နေအိမ်ခန်းများအတွင်း၌ ရှိသော အိမ်တွင်းပိုးမွှားထံမှ ရတတ်တဲ့ ရောဂါများက လူတို့အတွက်အန္တရာယ်များစွာရရှိနိုင်ပါတယ်။ များသောအားဖြင့် အိမ်တွင်းပိုးမွှားများကို နှိမ်နင်းရန် လစ်ဟာမှုများရှိနေတတ်ကြပါတယ်။ အိမ်တွင်းပိုးမွှားတွေဟာ လူတွေအတွက် အသက်အန္တရာယ်ထိရောက်အောင် ရောဂါများကိုဖြစ်စေလို့ အမြဲနှိမ်နင်းပေးနေဖို့လိုပါတယ်။
အများဆုံးတွေ့မြင်ရလေ့ရှိတဲ့ အိမ်တွင်း အင်းဆက်ပိုးမွှားများကတော့

၁.ပိုးဟပ်

ပိုးဟပ်ဟာ ရင်ကျပ်ရောဂါ၏ နံပါတ်တစ် တရားခံဟု သုတေသနတွေမှာတွေ့ရှိပါတယ်။ ပိုးဟပ်ဆိုတဲ့ အင်းဆက်ကောင်တွေက ရောဂါပိုးအများဆုံးရှိတဲ့ ပိုးမွှားပဲဖြစ်ပါတယ်။
ပိုးဟပ်ကကျသည့် သွားရည်နှင့် မစင်ကို မတည့်သူတွေ တော်တော်များရှိပါတယ်။ မတည့်တဲ့သူတွေကတော့ House Dust Mite ဟုခေါ်တဲ့ သာမန်မျက်စိနှင့် မမြင်ရသည့် အင်းဆက် တစ်မျိုးကလည်း တော်တော်ဆိုးဝါးလှပါတယ်။ အိပ်ရာခင်း၊ ခန်းဆီး၊ ကော်ဇော၊ မွေးပွရုပ် အစရှိသည်တို့မှာ နေတတ်ပါသည်။ ဒါကြောင့် ပိုးဟပ်များမလာနိုင်အောင် လုပ်ထားဖို့ အရေးကြီးပါတယ်။

၂.ခြင်

ခြင်ဆိုတဲ့အင်းဆက်ကတော့ အပူပိုင်းဒေသတွေမှာပေါများတဲ့ အင်းဆက်လို့ပြောလို့ရပါတယ်။ ခြင်တွေဟာလည်းပဲ ရောဂါပိုးမွှားများ သယ်ယူပို့ဆောင်လာတတ်တဲ့ အင်းဆက်ဖြစ်တာမို့ ခြင်အကိုက်မခံအောင် ကာကွယ်ထားဖို့တော့လိုပါတယ်။ ခြင်ကဖြစ်တတ်တဲ့ ရောဂါတွေကတော့ သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ဆင်ခြေထောက်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်၊ ဇီကာ စသဖြင့် ရောဂါများရှိတာမို့ အိမ်တွင်းပိုင်း လေဝင်လေထွက်ကောင်းဖို့နှင့် အလင်းရောင်ကောင်းကောင်းရရှိအောင်လုပ်ထားပေးသင့်ပြီး ရေဝပ်တဲ့နေရာတွေမှာ ခြင်မပေါက်ပွားနိုင်အောင် ဆားခပ်ခြင်း (သို့) မြေဖို့ခြင်းများကိုလုပ်ဆောင်ဖို့လိုအပ်ပါတယ်။




၃.ယင်ကောင်

ယင်ကောင်ဆိုတဲ့ အင်းဆက်ကောင်ကလည်း ပိုးဟပ်တွေခြင်တွေလို ရောဂါပိုးမွှားများအပြည့်ရှိနေပြီး တစ်နေရာနဲ့တစ်နေရာ ရောဂါတွေသယ်ဆောင်တတ်ပါတယ်။ ယင်ကောင်တစ်ကောင်နားလိုက်ပြီဆိုတာနဲ့ အဲ့ယင်ကောင်မှာပါလာတဲ့ ရောဂါတွေဟာ နောက်တစ်နေရာကို ပို့ဆောင်ပြီးသား ဖြစ်လေ့ရှိပါတယ်။ အဲဒီရောဂါတွေကတော့ အဓိကအားဖြင့် ဝမ်းပျက်ဝမ်းလျောရောဂါကို ဖြစ်စေတာမို့ တတ်နိုင်သမျှ ယင်နားတဲ့ အစာများမစားသောက်မိဖို့နဲ့ အစားအသောက်များကို ယင်မနားလာအောင် ဖုံးအုပ်ထားသင့်ပါတယ်။
ပိုးမွှားကာကွယ်ဖို့အတွက်အောက်ပါအချက်လေးတွေလုပ်ဖို့လိုအပ်ပါတယ်။

၁။ ထမင်းစားခန်းနဲ့ မီးဖိုချောင်မှာပဲ အစားအစာ စားကြပါ။
၂။ ရေခဲသေတ္တာထဲ ထည့်ရန် မလိုသော အစားစာများကို လုံခြုံ တင်းကြပ်စွာ ဖုံးအုပ်ထားပါ။
၃။ အမှိုက်နေ့စဉ်စွန့်ပစ်ပါ။
၄။ စားပွဲ၊ ဗီရို၊ ကောင်တာများ မှန်မှန်သန့်စင်ပါ။
၅။ နံရံ အက်ကြောင်း ကွဲကြောင်းများ မှန်မှန်ပြုပြင်ပါ။
၆။ သစ်သား ကြမ်းပြင်များကို အဝတ်စိုဖြင့် မှန်မှန်သုတ်ပါ။ (ပိုးသတ်ဆေးအချို့ တည့်နိုင်ပါသည်။)
၇။ ဖုန်မှုန့်များ အဝတ်စိုဖြင့် မှန်မှန်သုတ်ပါ။
၈။ ကော်ဇောကို ဖုန်စုပ်စက်ဖြင့် မှန်မှန်စုပ်ပေးပါ။
၉။ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ စောင်များ မှန်မှန်ပြုတ်လျှော်ပါ။
၁၀။ အမှုန် ခိုအောင်းနိုင်သော ပစ္စည်းများ ရှင်းပစ်ပါ။ (မွေးပွအရုပ်… စသည်) ရေဆေး၍ ရသော အရုပ်များသာ ဝယ်ပေး၍ မှန်မှန် ဆေးကြောပါ။
၁၁။ အိမ်ကို တတ်နိုင်သလောက် ခြောက်သွေ့စေပါ။(နေရောင် ဝင်ပါစေ)

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

မသိလိုက် မသိဘာသာ လုပ်မိနေတဲ့ မီးဖိုချောင်ထဲက စက်ဆုပ်ဖွယ်အမူအကျင့်များ

အိမ်မှာစိုက်ထားလိုက်ရုံနဲ့ ခြင်၊ ယင်၊ ပိုးဟပ်တွေ လုံးဝမလာတော့မယ့် အပင်

ကံကောင်းစေဖို့ အိမ်တွင်းမှာထားသင့်တဲ့ အရာ(၇)မျိုး

သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်လေးကပေးတဲ့ အကျိုးကျေးဇူး

 
Credit By: JumboVape‬ 
Posted By : Aung Ko Oo (ShweProperty.com)