ဖုန်းရွှေနည်းပညာကို စီးပွားရေး လာဘ်လာဘတွေ ကောင်းအောင်၊ အိမ်ကျတ်သရေတိုးအောင်၊ လာဘ်လာဘတွေ ဝင်အောင် စသဖြင့် ရည်ရွယ်ချက်တွေနဲ့ လိုက်နာကျင့်သုံးကြလေ့ ရှိပါတယ်။  “ဖုန်းရွှေ”ဆိုတာဟာ တရုတ်ဝေါဟာရက “လေ” နဲ့ “ရေ” ကို ရည်ညွှန်းဆိုလိုခြင်းဖြစ်ပြီး ဖုန်းရွှေနည်းပညာဆိုတာဟာ လေနဲ့ ရေကို အခြေခံထားတဲ့ သဘာဝကျတဲ့ ပညာရပ်တစ်ခုလို့ ဆိုရပါမယ်။  

တခါတလေ ကိုယ်က အလုပ်ကို ကြိုးစားလုပ်ကိုင်နေပေမယ့် ဘယ်လိုမှ တိုးတက်ခြင်း မရှိခြင်း၊ သေးသေးဖွဲဖွဲ အကြောင်းအရင်းတွေကြောင့် အိမ်သားတွေ မကြာခဏ ရန်များရခြင်းတို့ဟာ ဖုန်းရွှေနည်းအရ အိမ်ရဲ့ပုံစံလွဲမှားနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

ဒါဆို သင့်အိမ်မှာလည်း ဖုန်းရွှေနည်းအရ လွဲမှားနေတဲ့ အရာတွေ ရှိနိုင်ပါတယ်။ ဘာတွေ ဖြစ်နိုင်မလဲ ဆိုတာကို အောက်မှာဆက်ကြည့်လိုက်ရအောင်။ 

- မြေအောက်ကားပါကင် ကားအဝင်အထွက် ရှိတဲ့ ဝင်ပေါက်ရဲ့ ရှေ့ဖက်မှာ ရှိတဲ့ အိမ်
အဲဒီနေရာမှာ ရှိနေတဲ့အိမ်မှာ စီးပွားရေး မလုပ်သင့်ပါဘူး။ ဖုန်းရွှေနည်းအရ ကားအဝင်အထွက်များတဲ့ နေရာကို မျက်နှာမူထားခြင်းဟာ ဝင်ငွေတွေ ပြန်ထွက်သွားနိုင်တဲ့ နိမိတ်ရှိနေပြီး အလုပ်မမြဲ၊ ဝင်ငွေမတည်ငြိမ်ဘဲ မိမိစီးပွား၊ကုမဏီတွေ ပျက်စီးနိုင်ခြင်း၊ ဝင်ငွေ လျော့နည်းလာခြင်း၊ အိမ်ထောင်ရေးတဖြည်းဖြည်းညံလာခြင်း၊ ကျန်းမားရေးပါ တဖြည်းဖြည်းကျဆင်းလာခြင်းတို့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

- အိမ်တံခါးမကြီးက အပြင်ဖွင့် ဖြစ်နေခြင်း

အိမ်ရှေ့တံခါးရွက်က အပြင်ဘက်ကို ဖွင့်ရင် အိမ်ထဲကို ကံကောင်းခြင်းတွေ ဝင်လာတဲ့အခါ အပြင်ကို ယက်ထုတ်လိုက်သလို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အိမ်တော်တော်များများမှာ အဝင်တံခါးရွက်ကို အတွင်းဖွင့်သာ ထားကြတာ ဖြစ်ပါတယ်။ 



- မိမိအိမ်တံခါးမကြီးနဲ့ နောက်ဖေးတံခါး တည့်တည့်ဖြစ်နေခြင်း

အိမ်ရှေ့တံခါးမကြီးနဲ့ အိမ်နောက်ဖေး တံခါးနဲ့က တတန်းတည်း တည့်တည့် ဖြစ်နေရင် ဖုန်းရွှေနည်းအရ မကောင်းဘူးလို့ ယူဆထားပါတယ်။ အဲဒီလို တည့်တည့်ဖြစ်နေခြင်းဟာ မိမိအိမ်အတွင်းက စုဆောင်းထားတဲ့ ရွှေငွေပစ္စည်းတွေ အကြောင်းအမျိုးမျိုးနဲ့ ထွက်တတ်ပြီး ပိုငွေမစုမိခြင်း၊ ရသမျှဝင်ငွေ ထွက်သွားတက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ 

- အပေါ်ထပ် လှေကားအဆင်းနဲ့ နောက်ဖေးတံခါးမကြီး တတန်းတည်း ဖြစ်နေခြင်း 
အပေါ်ထပ် လှေကားအဆင်းနဲ့ နောက်ဖေးတံခါးကြီးနဲ့ တည့်တည့်ဖြစ်နေမယ်ဆိုရင် မိမိစုဆောင်းထားတဲ့ ငွေတွေ ကုန်းဆင်းလှေခါးနဲ့ တခါထဲပါသွားတတ်တယ်လို့ ဖုန်းရွှေနည်းပညာက ဆိုထားပါတယ်။

- မိမိအလုပ်စားပွဲ ၊ မိမိ အိပ်ယာခေါင်းရင်မှာ ထုတ်တန်းရှိနေခြင်း

အိပ်ယာခေါင်းရင်းမှာ ထုတ်တန်းရှိနေမယ်ဆိုရင် ကျန်းမာရေး ထိခိုက်တတ်ပါတယ်။ အကြောင်းကတော့ ပြင်ပ လေဟာ ထုပ်တန်းကို တိုက်ပြီးပြန်ဆင်းတာကြောင့် ခေါင်းကို တိုက်ရိုက်လေရောက်ပြီး ကြာတဲ့အခါ ဦးခေါင်းမကြည်လင်ခြင်းတို့ ဖြစ်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ 

ကဲ...သင့်အိမ်မှာ အခုဖော်ပြခဲ့တဲ့ ဖုန်းရွှေနည်းနဲ့ ဆန့်ကျင်ဘက်အရာတွေ ရှိနေတယ်ဆိုရင် အခုပဲ ပြင်ဆင်လိုက်တော့နော်။

Wirtten By : Lily (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)