By RW, Shweproperty.com
Updated at 1 September 2025
သင့်ဘိုးဘွားပိုင်မြေနှင့်ပတ်သက်၍ အမည်စာရင်းပြောင်းလဲလိုသည့်အခါ အောက်ဖော်ပြပါ လိုအပ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရန် လိုအပ်ပါသည်။ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဦးစီးဌာနမှ ဤလမ်းညွှန်ချက်များကို ထုတ်ပြန်ထားပြီး၊ လျှောက်ထားသူများအတွက် လုပ်ငန်းစဉ်ပိုမိုလွယ်ကူချောမွေ့စေရန် ရည်ရွယ်ပါသည်။ ဘိုးဘွားပိုင်မြေ အမည်စာရင်းကို ပြောင်းလဲလိုပါက အောက်ပါအချက်အလက်များနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိထားရန် မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဦးစီးဌာန ထုတ်ပြန်ကြေငြာထားပါတယ်။ ဘိုးဘပိုင်မြေများကို အမည်ပြောင်းလျှောက်ထားလာပါက အောက်ဖော်ပြပါ အတိုင်း အမျိုးအစားများခွဲခြား၍ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည် (က) အမည်ပြောင်း (ခ) ဦးပိုင်ခွဲအမည်ပြောင်း(ဦးပိုင်တစ်ခုကို ခွဲစိတ်၍ အမည်ပြောင်းလျှောက် ထားခြင်း) (ဂ)အမည်ဖြည့်စွက်ခြင်း(မူလအမည်ပေါ်က်အပြင် နှစ်ဦးအမည်ဖြင့် အမည်ထပ်မံဖြည့်စွက်လျှောက်ထားခြင်း) နောက်ထပ်တစ်ဦး၊ (ဃ) အမည်ပယ်ဖျက်ခြင်း(မူလနှစ်ဦး၊ သုံးဦးအမည်ပေါက်မှ တစ်ဦးဦးအား ပယ်ဖျက်ပေးရန် လျှောင်ထားခြင်း)။ ၂။ ဘိုးဘပိုင်မြေအမည်ပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါ စာချုပ် စာတမ်းများနှင့် အထောက်အထားများ လိုအပ်ပါသည်- (က) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူမှန်၊ (ခ) မြေပုံ၊ မြေရာဇဝင်မူရင်း၊ (ဂ) အမွေဆက်ခံခြင်းဖြစ်ပါက အဆင့်ဆင့်အမွေဆက်ခံမှုစာချုပ်စာတမ်း မိတ္တူ၊ (ဃ)အရောင်းအဝယ်ဖြစ်ပါက အဆင့်ဆင့်အရောင်းအဝယ်ပြုလုပ်သည့် မှတ်ပုံတင် စာချုပ်မိတ္တူမှန်၊ (c) အပေး၊ စွန့်လွှတ်၊ အမည်ပြောင်းဖြစ်ပါက မှတ်ပုံတင်ပေးကမ်း စွန့်လွှတ် စာချုပ်မိတ္တူမှန်၊ (စ)တရားရုံးဒဂရီ(သို့မဟုတ်) တရားမပုံစံ(၁၀၆) (တရားရုံးမှအမည်ပြောင်းပေးရန် အကြောင်းကြားစာ) (ဆ) အမည်ပေါက်သေဆုံးပါက သေစာရင်းမိတ္တူမှန်၊ (ဇ) အိမ်ထောင်စုဇယား မိတ္တူမှန်၊ (ဈ) အဆောက်အဦဓါတ်ပုံ၊ (ည) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်။ ၃။ အထက်ဖော်ပြပါ အထောက်အထားများဖြင့် အမှုတွဲတည်ဆောက်ပြီး သတင်းစာ ကြော်ငြာ၍ ကန့်ကွက်မှုမရှိ၊ အရှုပ်အရှင်းမရှိပါက (၁)လအတွင်း အမည်ပေါက် ဆောင်ရွက် ပေးနိုင်ပါသည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ