ယနေ့ခေတ်မှာဆိုရင် တိုက်တွေ ဆောက်ပြီးရင် ဆေးရောင်လှလှလေးတွေ ခြယ်သပြင်ဆင်လာတာကို မြင်တွေ့ရပါတယ်။ ထိုနည်းလည်းကောင်းပဲ တံတားတွေမှာလည်း ဆေးသုတ်ထားတာကို မြင်ဖူးကြမှာပါ။ ဘာကြောင့် ဆေးသုတ်ကြတာလဲလို့ ကြည့်လိုက်ကြရအောင်နော်။

ဆေးသုတ်ရတဲ့ အဓိက အကြောင်းအရင်းကတော့ ရေဒဏ်၊ မိုးဒဏ်၊ နေပူဒဏ်တို့ကို ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်က မိမိတို့နေအိမ်ကို လှပတင့်တယ်အောင် အတွင်းရော အပြင်ပါ ဆေးရောင်လှလှလေးတွေ ခြယ်ကြပါတယ်။ တကယ်လို့ ဆေးမသုတ်ရင် ဘာတွေဖြစ်နိုင်သလဲ မေးစရာရှိပါတယ်။ သစ်သားအိမ်ဆိုရင်တော့ သစ်သားသဘာဝ ရေစိုရင် ပွတတ်ပြီး ပွလာတဲ့နေရာကြားမှာ ရေများခိုအောင်းတတ်ပြီးတော့ သစ်သားတွေ မြန်မြန် ဆွေးလာစေပါတယ်။ တိုက်တာအဆောက်အအုံတွေဆို အုတ်နံရံထဲ ရေစိမ့်ဝင်နိုင်ပြီး နံရံကြားတွေမှာ ရေတိုက်စားမှုကြောင့် ဘိလပ်မြေများ တဖြည်းဖြည်း တိုက်စားသွားပြီး သဲများကျန်နေတတ်ပါတယ်။ ရေစိမ့်ဝင်သွားတဲ့အခါ အထဲမှာရှိတဲ့ သံတွေက အောက်ဆီဂျင် (Oxygen) နဲ့ ဓာတ်ပြုပြီးတော့ သံချေးတက် တတ်ပါတယ်။ အဲဒီအခါမှာ တိုက်အမိုး၊ နံရံတွေ ပြိုကျပျက်စီးတတ်ပါတယ်။ နောက်တစ်ခုက တံတားတွေ၊ steel structure (သံဘောင်) တွေနဲ့ဆောက်တဲ့ အဆောက်အဦးတွေဆို ဆေးသုတ်မထားရင်တော့ သံချေးတက်လွယ်ပြီး ပျက်စီးလွယ်ပါတယ်။ 




အဆောက်အဦးအသစ်တွေကို ဆေးသုတ်ရင်တော့ လွယ်ကူလျင်မြန်သလောက် အဆောက်အဦး အဟောင်းတွေကိုတော့ အချိန်ပေးပြီးတော့ လုပ်မှရပါမယ်။ ဆေးဟောင်းတွေကို သေသေချာချာခွာရပါ့မယ်။ အဆောက်အဦးအဟောင်းမှာ ကပ်နေတဲ့ ဖုန်တွေ၊ သဲတွေ၊ ရေညှိတွေကို ပြောင်အောင်လို့တိုက်ချွတ်ပြီး သန့်ရှင်းလို့ ရပါတယ်။ သန့်ရှင်းပြီးရင်  ခြောက်သွေ့အောင် ထားပြီးမှ သေသေချာချာလေး ဆေးပြန်သုတ်ရပါ့မယ်။ဆေးသုတ်တဲ့အခါမှာ အရင်ဆုံး 
ပတ်တီး (Putty) ကိုင်ပါ။
ကော်ပတ်စားပါ။
ခံဆေးတစ်ထပ်သုတ်ပါ။
Sealer တစ်ထပ်သုတ်ပါ။

နောက်ဆုံးအဆင့် final အနေနဲ့ အချောဆေးကိုတစ်ထပ် သို့ နှစ်ထပ်သုတ်ပေးရပါမယ်။
ဆေးတစ်ထပ်သုတ်ပြီးတိုင်း ခြောက်အောင်စောင့်ပြီးမှ နောက်တစ်ထပ်သုတ်ပါ။
အခုဆိုရင် အိမ်တွေ၊ တိုက်တွေ၊ တံတားတွေ ဘာလို့ဆေးသုတ်ရတာလဲနဲ့ ဆေးသုတ်ပုံ အဆင့်ဆင့်ကို သိရှိလောက်ပြီလို့ယူဆပါတယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

သန့်ရှင်းဖို့လိုကို လိုအပ်တဲ့ အိမ်တွင်းပစ္စည်း(၆)မျိုး

မီးဖိုချောင်သုံးပစ္စည်းမှာ စွဲကျန်တဲ့အနံ့ကို ဘယ်လိုဖျောက်မလဲ

အံအားသင့်စရာကောင်းတဲ့ အိမ်တွင်း သန့်ရှင်းရေးနည်းများ

အိမ်မှာစိုက်ထားလိုက်ရုံနဲ့ ခြင်၊ ယင်၊ ပိုးဟပ်တွေ လုံးဝမလာတော့မယ့် အပင်


Credit By: မြန်မာပြည် ဆေးသုတ်လုပ်ငန်း
Posted By : Chan Myae (ShweProperty.com)