ဆားဟာ ဟင်းချက်ရာမှာသာမက အိမ်သန့်ရှင်းရေးလုပ်ရာမှာလည်း အလွန်အကျိုးရှိစေပါတယ်။

အိမ်သုံးဆားကို အသုံးပြုပြီး မီးဖိုချောင်၊ ရေချိုးခန်း၊ အဝတ်အစားတွေနဲ့ အိမ်ထဲက ပစ္စည်းအချို့ကို သန့်ရှင်ရေးပြုလုပ်ရာတွင် အံ့သြစရာကောင်းလောက်အောင် အသုံးဝင်ပါသေးတယ်။

ဆားကို ဘယ်လိုနေရာတွေမှာ အကျိုးရှိရှိအသုံးပြုလို့ရလဲဆိုတာ အောက်မှာဆက်ဖတ်လိုက်တော့နော်....

1. မီးဖိုချောင်သန့်ရှင်းရေး

- ဆီပေကျံတာတွေဖယ်ရှားဖို့ ဆားကို ဆီပေကျံတဲ့ မီးဖိုချောင်မျက်နှာပြင်ပေါ်မှာ ဖြူးပြီး ရေစိုစွတ်တဲ့ မျက်နှာသုတ်ပုဝါနဲ့ သုတ်လိုက်ရင် ဆီတွေ အလွယ်တကူဖယ်ရှားနိုင်ပါတယ်။  
- ဒယ်အိုးတွေကို သန့်စင်ဖို့ ဆားနဲ့ ရေကို ရောစပ်ပြီး ဒယ်အိုးပေါ်ကહား ဆွဲထည့်ပါ။ ပြီးရင် ရေနဲ့ဆေးကြောလိုက်ပါ။ အဆီအနှစ်တွေ ကျန်ခဲ့ရင်လည်း ဆားနဲ့ ပွတ်တိုက်ပြီး သန့်စင်နိုင်ပါတယ်။

2. ရေချိုးခန်းသန့်ရှင်းရေး
  
- ကြွေပြားတွေကို သန့်စင်ဖို့ ဆားနဲ့ ရှာလက်ရည်ကို ရောစပ်ပြီး ကြွေပြားပေါ်က အညစ်အကြေးတွေကို ပွတ်တိုက်သန့်စင်နိုင်ပါတယ်။ ဒါက အထူးသဖြင့် ရေချိုးခန်းကြွေပြားတွေပေါ်က ဆပ်ပြာအနှစ်တွေကို ဖယ်ရှားဖို့ အထောက်အကူဖြစ်ပါတယ်။  

- ရေမြှုပ်ပိုက်သန့်စင်ဖို့ ဆားကို ရေမြှုပ်ပိုက်ထဲ ထည့်ပြီး ရေနွေးနဲ့ဆေးကြောရင် ပိုက်ထဲက အညစ်အကြေးတွေ သန့်စင်သွားပါတယ်။



3. အစွန်းအထင်းများကို ဖယ်ရှားခြင်း-
  
- အဝတ်ပေါ်က အစွန်းအထင်းဖယ်ရှားဖို့ ဆားကို ရေနဲ့ရောပြီး အဝတ်ပေါ်က သွေး၊ ဆီ၊ သို့မဟုတ် ဝိုင်အစွန်းအထင်းတွေပေါ်မှာ လိမ်းပြီး ပွတ်တိုက်ပါ။ ပြီးရင် ပုံမှန်အတိုင်း ဆေးကြောလိုက်ပါ။  

- အဝတ်အစားတွေ အရောင်မှိန်ခြင်းကာကွယ်ဖို့ ရောင်စုံအဝတ်တွေကို ဆားရည်ထဲမှာ စိမ်ထားပြီး ဆေးကြောရင် အရောင်မှိန်တာကို ကာကွယ်ပေးပါတယ်။

4. သံချေးတက်တာဖယ်ရှားဖို့
  
- သံချေးတက်နေတဲ့ သတ္တုမျက်နှာပြင်တွေပေါ်မှာ ဆားနဲ့ သံပယိုရည်ကို ရောစပ်ပြီး လိမ်းကာ ပွတ်တိုက်ရင် သံချေးတွေကို ဖယ်ရှားနိုင်ပါတယ်။

5. အနံ့ဆိုးဖယ်ရှားဖို့
  
- ဖိနပ် ဒါမှမဟုတ် ပုလင်းတွေထဲက အနံ့ဆိုးတွေကို ဖယ်ရှားဖို့ ဆားကို ဖြူးထည့်ပြီး တစ်ညထားထားပါ။ ပြီးရင် ဆေးကြောရင် အနံ့ဆိုးတွေ ပျောက်သွားပါတယ်။

6. သစ်သားမျက်နှာပြင်သန့်ရှင်းရေး  

- သစ်သားစားပွဲတွေပေါ်က ရေစွန်းအမှတ်တွေကို ဆားနဲ့ ရေကို ရောစပ်ပြီး ပွတ်တိုက်ရင် ဖယ်ရှားနိုင်ပါတယ်။

Ref : herzindagi