင်တော့မယ်ဆိုရင် အဝါရောင်က အသင့်တော်ဆုံးရွေးချယ်မှုပါပဲ။ 

(၅) အိမ်မှာမှန်တွေအသုံးပြုပါ 

မှန်တွေဟာအိမ်ကို ကောင်းမွန်တဲ့စွမ်းအင် (ချီစွမ်းအင်) တိုးပွားစေပါတယ်။ အိမ်ရဲ့နေရာအနှံ့အ​ပြားမှာ ကြည့်မှန်တွေထားပြီး မှန်ကို ပြောင်လက်နေအောင်တိုက်ပေးမယ်ဆိုရင် အိမ်ထဲက မကောင်းတဲ့ energy တွေကိုဖယ်ရှားပေးပြီး ကောင်းမွန်တဲ့စွမ်းအင်တွေဝင်ရောက်နေရာယူစေသလို အိမ်မှာနေထိုင်တဲ့လူတွေရဲ့ စိတ်ကိုလည်း စိတ်ရှုပ်၊စိတ်ညစ်စရာတွေကနေ ကင်းဝေးစေပြီး ကြည်လင်နေအောင် လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် မှန်ရွေးချယ်တဲ့နေရာမှာ လေးထောင့်မှန်တွေ၊ အဖျားပိုင်းချွန်ထက်တဲ့မှန်တွေကို ရှောင်ပြီး မှန်ဝိုင်းတွေနဲ့ ဘောင်ပါတဲ့ မှန်တွေကိုပဲ ရွေးချယ်ဖို့သတိပြုရပါမယ်။ 

အခုပြောပြသွားတာတွေကတော့ လူခိုက်တတ်တဲ့အိမ်ကို ဖုန်းရွှေနည်းအရ ဘယ်လို ပြုပြင်သန့်ရှင်းရမလဲဆိုတဲ့ နည်းလမ်းလေးတွေပါ။ 

နောက်တစ်ပတ်တွေမှာလည်း အိမ်၊ မြေကွက် estate အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ လိုက်နာစရာ ဗဟုသုတတွေ၊ အိမ်တွင်းရေးပိုမိုသာယာစေပြီး လာဘ်လာဘပေါများစေမယ့် ဖုန်းရွှေနည်းလမ်းတွေ၊ ဗေဒင်အစီအရင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

Written By : San Wadi Hnin (ShweProperty.com)