ထူးဆန်းပြီး အံ့အားသင့်စရာတွေပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ ဒီလိုဆန်းဆန်းပြားပြားတည်ဆောက်ထားတဲ့ အိမ်တွေရှိတယ်ဆိုတာကိုလည်း လက်မခံလို့မရပါဘူး။ဘယ်လိုတွေဆောက်ထားတာမို့ မြင်တာနဲ့ ဘာကြီးလဲဟလို့တောင် ရေရွတ်မိမှာလဲ?ကျွန်တော်တို့အတူတူဖတ်ကြည့်လိုက်ရအောင် 

(၁) မှိုအိမ်ကြီး



မှိုပွင့်ကြီးနဲ့တူတဲ့ အိမ်ကြီးကိုတော့ ၁၉၇၀ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်အတွင်းတည်ဆောက်ခဲ့တာဖြစ်ပြီး နယူးယော့ခ်ရဲ့ Perinton ဆိုတဲ့ မြို့လေးမှာ တည်ရှိတာပဲဖြစ်ပါတယ်။အိမ်အတွင်းပိုင်းမှာတော့ ကြမ်းခင်းကို ဒီဇိုင်းဆန်းပြီး ကြွရွနေအောင်ပုံဖော်ထားတဲ့ကြွေပားတွေခင်းထားပြီး အတွင်းပိုင်းဒီဇိုင်းအနေနဲ့ Queen Anne's lace ပန်းပွင့်ရဲ့ ပုံစံအတိုင်း ကျောရိုးယူကာ တည်ဆောက်ထားတာပဲဖြစ်ပါတယ်။

(၂)ဇောက်ထိုးအိမ်



ထူးထူးဆန်းဆန်းပါပဲ။Klaudiusz Golos နဲ့ Sebastion Mikuciuk ဆိုသူတို့ဟာ အိမ်ကို ဇောက်ထိုးတည်ဆောက်ထားတဲ့အပြင် အတွင်းပိုင်းဒီဇိုင်းအပြင်အဆင်တွေ၊အသုံးအဆောင်တွေကိုလည်း ဇောက်ထိုးဖြစ်နေအောင် တည်ဆောက်ဖန်တီးခဲ့သူတြွေဖစ်ပါတယ်။'သူတို့ အဲ့ဒီလိုဒီဇိုင်းမျိုးနဲ့အိမ်ကိုတည်ဆောက်ရတဲ့အကြောင်းပြချက်ကတော့ သီးသန့်မရှိပါဘူး။မတူညီတဲ့ပုံစံတစ်ခုခုကိုလုပ်ခဲ့ချင်ရုံပါ'လို့လည်းပြောထားပါတယ်။အဲ့ဒီဇောက်ထိုးအိမ်ကိုတော့ ဂျာမနီနိုင်ငံ  Trassenheide မြို့မှာ တွေ့မြင်ရမှာဖြစ်ပြီး ခရီးသွားတိုင်း ဝင်ရောက်ကြည့်ရှုလည်ပတ်နိုင်တဲ့အိမ်လေးလည်းဖြစ်ပါတယ်။

(၃)ချစ်စရာအိမ်တွဲလေးများ



Kubuswoningen လို့နာမည်ပေးထားတဲ့ ချစ်စရာအိမ်တွဲလေးတွေဟာ နယ်သာလန်နိုင်ငံ Rotterrdam မြို့လေးမှာတည်ရှိပါတယ်။ဒီအိမ်တွဲလေးတွေကိုတော့ ဗိသုကာပညာရှင်  Piet Blom ဆိုသူက ၁၉၈၄ ခုနှစ်မှာ ဒီဇိုင်းဆွဲတည်ဆောက်ခဲ့တာဖြစ်ပြီး အိမ်သေးလေးတွေစုစုပေါင်း ၃၈ အိမ်ရှိပါတယ်။ထူးခြားတာကတော့ အဲ့ဒီအိမ်လေးတွေအားလုံးက တစ်ဆက်တည်းဖြစ်နေကြတာပါ။ဒီလိုထူးခြားတဲ့အိမ်တွဲလေးတွေဟာ အခုဆိုရင်တော့ ကမ္ဘာလှည့်ခရီးသည်တွေ နားခိုရာ တည်းခိုအိမ်လေးတြွေဖစ်သွားခဲ့ပြီပဲဖြစ်ပါတယ်။



(၄)Toilet ပုံစံအိမ်ကြီး



'တစ်ယောက်ရဲ့စိုးရိမ်သောကကို တစ်ယောက်ကဖြေရှင်းပေးနိုင်တဲ့နေရာ"လို့ အဓိပ္ပာယ်ရတဲ့ Haewoojae ဆိုတဲ့နာမည်နဲ့ Toilet ပုံစံအိမ်ကြီးကိုတော့ World Toilet Association က ပြောရေးဆိုခွင့်ရှိသူ တာဝန်ရှိလူကြီးတစ်ယောက်က ဒီဇိုင်းဆွဲတည်ဆောက်ထားတာဖြစ်ပါတယ်။Toilet ပုံစံတည်ဆောက်ရတဲ့အဓိကရည်ရွယ်ချက်က ကမ္ဘာအနှံ့မှာရှိနေတဲ့  ကျန်းမာရေး၊တစ်ကိုယ်ရည်သန့်ရှင်းရေးပိုင်းဆိုင်ရာ ပြဿနာတွေကို အာရုံစိုက်စေချင်တဲ့မျှော်လင့်ချက်နဲ့တည်ဆောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအိမ်ကြီးကတော့ ကိုရီးယားနိုင်ငံ Suwon မြို့မှာ တည်ရှိပါတယ်။

(၅)ပန်းပွင့်အိမ်ကြီး



ပွင့်ဖတ် ၆ ခုပါရှိတဲ့ ပန်းပွင့်ကြီးသဖွယ်တည်ဆောက်ထားတဲ့ အိမ်ကြီးကို ဗိသုကာပညာရှင်တစ်ယောက်ဖြစ်တဲ့ Mareines+Patalano က ဒီဇိုင်းဆွဲဖန်တီးခဲ့တာဖြစ်ပါတယ်။ပွင့်ဖတ် ၆ ခုအုပ်မိုးထားပြီး ပွင့်ဖတ်တစ်ခုချင်းစီအတွက် အခန်းလေးတွေခွဲပြီး တည်ဆောက်ခဲ့တာပါ။အတွင်းပိုင်းဒီဇိုင်းကိုတော့ ပင်လယ်လေထုက ဖြတ်သန်းတိုက်ခတ်သွားလာနိုင်အောင် ရိုးရှင်းပြီးကျယ်ဝန်းတဲ့ ဟောကြီးသဖွယ် ဖွဲ့စည်းထားတာဖြစ်ပြီး ဒီပန်းပွင့်အိမ်လေးကို ဘရာဇီးနိုင်ငံ ပင်လယ်ကမ်းခြေမြို့လေးဖြစ်တဲ့ ANGRA DOS REIS မှာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

(၆)မိကျောင်းအိမ်



မိကျောင်းအိမ်ကြီးဟာ အနောက်အာဖရိကကမ်းရိုးတန်းနိုင်ငံဖြစ်တဲ့ Côte d'Ivoire နိုင်ငံ  Abidjan မြို့လေးမှာ တည်ရှိပြီး ပြုံးနေတဲ့မိကျောင်းပုံစံအိမ်ကြီးကိုဖန်တီးတည်ဆောက်ခဲ့သူကတော့ Moussa Kalo ဆိုတဲ့ အနုပညာရှင်တစ်ယောက်ပါ။သူဟာ မိကျောင်းအမြီးဘက်ကနေ အိမ်ထဲကိုဝင်ရောက်နိုင်ဖို့ တည်ဆောက်ထားခဲ့ပြီး အတွင်းဘက်မှာဆိုရင်လည်း ပြတင်းပေါက်တွေ၊အိပ်ရာကုတင်တွေနဲ့ လူနေထိုင်ဖို့ အသင့်ဖြစ်အောင် ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။
Thierry Atta ဆိုသူက နောက်ပိုင်းထိုအိမ်ကြီးကိုပြောင်းရွေ့နေထိုင်ခဲ့တယ်လို့လည်းသိရပါတယ်။

အခုပြောပြခဲ့တာကတော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ ဆန်းဆန်းပြားပြားအိမ်တွေအကြောင်းပဲဖြစ်ပါတယ်။မိတ်ဆွေတို့ရော ဒီလိုအိမ်တွေကို မြင်ဖူးကြပြီးပြီလား?

အခြားထူးခြားဆန်းပြားတဲ့အိမ်တွေကို မြင်ဖူးတာမျိုးရှိရင်လည်း  မျှဝေပေးခဲ့ပါဦးနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အလွန်ခေါင်းမာတဲ့ အိမ်ပိုင်ရှင်များ

JOHNNY DEPP နဲ့ AMBER HEARD ရဲ့ အခင်းဖြစ်ပွားစဉ်က အိမ်ကြီးအကြောင်း

BILL GATES ရဲ့ နည်းပညာမြင့် အိမ်ကြီးအကြောင်း

နာမည်ကျော်အနုပညာရှင်တွေပိုင်ဆိုင်ထားကြတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးဇိမ်ခံအိမ်များ

Posted By : Ra Wai (ShweProperty.com)