မိုးရာသီမှာ ပျော်ရွှင်စရာတွေ ရှိနိုင်တယ်ဆိုပေမဲ့ အိမ်မှာရှိတဲ့ သစ်သားနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂပစ္စည်းတွေ ပျက်စီးတတ်တဲ့ ပြဿနာကလည်းရှိနေတဲ့အတွက် စိတ်ညစ်စရာတွေဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့    အခုပြောပြပေးမယ့် နည်းလမ်းတွေအတိုင်း ပြုလုပ်မယ်ဆိုရင် တန်ဖိုးကြီးတဲ့ သစ်ပရိဘောဂပစ္စည်းတွေကို  ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ 
 
(၁) စစ်ဆေးပါ
 
သင့်ရဲ့  Modular Furniture အနီးမှာ Edge  banding  strips က  ကောင်းမွန်ပြီး ဆွဲဆောင်မှု ရှိနေရုံတင်မဟုတ်ဘဲ ပရိဘောဂပစ္စည်းထုတ်လုပ်မူရဲ့အစိတ်အပိုင်း အနေနဲ့လည်း အရေးကြီးပါတယ်။ သည်အစိုဓာတ်ခံနိုင်တဲ့  bands  ကအတွင်းကနေ စိမ့်ထွက်ခြင်းနဲ့  မိုးရွာနေစဉ်အတွင်း သစ်နဲ့လုပ်ထားတဲ့ ဘုတ်ပြားတွေ ကောက်ကွေးခြင်းနဲ့ ဖောင်းလာခြင်းတို့ မရှိစေသလို အစိုဓာတ်ကို ရပ်တန့်စေပါတယ်။Edge   ban-ds အားလုံးက ကွဲတာပဲ့တာမရှိဘဲနဲ့ သစ်လွင်နေတယ်ဆိုတာကို  ကြည့်ရှုစစ်ဆေးပါ။ အဲဒါတွေ  အကုန်စစ်ဆေးပြီးလို့ သိလာပြီဆိုရင်တော့ လက်သမားကို ဖုန်းဆက်ခေါ်ဖို့  လိုအပ်ပါတယ်။
 
(၂) ပရိဘောဂတွေကို နံရံမကပ်အောင်ထားပါ။
 
 ပရိဘောဂတွေကို  ပထမဆုံး နေရာချတဲ့အခါ  စိတ်လိုက်မာန်ပါနဲ့  အနားမှာရှိတဲ့ အရာအားလုံးကို နံရံနားကို  တွန်းထုတ်တတ်ကြပါတယ်။သည်လိုပြုလုပ်ခြင်းကလည်း  မိမိအိမ်နေရာ ပိုမိုကျယ်ဝန်းအောင် ပြုလုပ်နိုင်မှာပါ။ ဒါပေမဲ့ မိုးရာသီရောက်ပြီဆိုရင်တော့  သင့်ရဲ့ပရိဘောဂတွေကို နံရံနဲ့ အဝေးမှာထားဖို့  လိုအပ်ပါတယ်။ ပရိဘောဂတွေကို နံရံနဲ့အဝေးမှာ ထားလိုက်ခြင်းက အစိုပြန်နေတဲ့နံရံကနေ  အစိုဓာတ်ကူးစက်ခြင်းကို ကာကွယ်ပြီးသားဖြစ်သွားပါတယ်။အဝတ်ဗီရိုကအရေးပါတယ်ဆိုရင်တောင် ပရိဘောဂပစ္စည်းတွေရဲ့ အနောက်ဘက်က ယိုစိမ့်မူတွေကို စစ်ဆေးဖြစ်မှာ မဟုတ်ပါ ဘူး။မီးဖိုချောင်ဗီရိုနဲ့  အခြားပရိဘောဂတွေကို  သေချာလုပ်ဖို့က အရေးပါပေမဲ့လည်း ဘယ်ယိုစိမ့်မူကမှ အကြောင်းမဲ့ဖြစ်လာတာ  မဟုတ်ပါဘူး။ မိုးရာသီမှာ နံရံနဲ့ပရိဘောဂတွေကို အနည်းငယ်ခွာထားခြင်းက သင့်ရဲ့ကောင်းမွန်တဲ့ သစ်နဲ့ပြုလုပ်ထားတဲ့ ပရိဘောဂတွေ ဆုံးရူံးရမူကို လျှော့ကျစေနိုင်မှာပါ။ 



(၃) တချို့အရာတွေကို  ကိုယ်တိုင်ပြုလုပ်လိုက်ပါ။
 
မိုးရာသီရယ်   စိုထိုင်းမူဆိုတဲ့စကား လုံးရယ် မှိုတက်တာရယ်က  တွဲလျက် ရှိ နေတာဖြစ်ပါတယ်။ သည်လိုမဖြစ် အောင် လို့   fresh    ဖြစ်အောင်ထားတာ ဒါမှမဟုတ် ခြောက်သွေ့တဲ့တမာရွက်ကိုအသုံးပြုမယ် ဆိုရင်  အထက်ပါအဖြစ်အပျက်တွေကနေ တားဆီးပေး ပါလိမ့်မယ်။ ပိုးမွှားတွေအတွက်  အိမ်မှာပဲကိုယ်ပိုင်နည်းလမ်း တွေ နဲ့ပြုလုပ်ပြီး     မီးဖိုချောင်ပျက်စီး ခြင်းကို လည်း  ကာကွယ်နိုင်ပါတယ်။ 
 
(၄) ဖယောင်းနဲ့  အစိုခံနိုင်တဲ့ကော်ကို  အသုံးပြုပါ။
 
သစ်ထည်ပရိဘောဂတွေကို ဖယောင်းနဲ့ပွတ်တိုက်တာနဲ့ ပြောင်လက်အောင်တိုက်ချွတ်ခြင်းက မိုးရာသီမှာ သင့်ရဲ့ပရိဘောဂတွေကိုကာကွယ် ထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်းပါ။  ဖယောင်းကို ရွေးချယ်ခြင်းက   ပရိဘောဂတွေကို လေတွေ၊ ရေတွေမဝင်အောင် အလုံပိတ်တာမျိုးနဲ့ အစိုဓာတ်စုပ်ယူတာကို ကာကွယ်ပေးနိုင်မှာပါ။  သင့်ရဲ့modular cabinets နဲ့ပရိဘောဂတွေ ကို ပြင်ဆင်ချင်တယ် ဆို ရင်တော့  အစိုခံနိုင်တဲ့ကော်ကို  အသုံး ပြု နိုင်ပါတယ်။
 
(၅) စိုထိုင်းမူထိန်းစက်ကို   အသုံးပြုပါ။ 
 
သင့်ရဲ့အိမ်သူအိမ်သားတွေအသက်ရှူဖို့   တချို့အချိန်တွေမှာ အိမ်ရဲ့ပြတင်းပေါက်နဲ့တံခါးတွေကိုဖွင့်ထားသင့်ပါတယ်။ ဒါပေမဲ့ အဲဒါကအလုပ်မဖြစ်ဘူးလို့ ခံစားရပြီဆိုရင် ကောင်းမွန်တဲ့ စိုထိုင်းမှု ထိန်းတဲ့စက်မှာ  ရင်းနှီးမြုပ်နှံဖို့ လိုအပ်လာပါပြီ။သည်လိုဆိုရင်တော့ အိမ်အတွင်းက အပူချိန်နဲ့ စိုထိုင်းမူကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပြီးတော့  Modular နဲ့ အခြားသစ် သားနဲ့ ပြုလုပ်ထားတဲ့  ပရိဘောဂတွေကို  အချိန်အကြာကြီး      မပျက်စီးဘဲ ထားရှိနိုင်မှာပါ။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
လေလည်းသန့်၊ လာဘ်လည်းပွင့်စေတဲ့ အိမ်တွင်းစိုက်အပင်ငယ်များ
 
အညံ့တွေပြုံစေလို့ အိမ်ပတ်ဝန်းကျင်တွင် မစိုက်သင့်သော အပင်တစ်ချို့
 
ဧည့်သည်များကိုပါ အထင်ကြီးသွားစေနိုင်မယ့် အိမ်ခန်း အပြင်အဆင်
 
နေချင်စဖွယ်အိမ်လေးဖြစ်စေဖို့ရာ လက်ရန်းနှင့် လှေကားထစ်များ အလှဆင်နည်း
 
Credit By: Kumudra
Posted By : Sint Sint, ShweProperty.com)