တိုက်ခန်းဝယ်ယူတဲ့အခါ စာချုပ်စာတမ်းချုပ်ဆိုကတည်းက မြေရှင်ကို အမည်ပြောင်းခနဲ. လခကို ဘယ်လောက်နှုန်းထားဆိုတာမျိုး တစ်ပါတည်းချုပ်ဆိုမှသာ နောက်ပိုင်းအငြင်းပွားမှု လျော့နည်းနိုင်မယ်လို့သိရပါတယ်။

တိုက်ခန်းဝယ်သူတချို.ကြုံတွေ.ရတဲ့ ပြသနာက တစ်ဆင့်ပြန်ရောင်းတဲ့အခါ စျေးနှုန်းသေချာမသတ်မှတ်ထားမိတာကြောင့် အမည်ပြောင်းခကို မြေပိုင်ရှင်တောင်းသလောက်ပေးကြရသလို မြေရှင်ကို ပေးနေရတဲ့ လစဉ်လခကြေးငွေတွေကြောင့်လည်း အငြင်းပွားမှုတွေ ဖြစ်နေကြတာပါ။

အခုလိုပေးရတဲ့အပေါ် တချို.က ပေးစရာမလိုဘူး။ တချို.ကလည်း ပေးရတယ်ဆိုပြီး အပျောက်စနစ် အရောင်းအဝယ် လုပ်တဲ့အခါမှာ မေးခွန်းတစ်ခု ဖြစ်နေပါတယ်။
ရှေ.နေအသင်းဥက္ကဌ ဦးကျော်ဇေယျက ‘အပျောက်ခန်းအရောင်းအဝယ်လုပ်တဲ့အခါမှာ ဘာသဘောတူညီချက်မှ မြေရှင်နဲ. အိမ်ရှင်ကြား လုပ်ထားတာမရှိဘူးဆို အပျောက်ခန်းပြန်ရောင်းတဲ့အခါမှာ အသိပေးစရာမလိုဘူး’ လို.ပြောပါတယ်။



မြေရှင် သဘောတူညီမှုလိုတယ်ဆိုပေမဲ့ ကန်ထရိုက်တာက သူရတဲ့အခန်းကို ဝယ်သူကို တိုက်ရိုက်ရောင်းတဲ့အခါ မြေရှင်သဘောတူညီမှု မပါလည်း ရပါတယ်။ သည်လိုမျိုးအခန်းဆို ပထမဆုံးချုပ်ဆိုတဲ့ စာချုပ်က ကန်ထရိုက်တာနဲ. ဖြစ်တာကြောင့် အမည်ပြောင်းခပေးစရာမလိုပါဘူး။ ဒါကလည်း အမည်ပြောင်းခကို တချို.မြေရှင်တွေက မတန်မဆတောင်းဆိုကြတာတွေ ရှိသောကြောင့် ဖြစ်ပါတယ်။

အကျိုးဆောင် ရှေ.နေ ဦးမောင်မောင်က ‘အများစုက ပထမစာချုပ်မှာ မြေရှင်နဲ. သဘောတူညီချက်တွေ ပါနေတာရှိတယ်၊ ဒါပေမဲ့ စာချုပ်မှာ ပါတဲ့ တန်ဖိုးအတိုင်း ပေးတာလက်မခံရင်တော့ ဝယ်သူက ပျက်ကွက်တာ မဟုတ်တော့ဘူး၊ တချို.စာချုပ်မှာ နှုန်းထားတစ်ခါတည်း ထည့်မချုပ်တဲ့ အခါမှာ ပြဿနာရှိတယ်။ မြေရှင်တောင်းသလောက်ပေးရတာမျိုးတွေ ရှိလာတယ်’ လို့ပြောပါတယ်။

တချို.ဆို အရောင်းအဝယ်ဖြစ်ပြီးခါမှ စရန်ချပြီးမှ မြေရှင်ကို ပေးရတဲ့ အမည်ပြောင်းခအတွက် ညှိနှိုင်းမရလို. ပွဲပျက်သွားတာမျိုးလည်း ရှိတယ်လို့သိရတယ်။
သည်နောက်ပိုင်းမှာတော့ တချို့နားလည်သူတွေက အမည်ပြောင်းခကို ဘယ်လောက်ဆိုတာမျိုးထည့်ချုပ်ဆိုကြတယ်။

လစဉ်မြေရှင်ကို လာပေးရတာကလည်း ထုံးတမ်းစဉ်လာတစ်ခုလို ဖြစ်နေပြီး ဒါတွေက အပျောက်စနစ်နဲ. ဝယ်ထားတာ ဆိုပေမဲ့ အိမ်ငှားအမျိုးအစားထဲမှာ ပါတာကြောင့်လို. သိရတယ်။

လှိုင်မြို့နယ်နေထိုင်သူ အိမ်ရှင်မတစ်ဦးက ‘တချို.က လစဉ်ပေးရသလို တချို.က နှစ်ချုပ်နဲ.ပေးထားရတယ်၊ တစ်လကို ၃၀၀၀လောက်ပေးရတာ ပြသနာမဟုတ်ပေမယ့် အန္တရာယ်ရှိ အဆောက်အအုံဖြစ်လို့ ဖြိုပြီးရင် မြေပိုင်ရှင်က မြေပိုင်ပြီး သူပေးတဲ့အခန်းကို ပြန်ယူရမယ်ဆိုတာမျိုးတွေကျ မဖြစ်သင့်ဘူး၊ ဥပဒေလိုအပ်မယ်လို့တော့ထင်တယ်’ လို.ပြောပါတယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

BOT မြေပေါ်ဆောကိတဲ့တိုက်ခန်းနဲ့ဂရန်မြေပေါ်ဆောက်တဲ့တိုက်ခန်းကွာခြားချက်

ဂရန်လျှောက်နိုင်သည့်မြေ

ပါမစ်စာရွက်စာတမ်းတွင် အပေါက်များဖောက်ထားပါက သတိပြုနိုင်ရန်အချက်

အိမ်ခွန် အမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

Credit By: The Kumudra
Posted By : Ra Wai (ShweProperty.com)