ဧည့်ခန်း၊ မီးဖိုချောင်၊ ထမင်းစားခန်း၊ အိပ်ခန်းနဲ့ ရေချိုးခန်းလိုနေရာမျိုးမှာ တောင် သဘာဝအပင်တွေ စိုက်ပျိုးပြီး အိမ်တွင်းအလှဆင်သင့်ပါတယ်။ ငွေကုန် ကြေးကျနည်းပြီး အိမ်တွင်းလေထုကို သန့်စင်ပေးတဲ့အပြင် ကျန်းမာရေးနဲ့ ညီ ညွတ်စေတဲ့ ကောင်းကျိုးတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။
 
စိတ်ဖိစီးမှု လျော့နည်းစေတယ်
 
အိမ်တွင်းသဘာဝအပင်တွေ စိုက် ပျိုးထားတာကြောင့် အလုပ်မှာ၊ ကျောင်း မှာ တစ်နေ့တာလုံးပင်ပန်းလာသမျှ အိမ် ထဲရောက်တာနဲ့ ယူပစ်သလို ချက်ချင်း ပျောက်သွားစေပါတယ်။ ကိုယ်စိုက်ထား တဲ့ အပင်တွေ ရှင်သန်နေတာ၊ တဖြည်း ဖြည်းနဲ့ ကြီးထွားလာတာတွေကို မြင်ရတဲ့ အခါ သင့်မျက်နှာပေါ်မှာ အပြုံးတစ်စကို လျပ်ခနဲ ဖြတ်သန်းသွားစေပါတယ်။ အ လုပ်တွေများပြီး စိတ်ဖိစီးမှုတွေ ရှိနေရင် တောင် ရှင်သန်နေတဲ့သင့်စားပွဲပေါ်က အပင်လေးကြောင့် စိတ်ဖိစီးမှုတွေကို လျော့နည်းသွားစေပါတယ်။
 
နာလန်ထမြန်စေတယ်
 
လေ့လာမှုတွေအရ ဆေးရုံအခန်း တွင်းမှာ သစ်ပင်တွေ စိုက်ပျိုးထားတာ ကြောင့် နေကောင်းသက်သာစေပြီး နာ လန်ထ မြန်စေတယ်လို့ တွေ့ရှိခဲ့ပါတယ်။အပင်တွေစိုက်ပျိုးထားတာကြောင့် လူနာ ရဲ့စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်စေလို့ ကုသ တဲ့ဆေးဝါးတွေရဲ့အာနိသင်ကို ပိုမိုထက် မြက်စေတယ်လို့လည်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
 


နှစ်ခြိုက်စွာ အိပ်မောကျစေတယ်
 
အိပ်ခန်းအတွင်းမှာ သစ်ပင်စိုက်ပျိုး ထားတာကြောင့် ညဘက်အိပ်ရာဝင်ချိန် မှာ လျင်လျင်မြန်မြန် အိပ်ပျော်စေပြီး နှစ် ခြိုက်စွာ အိပ်မောကျစေနိုင်ပါတယ်။ အ ထူးသဖြင့် မွှေးပျံ့တဲ့ရနံ့ရှိအပွင့်ပန်းပင် မျိုးကိုစိုက်ပျိုးထားပါက စိတ်နဲ့ခန္ဓာကိုယ် ကို ပိုမိုအနားရပြီး အိပ်ပျော်စေပါတယ်။
 
အိမ်တွင်းလေထုကို သန့်စင်စေတယ်
 
အိမ်အပြင်မှာပဲ လေထုညစ်ညမ်း တာ မဟုတ်ပါဘူး။ အိမ်တွင်းမှာလည်း လေထုညစ်ညမ်းမှုတွေ ပြည့်နှက်နေပါ တယ်။ အိမ်တွင်းမှာ အပင်တွေ စိုက်ပျိုး ထားတာကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် တွေ စုပ်ယူပြီး အောက်ဆီဂျင်တွေ ထုတ် လုပ်ပေးလို့ လေထုသန့်စင်စေပါတယ်။ သစ်ခွပင်နဲ့ ဒရင်ကောက်ပင်တွေက အိမ် တွင်းလေထုသန့်စင်နိုင်ဆုံး အပင်တွေ ဖြစ်တာကြောင့် အိမ်မှာမှာ စိုက်ပျိုးသင့်တဲ့ အပင်တွေ ဖြစ်ပါတယ်။
 
စိတ်ဓာတ်ကျဆင်းတာနဲ့ စိုးရိမ်စိတ်များ တာကို လျော့နည်းစေတယ်
 
စိတ်ဓာတ်ကျဆင်းနေတဲ့အခါ၊ စိုးရိမ်စိတ်တွေ များနေတဲ့အခါမျိုးမှာ သင့်မျက်နှာပေါ်မှာ အပြုံးပန်းတွေ ပွင့် လန်းနေမှာ မဟုတ်ပါဘူး။ အဲဒီလိုဖြစ် တဲ့အခါ အိမ်တွင်းမှာ စိုက်ပျိုးထားတဲ့ အပင်တွေကို ပြုစုလိုက်တာကြောင့် စိတ် ထဲအေးချမ်းသွားစေလို့ စိတ်ဓာတ်ကျ ဆင်းတာနဲ့ စိုးရိမ်သောကတွေကို ပြေလျော့သွားစေပါတယ်။ စိုက်ပျိုးထား တဲ့အပင်က မွှေးရနံ့ရှိတဲ့ ပန်းတွေပွင့် တဲ့အခါမှာလည်း အဲဒီရနံ့ကြောင့် စိတ် ကိုကြည်လင်စေပါတယ်။
 
ကယ်လိုရီလောင်ကျွမ်းစေတယ်
 
အိမ်တွင်း သစ်ပင်စိုက်တာကြောင့် ကယ်လိုရီလောင်ကျွမ်းစေတယ်ဆိုတာ ဟုတ်ပါ့မလားလို့ သံသယဝင်နေပြီလား။ အိမ်တွင်းမှာ စိုက်ထားတဲ့သစ်ပင်က နေ ရောင်ခြည်နဲ့ ပြင်ပလေကို မရနိုင်ပါဘူး။ ဒါကြောင့် အိမ်တွင်းကအပင်ကို အိမ်အ ပြင်ထုတ်ပြီး နေရောင်ခြည်နဲ့ ထိတွေ့စေ တာ၊ ရေလောင်းတာ၊ ပေါင်းသင်တာ၊ မြေ သြဇာကျွေးတာ စတာတွေကို ပြုလုပ်ဖို့ လိုပါတယ်။ ဒီလိုတွေလုပ်တာက လေ့ ကျင့်ခန်းလုပ်သလိုမျိုး ကိုယ်လက်လှုပ် ရှားမှုရှိတာကြောင့် ကယ်လိုရီတွေ လောင် ကျွမ်းစေတာ ဖြစ်ပါတယ်။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
အိမ်မှာ တပိုင်တနိုင် သီးပင်၊စားပင်လေးတွေ စိုက်ကြမယ်
 
အိမ်တွင်းအပင်လေးတွေရဲ့ ကောင်းကျိုးများ
 
သင့်ကျန်းမာရေး ကောင်းမွန်အောင် အိမ်မှာ ဒီပန်းပင် (၆)မျိုးကို စိုက်ပါ
 
Credit By: Good Health Myanmar
Posted By : Sint Sint (ShweProperty.com)